Harry Potter and the Chamber of Secrets

Harry Potter and the Chamber of Secrets

Download Burmese Subtitle

Release info

Harry Potter and the Chamber of Secrets
A Commentary by maung-myo
source: iflix (zawgyi)

Tags

other
Published on: 2019-03-08
Downloads: 207
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

မင်းကိုလွှတ်ပေးလို့မရဘူး ဟတ်ဒ်ဝစ်ဂ်

ကျောင်းအပြင်မှာ ငါ မှော်ပညာသုံးလို့မရဘူး

- ပြီးတော့ အန်ကယ်ဗာနွန်သာ.. - ဟယ်ရီပေါ်တာ

လုပ်ချလိုက်ပြီပေါ့

သူ အထဲမှာရှိတယ်..ဗာနွန်ရေ

မင်းကို သတိပေးလိုက်မယ်

မင်းရဲ့ငှက်စုတ်ကို မထိန်းနိုင်ဘူးဆိုရင် ငါ အပြင်ကိုလွှတ်ပစ်မယ်

သူပျင်းနေလို့ပါ

သူ့ကိုသာ ၁ နာရီ ၂ နာရီလောက် အပြင်ထွက်ခွင့်ပေးမယ်ဆိုရင်

သူငြိမ်သွားမှာပါ

အဲဒါဆို မင်းရဲ့သူငယ်ချင်းတွေကို လျှို့ဝှက်စာပို့လို့ရသွားမှာပေါ့

ဒါမျိုးဘယ်ရမလဲ

ကျွန်တော့်သူငယ်ချင်းတွေဆီက ဘာစာမှတောင် မရသေးပါဘူး

တစ်စောင်မှမရသေးဘူး

တစ်နွေလုံးပဲ

မင်းနဲ့ ဘယ်သူကများ သူငယ်ချင်းလုပ်ချင်မှာလဲ

မင်း ဒီထက်ပိုပြီး ကျေးဇူးသိသင့်တယ်

မင်း ကလေးဘ၀ကတည်းက ငါတို့ကျွေးမွေးစောင့်ရှောက်လာခဲ့တာ

ဒါ့တ်ဒလီရဲ့ဒုတိယအိပ်ခန်းကိုတောင် မင်းကိုပေးအိပ်ခဲ့တယ်

ငါတို့မှာ စိတ်နှလုံးကောင်းရှိလို့ပဲပေါ့

မစားနဲ့ဦး သားလေး မေဆင်တို့လာတော့မှ စားရမှာ

ခဏနေရောက်လာကြတော့မယ်

ငါတို့ရဲ့အစီအစဉ်ကို တစ်ခေါက်လောက် ပြန်ပြောကြည့်ရအောင်

ပတူးနီးယား..မေဆင်တို့ရောက်လာတဲ့အခါ မင်းက..

ဧည့်ခန်းထဲကနေ သိမ်သိမ်မွေ့မွေ့ ဧည့်ဝတ်ကြိုနေမှာပေါ့

ကောင်းတယ် ဒါ့တ်ဒလီကကော

ကျွန်တော်က တံခါးဖွင့်ပေးဖို့ စောင့်နေမယ်

သိပ်ကောင်းတယ်

မင်းကကော

ကျွန်တော်က အခန်းထဲမှာပဲနေပြီးတော့

ကျွန်တော်မရှိသလိုမျိုး ဘာအသံမှမထွက်အောင်နေမယ်

သိပ်ဟုတ်တာပေါ့

ကံကောင်းရင် ဒီနေ့က

ငါ့အလုပ်သက်တမ်းတစ်လျှောက်

အကြီးမားဆုံး အပေးအယူတစ်ခု လုပ်နိုင်တဲ့နေ့ဖြစ်သွားနိုင်တယ်

မင်း ဖျက်လိုဖျက်ဆီးလုပ်လို့ မဖြစ်ဘူး

ဟယ်ရီပေါ်တာ

ဂုဏ်ယူစရာပါပဲ

- မင်းက ဘယ်သူလဲ - ဒေါ့ဘီပါ

ဒေါ့ဘီက အိမ်မွေးမှင်စာလေးပါ

ယဉ်ကျေးမှုမရှိတာတော့ မဟုတ်ပါဘူး

ဒီအချိန်က ငါ့အိပ်ခန်းထဲကို အိမ်မွေးမှင်စာလာဖို့

သင့်တော်တဲ့အချိန်မဟုတ်ဘူး

ဟုတ်ကဲ့ပါ ဒေါ့ဘီနားလည်ပါတယ်

ဒေါ့ဘီက လာပြောတာပါ..

