The first 200 lines.
နှစ်ပေါင်း ၄ ထောင်လောက်
လက်ဘနွန်နိုင်ငံမှာ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ခဲ့ကြတယ်
လူဆိုးနဲ့လူကောင်းရယ်လို့ ဒီမှာမရှိပါဘူး
ဒီမှာက ဂျူးတွေ အစ္စလာမ်တွေ ခရစ်ယာန်တွေ
အတူယှဉ်တွဲနေကြတယ် ရှုပ်ထွေးပါတယ်
နိုင်ငံခြားရေးရာဝန်ကြီးဌာနအတွက် စိန်ခေါ်မှုပေါ့ဗျာ
ကြည့်ရတာ ငါ့မေးခွန်းအတွက် လိုတိုရှင်းအဖြေမရှိဘူးနဲ့ တူတယ်
မေဆင်က သံတမန်ဗျူဟာ သုံးနေတာပါ လွှတ်တော်အမတ်ကြီး
ဟုတ်ကဲ့
သူဒီမှာနေတာကြာပြီ လိုအပ်ရင် တစ်မိနစ်အတွင်း ဒီနေရာအကြောင်း
သူရှင်းပြနိုင်ပါတယ်
လိုတိုရှင်းအဖြေရှိရင် ဖြေပေးပါ မစ္စတာစကိုင်းလ်
အကျဉ်းချုံးလေးပြောပြပါ
ကောင်းပြီ အကျဉ်းချုံးတော့ ဟုတ်မလား မသိဘူး
လူတွေကိုကျွန်တော်ပြောတတ်တယ် လက်ဘနွန်ကို နားလည်ချင်ရင်
အဆောင်မှူးမရှိတဲ့ ဘော်ဒါဆောင်တစ်ခုကို မြင်ယောင်ကြည့်ပါ
ဟုတ်ပြီနော်
ပြီးတော့ အဆောင်နေတဲ့လူတွေမှာ တူတာဆိုလို့ သစ္စာဖောက်တတ်တာပဲရှိတယ်
ဒီတော့ ဒီလူတွေ ရာစုနှစ်ပေါင်း ၂ဝ လောက်
အတူတူ ယှဉ်တွဲနေထိုင်ခဲ့ကြတယ်
နှစ် ၂ ထောင်လောက် လက်စားချေတာတွေ ရန်စတွေ ကလဲ့စားတွေ သတ်ဖြတ်မှုတွေပေါ့
တစ်ညတော့ မုန်တိုင်းတိုက်တယ်
မိုးတွေအရမ်းရွာနေတုန်း တံခါးခေါက်သံကြားတယ်
ဘယ်သူလဲ ပါလက်စတိုင်းသားတွေပါ
သူတို့အထဲဝင်ချင်တယ် လျှောက်သွားနေတာကြာပြီ ဘယ်သူမှ လက်မခံကြဘူး
အေးပြီးပင်ပန်းနေတယ် အခုချက်ချင်း အထဲဝင်ချင်တယ်
အဲဒါနဲ့ အိမ်ထဲမှာ ပွက်လောရိုက်သွားတယ်
အဆောင်သားတွေ ငြင်းခုန်ကြတယ် တချို့က ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်
တချို့ကထင်တယ် ပေးဝင်လိုက်ပါ မနက်ကျရင်ပြန်သွားမှာပါပေါ့
တချို့ကျတော့ သူတို့ကိုပေးဝင်လိုက်ရင်
ဟိုဘက်အခန်းက ငါ့ရန်သူကိုချဖို့ မဟာမိတ်ရမယ်လို့ တွေးတယ်
တချို့က တံခါးမဖွင့်ပေးရင် ဘာဖြစ်မလဲဆိုတာကို ကြောက်နေကြတယ်
ဒီတော့ ပါလက်စတိုင်းတွေ ဝင်လာပြီးမှ
အဆောင်ထဲကလူတွေက အခြေအနေဆိုးကို သဘောပေါက်ကြတာပါ
ပါလက်စတိုင်းတွေက သူတို့ဘေးက အစ္စရေးလ်အိမ်ကို
မီးရှို့ပစ်ချင်နေကြတာကိုပေါ့
ဘေရွတ်မြို့မှ ကြိုဆိုပါတယ်
သူတော်တယ်လို့ ကျွန်တော်မပြောဘူးလား
- အမှန်ပဲ - အဲဒီလိုပါ
မစ္စတာစကိုင်းလ်
ဘယ်လိုလဲ
- ကောင်းပါတယ် - အဆင်ပြေလား
မင်းတို့အရမ်းလှနေတယ်နော်
မေဆင်စကိုင်းလ်ပါ မင်္ဂလာပါ
မဆုံဖူးဘူးနော် မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ်
ဒီအချိန် အပေးအယူမလုပ်သင့်တဲ့သူကို ကျွန်တော်တို့သိပါတယ်
ဗီယက်နမ်ကို သင်ခန်းစာယူရမယ် ကျွန်တော်တို့ သမ္မတကြီးမှာလည်း
သူလုပ်ရမယ့် ပြည်တွင်းကိစ္စတွေရှိမယ်လို့ ထင်ပါတယ်
ဒါပေမဲ့ ရေရှည်ဝင်ပါမယ့်သဘောမျိုးကို လုံးဝမပြသင့်ဘူးလို့
ကျွန်တော်ထင်ပါတယ်
- ဘယ်ကလဲခင်ဗျ - ဝါရှင်တန် ဒီစီကပါ
ဝါရှင်တန်ဒီစီလား ကောင်းတာပေါ့ ကြိုဆိုပါတယ်
- သိပ်ကောင်းတဲ့ပါတီပါ - ကျေးဇူးတင်ပါတယ်
ယေဘုယျပြောရင် လက်ဘနွန်နိုင်ငံ အထူးသဖြင့် ဘေရွတ်မြို့မှာ
ကိုယ်ကျိုးစီးပွားရှာတဲ့သူတွေ များနေပါပြီ
သူတို့လို မလုပ်ချင်တော့ဘူး
အားလုံး ကိုယ့်နေရာနဲ့ကိုယ် မျှမျှတတနဲ့
တည်ငြိမ်တဲ့ဒေသတွင်းစီးပွားရေးတစ်ခု
ဖြစ်လာအောင် သေချာစောင့်ကြည့်ဖို့ပါပဲ ကျွန်တော့်အထင်ပေါ့
ဒီကိစ္စကို လွှတ်တော်အမတ်ကြီးက ပိုပြောနိုင်မယ် ထင်ပါတယ်
ကာရင်းမ် ဒါ ငါတို့မိတ်ဆွေတွေပါ
အန်းဂက်စ်နဲ့ဂျိုအန်နာပါ ယူကေကပါ
ကာရင်းမ်က အားလုံးရဲ့စားရေးသောက်ရေးကို တာဝန်ယူနေတာပါ
- တော်တယ် - ကျေးဇူးတင်ပါတယ်
သူ့အသက်ဘယ်လောက်လဲ အရမ်းငယ်သေးသလိုပဲ
အသက် ၁၃ နှစ်လောက်ပါ ဘေရွတ်အနောက်ပိုင်း ပါလက်စတိုင်းဒုက္ခသည်စခန်းတစ်ခုကပါ
အခု ကျွန်တော်တို့နဲ့နေပြီး
မိသားစုဝင်လိုဖြစ်လာပါပြီ သိပ်ကောင်းပါတယ်
- ကျွန်တော့်အမျိုးသမီး နာဒီယာပါ - ဝမ်းသာပါတယ်