ပြောရမှာခက်ခဲပါတယ်

ဒေါ့ဘီ ဘယ်ကစပြောရမှန်းတောင် မသိတော့ဘူး

ထိုင်ပြီးတော့ ပြောပါလား

ထိုင်ရမယ် ထိုင်ရမယ်ဟုတ်လား

ဒေါ့ဘီ..ငါတောင်းပန်ပါတယ်

မင်းကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာမဟုတ်ပါဘူး

ဒေါ့ဘီကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိတယ်တဲ့လား

ဒေါ့ဘီ ဆရာ့ရဲ့ကြီးမြတ်မှုတွေကို ကြားဖူးနားဝရှိပါတယ်

ဒါပေမဲ့ မှော်ဆရာတစ်ယောက်က ထိုင်ပါလို့ တန်းတူညီမျှပြောတာကို

တစ်ခါမှမကြားခဲ့ဖူးပါဘူး

မင်းက သဘောကောင်းတဲ့ မှော်ဆရာတွေနဲ့ မတွေ့ဖူးဘူးထင်တယ်

မတွေ့ဖူးပါဘူး

ဒီလိုမပြောသင့်ဘူး

- မကောင်းတဲ့ဒေါ့ဘီ ဆိုးတဲ့ဒေါ့ဘီ - တော်တော့..ဒေါ့ဘီ..ဒေါ့ဘီ

ဒေါ့ဘီ..တော်ပါတော့

စိတ်မရှိပါနဲ့ ကြောင်ပါ

- မကောင်းတဲ့ဒေါ့ဘီ - တော်ပါတော့ ဒေါ့ဘီ..တိတ်တိတ်လေးနေ

ရရဲ့လား

ဒေါ့ဘီ သူ့ကိုယ်သူအပြစ်ပေးရမှာမို့လို့ပါ

ဒေါ့ဘီက သူ့မိသားစုကို မကောင်းပြောမိတော့မလို ဖြစ်သွားတယ်

မင်းမိသားစု ဟုတ်လား

ဒေါ့ဘီအလုပ်အကျွေးပြုရတဲ့ မှော်မိသားစုပေါ့

ဒေါ့ဘီက မိသားစုတစ်စုတည်းကိုပဲ တစ်သက်လုံး အလုပ်အကျွေးပြုရမှာ

သူတို့သာ ဒေါ့ဘီ ဒီရောက်နေမှန်းသိရင်..

ဒါပေမဲ့ ဒေါ့ဘီလာရမှာပဲ

ဒေါ့ဘီ ဟယ်ရီပေါ်တာ့ကို ကာကွယ်ရမယ်

သတိပေးရမယ်

ဟော့ဂ်ဝတ်စ်မှော်ပညာသင်ကျောင်းကို ဟယ်ရီပေါ်တာ ဒီနှစ်သွားတက်လို့မဖြစ်ပါဘူး

အကြံအစည်တစ်ခုရှိတယ်

အဆိုးရွားဆုံးကိစ္စတွေဖြစ်အောင်လုပ်မယ့် အကြံအစည်ပေါ့

အဆိုးရွားဆုံးကိစ္စတွေဆိုတာ ဘာလဲ

ဘယ်သူက ကြံစည်တာလဲ

ပြောလို့မဖြစ်ဘူး

- ငါနားလည်ပါတယ် မင်းပြောလို့မရဘူး - မပြောခိုင်းပါနဲ့..

ဒေါ့ဘီ

- ဒေါ့ဘီ..မီးအိမ်ကိုအောက်ချလိုက် - ဆိုးတဲ့ဒေါ့ဘီ

နံပါတ် ၉ ကျင်းကို ရောက်တဲ့အခါမှာ..

ငါ့ကို မီးအိမ်ပေး

ဒေါ့ဘီလွှတ်လိုက်

- လွှတ် - အထဲဝင်ပြီး တိတ်တိတ်နေ

အပေါ်မှာ မင်းဘာတွေလုပ်နေတာလဲ

ကျွန်တော်..

ငါပြောနေတဲ့ ဂျပန်ဂေါက်ရိုက်သမားဟာသကို မင်းဖျက်ဆီးပစ်လိုက်ပြီ

တောင်းပန်ပါတယ်

အသံတစ်သံထပ်ထွက်တာနဲ့ မင်းသေပြီလို့သာမှတ်လိုက်တော့ ကောင်လေး

တံခါးကို ကျပ်အောင်ပိတ်ထား

ဟုတ်ကဲ့ပါ

ငါဘာလို့ ကျောင်းပြန်တက်ချင်လဲ တွေ့ပြီလား

ဒီနေရာက ငါနဲ့မသက်ဆိုင်ဘူး

မင်းတို့ရဲ့မှော်လောကက ဟော့ဂ်ဝတ်စ်ကျောင်းနဲ့ပဲ သက်ဆိုင်တာ

အဲဒီနေရာမှာပဲ ငါ့သူငယ်ချင်းတွေရှိတာလေ

ဟယ်ရီပေါ်တာ့ကို စာတောင်မရေးတဲ့ သူငယ်ချင်းတွေလား

သူတို့က..

နေပါဦး

ငါ့သူငယ်ချင်းတွေ စာမရေးတာကို မင်းက ဘယ်လိုလုပ်သိလဲ

ဟယ်ရီပေါ်တာ ဒေါ့ဘီကို ဒေါသမထွက်ပါနဲ့

သူငယ်ချင်းတွေက သူ့ကိုမေ့သွားပြီလို့ ဟယ်ရီပေါ်တာထင်ရင်

ကျောင်းကို ပြန်မသွားချင်လောက်ဘူးလို့ ဒေါ့ဘီထင်လို့ပါ

စာတွေ အခုချက်ချင်းပေး

မပေးဘူး

ဒေါ့ဘီ..ပြန်လာခဲ့

ဒေါ့ဘီ

မလုပ်ပါနဲ့

ဟယ်ရီပေါ်တာ ကျောင်းပြန်မတက်ဘူးလို့ ပြောရမယ်

မပြောနိုင်ဘူး ဟော့ဂ်ဝတ်စ်က ငါ့ရဲ့အိမ်ပဲ

ဒါဆိုရင်တော့ ဒေါ့ဘီလုပ်ရလိမ့်မယ်

ဟယ်ရီပေါ်တာ ကောင်းဖို့အတွက်ပါ

အဆောက်အအုံရဲ့ကြမ်းပြင်တစ်ခုလုံး မျက်စိတစ်ဆုံးပဲ ရေတွေဖွေးသွားတာ

ပိုက်ပြင်သမားတစ်ယောက်က ပြောလိုက်တယ် ရေတွေကိုကြည့်ပါဦး

ဒုတိယပိုက်ပြင်သမားကလည်း ပြောတယ် ဟုတ်တယ် အသိသာကြီးပဲလေ

အနူးအညွတ် တောင်းပန်ပါတယ်ဗျာ

သူက ကျွန်တော့်တူလေးပါ အရမ်းကို အနှောင့်အယှက်ပေးတတ်တယ်

လူစိမ်းနဲ့တွေ့ရင် စိတ်ဖောက်တော့တာပဲ အဲဒါကြောင့်လည်း သူ့ကိုအပေါ်မှာထားတာ

မင်း ဟိုကျောင်းကို ဘယ်တော့မှပြန်သွားလို့ မရတော့ဘူး

မင်းရဲ့ မူမမှန်တဲ့သူငယ်ချင်းတွေနဲ့လည်း ဘယ်တော့မှမတွေ့ရတော့ဘူး

ဘယ်တော့မှမတွေ့ရတော့ဘူး

ဟိုင်း ဟယ်ရီ

ရွန်

ဖရတ်ဒ်..ဂျော့ဂ်ျ

အားလုံး ဒီကိုဘာလာလုပ်တာလဲ

မင်းကိုလာကယ်တာပေါ့

လုပ်လေ အထုပ်အပိုးပြင်တော့

နောက်ဆုတ်နေရင်ကောင်းမယ်

မောင်းတော့

- ဘာဖြစ်တာလဲ - ဘာသံလဲ

ပေါ်တာ

အဖေ..ဘာတွေဖြစ်နေတာလဲ

မောင်း မောင်း မောင်း

အဖေ..မြန်မြန်လုပ်

- လုပ်ပါဟ - လုပ်စမ်းပါ ဟယ်ရီ..မြန်မြန်လုပ်

ပတူးနီးယား..သူလွတ်သွားပြီ

- မင်းကိုဆွဲထားလိုက်ပြီ ဟယ်ရီ - လာခဲ့စမ်း

- ကျွန်တော့်ကိုလွှတ် - မလွှတ်ဘူး

မင်းနဲ့မင်းရဲ့ငှက်စုတ် ဘယ်မှမသွားရဘူး

- ထွက်တော့ - မောင်း

- မောင်းမယ် - မောင်း

မဖြစ်ဘူး မဖြစ်ဘူး

အဖေ

စကားမစပ် ဟယ်ရီ မွေးနေ့မှာပျော်ရွှင်ပါစေ

လာ

ဝင်လာခဲ့

ဝင်ခဲ့

ပေါင်မုန့်နည်းနည်းစားလို့ ရမယ်ထင်လား

အင်း..အမေသိမှာမဟုတ်ဘူး

သိပ်အကောင်းကြီးမဟုတ်ပေမဲ့ အိမ်လို့ပြောလို့ရတယ်

ငါတော့ အရမ်းကောင်းတယ်လို့ထင်တယ်

နင်တို့ ဘယ်သွားနေကြတာလဲ

ဟယ်ရီ..တွေ့ရတာ အရမ်းဝမ်းသာပါတယ်