လွှတ်တော်အမတ်ကို မင်းသိမှာပါ
ဘေရွတ်မှာ ပျော်ရဲ့လား
ပြောရရင် ကျွန်တော်တို့ တော်တော်ပျော်နေပါတယ်
အချောအလှတွေရှိတဲ့ သာယာတဲ့နေရာလေးပါ
- အင်း - ဟုတ်ပါတယ်
အထူးသဖြင့် အလှဆုံးတစ်ယောက်ရှိတယ်
အရှေ့အလယ်ပိုင်းက သံတမန်တစ်ယောက်အနေနဲ့
ဆုံးဖြတ်ချက်ပြတ်သားရတယ်
ဒီလိုလုပ်တာကြာလေ ပိုတော်လာလေပါပဲ
လူတွေနဲ့ အပေးအယူလုပ်တော့မယ်ဆိုရင်
အရေးအကြီးဆုံးက စကားဆက်ပြောနေဖို့ပဲ
စကားပြောတာရပ်တာနဲ့ တိုက်ပွဲစပါပြီ
သံတမန်ရှုထောင့်ကနေဝင်ပြီး
ပါဝင်ပတ်သက်တဲ့သူတိုင်းကို ရှင်းပြရတယ်
ကျွန်တော်တို့လုပ်ရမှာကဒါပါ
စစ်တုရင်ခုံပေါ်က အရုပ်တွေက ဒါတွေပါ
လာပေးတာကျေးဇူးတင်ပါတယ် ဒီမှာခဏနေဦးနော်
လူတစ်ယောက်ကိုသွားနှုတ်ဆက်မလို့ပါ ကျေးဇူးတင်ပါတယ် တွေ့ရတာဝမ်းသာပါတယ်
အဲလစ် အဲလစ် တစ်ယောက်တည်းလား
လွှတ်တော်အမတ်ကို စည်းရုံးထားတယ်ဆို
အဲဒါမျိုး စိတ်ဝင်စားတာ ရှင်သိပါတယ်
ကားလ်ဘယ်မှာလဲ တစ်ယောက်တည်းမနိုင်တော့ဘူး
သူလာမှာပါ ရုံးမှာကိစ္စရှိလို့တဲ့
အားလုံးကောင်းကောင်းနေကြလား
စောသေးတယ်
လာပါ သောက်စရာယူပေးမယ်
- ဗိုက်ဆာလား - အရမ်းဆာနေပြီ
မြန်မြန်လုပ်ကြပါ
ညစာအချိန်ကျပြီ
အခြေအနေဘယ်လိုလဲ
ကောင်းတယ် ခရစ်ယာန်တွေကတစ်ထောင့်မှာ အစ္စလာမ်တွေက တစ်ထောင့်မှာ
အလယ်မှာ ဂျက်ဒန်နီရယ်ပေါ့
ညစာနီးနေပြီ အားလုံးရောက်ပြီလား
ကားလ်နောက်ကျနေတယ် သူမပါဘဲ စလိုက်ဖို့ အဲလစ်ပြောတယ်
ဘယ်လိုလဲ အချစ်လေး
နောက်ဘဝကိုမေးတာလား
နောက်ဘဝကျရင် လက်သမားတစ်ယောက်ကိုလက်ထပ်ပါ
ဘယ်မှာသွားပုန်းနေတာလဲ
အနောက်ကဒရိုင်ဘာတွေ အကုန်ယူစားသွားတယ်
ဒရိုင်ဘာတွေ အကုန်စားသွားတာလား
သူတို့က စားဖို့မွေးလာတာ
ဘင်ဂို
အပြည့်ဖြည့်ပြီး ပြန်သွားလိုက်ပါ
ဟဲလို ဟဲလို
- အချစ် - နေကောင်းလား
- မေဆင်ကိုတွေ့လား - ရှင့်မျက်နှာတစ်မျိုးပဲ
ဟင့်အင်း မေဆင်နဲ့ခဏစကားပြောချင်တာပါပဲ