အိပ်ရာထဲမှာ လူတွေမရှိတော့ဘူး

စာလည်းမရေးခဲ့ဘူး

ကားပါပျောက်သွားတယ်

နင်တို့သေသွားနိုင်တယ် နင်တို့ကို မြင်သွားနိုင်တယ်

မင်းကိုတော့ အပြစ်မပြောပါဘူး ဟယ်ရီ

သူတို့က ဟယ်ရီ့ကိုအငတ်ထားတာ အမေရဲ့

ပြတင်းပေါက်မှာလည်း သံတန်းတွေ တပ်ထားတယ်

နင့်ပြတင်းပေါက်မှာ သံတန်းမတပ်ဖို့ပဲ ဆုတောင်းထားလိုက် ရွန်နယ်ဝီစလေ

လာ ဟယ်ရီ မနက်စာစားရမယ့်အချိန် ရောက်ပြီ

ဒီမှာ ဟယ်ရီ..စားနော်

ဟုတ်ပြီ

ရော့

- အမေ..ကျွန်မအင်္ကျီတွေ့မိသေးလား - တွေ့တယ်လေ ကြောင်ပေါ်မှာ

မင်္ဂလာပါ

- ငါ ဘာလုပ်လိုက်လို့လဲ - သူက ဂျင်နီလေ

တစ်နွေလုံး မင်းအကြောင်းပဲ သူပြောနေတာ

နည်းနည်းတော့ စိတ်ရှုပ်ဖို့ကောင်းတယ်

- မောနင်း ၀ီစလေတို့ - မောနင်းပါ အဖေ

တော်တော်ဆိုးတဲ့ည ၉ ကြိမ်တောင် စစ်ဆေးရေးဝင်လိုက်ရတယ်

စစ်ဆေးရေးဝင်တယ် ဟုတ်လား

အဖေက မှော်ဝန်ကြီးဌာနမှာလုပ်တာလေ

မတ်ဂယ်လ်ပစ္စည်း အလွဲသုံးစားလုပ်မှု တိုက်ဖျက်ရေးဌာနကပေါ့

အဖေက မတ်ဂယ်လ်တွေကို သဘောကျတယ်

သူတို့က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်တယ်လေ

ကဲ

မင်းက ဘယ်သူလဲ

တောင်းပန်ပါတယ်ခင်ဗျ ကျွန်တော်က ဟယ်ရီပါ..ဟယ်ရီပေါ်တာ

အလိုလေး

တကယ်လား

ရွန်က မင်းအကြောင်းတွေ အကုန်ပြောပြထားတာ

သူဘယ်တုန်းက ဒီကိုရောက်တာလဲ

ဒီနေ့မနက် ရောက်လာတာ

မနေ့ညကပေါ့ ရှင့်သားတွေလေ

မှော်ကားပျံနဲ့ ဆာရေးအထိသွားပြီး ပြန်လာကြတာ

တကယ်လား

ဘယ်လိုနေလဲ

ငါပြောချင်တာက..

အဲဒါကမှားယွင်းတဲ့လုပ်ရပ်ပဲ ကောင်လေးတွေ အရမ်းကိုမှားတယ်

ကဲ ဟယ်ရီ..မတ်ဂယ်လ်တွေအကြောင်း မင်းအကုန်သိမှာပေါ့

ရော်ဘာဘဲရုပ်ရဲ့လုပ်ဆောင်မှုက ဘာလဲဆိုတာ ပြောပြပါလား

အဲရော် စာသယ်လာတာထင်တယ်

သွားကောက်ပေးပါလား ပါစီရယ်

- အဲရော် - အမြဲဝင်တိုက်နေတာပဲ

ကျွန်တော်တို့ရဲ့ဟော့ဂ်ဝတ်စ်စာတွေပဲ

ဟယ်ရီ့စာကိုလည်း ပို့လိုက်တယ်

မင်း ဒီရောက်နေတယ်ဆိုတာ ဒမ်ဘယ်လ်ဒေါသိတဲ့ပုံပဲ ဟယ်ရီ

- သူမသိတာကိုမရှိဘူး - ဒုက္ခပါပဲ

More Burmese subtitles for Harry Potter and the Chamber of Secrets

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left