- ဘာဖြစ်လို့လဲ - ဘာမှမဖြစ်ဘူး ဒီအတိုင်း
ဟဲလို ကာရင်းမ် ကြည့်ပါဦး
ကြည့်ကောင်းနေလိုက်တာ မဟုတ်ဘူးလား ကားလ်
ဟုတ်ပါတယ် အရမ်းကြည့်ကောင်းတယ်
ဂုဏ်ပြုစကားပြောရတော့မယ်ထင်တယ်
မင်းစာမေးပွဲဖြေနိုင်တယ်လို့ နာဒီယာပြောတယ်
သူအများကြီးကူညီပါတယ်
ဒါပေမဲ့ စာမေးပွဲဖြေတာသူမဟုတ်ဘူးလေ ဟုတ်လား
ရှင်သိပြီးပြီမဟုတ်လား ကားလ်
အင်း တော်ပါတယ် ခဏလေးနော်
မင်းကဒီမှာကိုး
ဒီလူတွေကို ငါတစ်ယောက်တည်းထိန်းရတော့မှာ ကြောက်နေတာ
- ပြောစရာရှိတယ် - မင်းသောက်ရမှာလေ
လွှတ်တော်အမတ်တစ်အုပ်နဲ့ ရောလိုက်ရင်
ဒီမိုကရေစီကို ယုံကြည်မှုမဲ့သွားရော
တကယ်ပါ ပြောစရာရှိတယ်
မေဆင် ငါတို့အတူ အများကြီးကြုံဖူးတယ်နော် ဟုတ်လား
အဲဒါတွေအားလုံးကို
ငါတို့ ကျော်ဖြတ်နိုင်ခဲ့တယ်
- ဟင့်အင်း တော်ပြီ - ကားလ် ပြောပါ
ညစာစားဖို့ စောင့်နေတဲ့လူ ၂၅ ယောက်လောက်ရှိတယ်
ငါပြောမယ် တာဝန်အရကိစ္စနဲ့ မင်းဆီ တစ်ခါမှ မလာဖူးဘူး
ငါတို့အမြဲတမ်း အပြစ်ကင်းခဲ့တယ်
ဘာတွေပြောနေတာလဲ
ကာရင်းမ်
ကာရင်းမ်ကိစ္စပါ သူတို့က သူ့ကို စစ်မေးချင်နေတယ်
- ဘယ်သူလဲ - အားလုံးပဲ
- သူ့မှာ အစ်ကိုတစ်ယောက်ရှိတယ် မင်းသိလား - ဘာလဲ ဘယ်သူမှမရှိပါဘူး
သူ
နာဒီယာ သူ့ကို ဘာလို့ခေါ်ခဲ့တယ်ထင်လဲ
ရာဖိဒ်အဘူရာဂျာပါ ၁၉၆၈ မှာ ကွဲသွားကြတာ
ကာရင်းမ်က ဘေရွတ်ကို ရောက်လာတယ်
ရာဖိဒ်က ဂျော်ဒန်ထောင်မှာ ၂ နှစ်ကျတယ်
နေပါဦး
ဘယ်အထိသွားတာလဲ
မြူးနစ်
သူ့အစ်ကို အိုလံပစ်ရွာအပြင်ဘက်မှာ အငှားကားတစ်စီးကို ထားသွားတယ်
လက်ဗွေရာတွေရှိတယ် မျက်မြင်သက်သေလည်းရှိတယ်
သူတို့ဒါကိုရထားတယ် မေဆင်
ဒါက ကာရင်းမ်နဲ့သူ့အစ်ကို လွန်ခဲ့တဲ့ ၆ လက ဘေရွတ်မှာပါ
သူတို့ဆိုတာ ဘယ်သူလဲ
အိမ်ရှေ့မှာ မင်းကိုစောင့်နေတဲ့ စစ်ဆင်ရေးအရာရှိတစ်ယောက်ရှိတယ်
- သူ့ကို အခုခေါ်သွားချင်တယ် - သူတို့ဆိုတာဘယ်သူလဲ မိုဆက်ဒ်လား
မေဆင် ငါကူညီနိုင်ပေမဲ့ ရှောင်လွှဲလို့မရတဲ့ကိစ္စပါ
ဒါဆို မိုဆက်ဒ်ပေါ့ အစ္စရေးလ်ကစတာနဲ့ပဲ မင်းတို့ကပါမယ်ပေါ့
တော်ပါ မင်းတို့လူတွေ အကုန်ပါတယ်
အဓိပ္ပာယ်မရှိတာ
နိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ ၂ နာရီက
မင်းရဲ့လုပ်ပိုင်ခွင့်ကို ကန့်သတ်လိုက်ပြီ
ဟုတ်ပြီလား တစ်ယောက်ယောက်ပြောလို့ ပေါက်ကြားသွားပြီ
အခုလုပ်မှဖြစ်မယ် အန္တရာယ်ရှိနေပြီ
တော်ပါ ကားလ် သူက ကာရင်းမ်ပါ
ကမ္ဘာ့လူဆိုးတစ်ယောက်ရဲ့ညီလေးကို မင်းခေါ်ထားမိတာ
သူက လွှတ်တော်အမတ်တွေကို မုန့်လိုက်ကျွေးနေတယ်
ဘယ်လိုလုပ်မလို့လဲ ဆွဲခေါ်ထုတ်သွားမှာလား
နာဒီယာက လက်ခံမယ်ထင်လား
တရားဝင်ထောက်ပံ့ဖို့ စာရွက်စာတမ်းတွေပြင်တာတောင် မကြာသေးဘူး
သူ့ကိုကျောင်းသားဗီဇာလုပ်ပေးထားတာတောင် မကြာသေးဘူး
သူက မိသားစုဝင်ဖြစ်နေပြီ ကားလ်
ငါမတတ်နိုင်တဲ့ကိစ္စပါ
အိုကေ မင်းအထက်လူကြီးကိုသွားပြောလိုက်ပါ ၅ မိနစ်အတွင်း ဆင်းလာမယ်လို့
အေး
ကာရင်းမ် ငါ့ကိုအမှန်အတိုင်းပြောပါ ဟုတ်ပြီလား
ငါ့ကိုလိမ်ရင် အမှန်အတိုင်းမပြောရင် ငါမကူညီနိုင်ဘူး
မင်းအစ်ကို
သူသေပြီလား
- သူသေပြီလား - သူနဲ့နောက်ဆုံးတွေ့တာ ဘယ်တုန်းကလဲ
သူသေပြီလား ရာဖိဒ်သေပြီလား
သူမသေသေးဘူး ဟုတ်ပြီလား
ကာရင်းမ် ငါ့မေးခွန်းကို ဖြေပေးပါ
- နောက်ဆုံးတွေ့တာ ဘယ်တုန်းကလဲ - ၆ လလောက်ရှိပြီ
ဘယ်မှာတွေ့တာလဲ
သူ ကျွန်တော့်ဆီလာတာ
ဘယ်ကိုလာတာလဲ
ကျွန်တော်လှည့်ကြည့်လိုက်တော့ သူ့ကိုတွေ့တာပဲ
လမ်းပေါ်မှာ
လမ်းပေါ်မှာလား သူဒီရောက်နေတာလား ဘေရွတ်ကို ရောက်နေတာလား
ဟင့်အင်း စပိန်မှာပါ သူအခုစပိန်မှာနေတယ်
စားသောက်ဆိုင်ဖွင့်မလို့တဲ့
ငါ့ကိုဘာလို့လိမ်ထားတာလဲ ဘာကြောင့်လဲ
ဘာလို့စိတ်တိုနေတာလဲ
အေးပါ ငါစိတ်မတိုဘူး
ငါ မင်းစိတ်မတိုဘူး ဟုတ်ပြီလား
အမှန်အတိုင်းတော့ပြောပါ ဟုတ်ပြီလား
No comments yet. Be the first to leave one.