The first 200 lines.
ကျွန်တော်တို့ရဲ့ကမ္ဘာ နွေးထွေးတယ် သက်တောင့်သက်သာရှိတယ် မိသားစုဆန်တယ်....
...ဒါပေမယ့် အပေါ်ကိုမော့ကြည့်လိုက်တော့ ကျွန်တော်တို့ အံ့သြရတယ်
စင်္ကြာဝဠာထဲက ထူးခြားတဲ့နေရာမှာများ ကျွန်တော်တို့ နေထိုင်ပါသလား
ဒါမှမဟုတ် ကျွန်တော်တို့ဟာ ကောင်းကင်ယံရဲ့ သိပ်အရေးမပါလှတဲ့အရာတွေပဲလား
စင်္ကြာဝဠာက ကြိုဆိုနေမှာလား ဒါမှမဟုတ် ကြမ်းတမ်းနေမလား
ဒီမှာ ကျွန်တော်တို့ အံ့အားသင့်ရင်း ထာဝရ မတ်တပ်ရပ်နေနိုင်ပါတယ်
ဒါမှမဟုတ် အတုမရှိစွန်းစားခရီးပေါ်မှာ ကျွန်တော်တို့ အမိမြေကို စွန့်ခွာသွားနိုင်ပါတယ်
အံ့အားသင့်စရာတွေကို စူးစမ်းရှာဖွေဖို့
ကြောက်မက်ဖွယ်ရာတွေကို ခံစားမယ်
လှပတဲ့ ကမ္ဘာသစ်တွေ
ထိခိုက်စေနိုင်တဲ့ အမှောင်အားများ
အချိန်ရဲ့ မူလအစ
ဖန်တီးရှင်ရဲ့ ခဏတာအချိန်လေး
ဒီဟာတွေကို မြင်ကြည့်ဖို့ ကျွန်တော်တို့မှာ သတ္တိရှိပါ့မလား
ဒါမှမဟုတ် ကျွန်တော်တို့ အိမ်ကိုပဲ ပြန်ပြေးလာမလား
အဖြေရှာဖို့ကတော့ နည်းလမ်းတစ်ခုပဲရှိပါတယ်
အချိန်နဲ့အာကာသဆီကို ခရီးနှင်မယ့် ကျွန်တော်တို့ရဲ့ ခရီးသွားဟာ ခြေလှမ်းတစ်လှမ်းနဲ့ပဲ စတင်ပါတယ်
အာကာသရဲ့ အနားစွန်းဟာ အပေါ်ကို မိုင် ၆ဝ ပဲရှိပါတယ်...
...အိမ်ကနေ တစ်နာရီလောက်မောင်းလိုက်ရင် ရောက်ပါပြီ
ဒီကနေအောက်ဘက်မှာ သက်ရှိတွေ ဆက်လက် လှုပ်ရှားနေကြတယ်
ကားလမ်းတွေက စိတ်မချမ်းမြေ့စရာပါပဲ စတော့ဈေးကွက်တွေ ကူးသန်းရောင်းဝယ်နေတုန်း...
...နောက်ပြီး ကြယ်တာရာခရီးကလည်း ပြနေတုန်းပါပဲ
ကျွန်တော်တို့ အိမ်ကိုပြန်လာချိန်မှာ အိမ်ကို တကယ်လို့ ပြန်လာခဲ့ရင်...
...ဒါက အတူတူပဲ ရှိနေအုံးမှာလား
ကျွန်တော်တို့ကော အတူတူဖြစ်နေအုံးမှာလား
ဒီဟာတွေအားလုံးကို ကျွန်တော်တို့ နောက်ဘက်မှာ ချန်ထားပစ်ခဲ့ဖို့ လိုအပ်လာပါပြီ
ကြီးမားတဲ့ ပင်လယ်နက်ထဲ ကျွန်တော်တို့ ခြေဖဝါးတွေကို ရှေ့သို့လှမ်းဖို့ ဖြစ်ပါတယ်
လကမ္ဘာပေါ်မှာ
ကျွန်တော်တို့မလာခင်က ဒါဇင်နဲ့ချီတဲ့ အာကာသယာဉ်မှူးတွေ ဒီနည်းအတိုင်း ရောက်လာခဲ့တာပေါ့
၁၂ ယောက်က သူတို့ဘာသာ လကမ္ဘာပေါ် လမ်းလျှောက်ခဲ့ကြတယ်
အိမ်နဲ့ မိုင်တစ်သိန်းရဲ့ ၄ ပုံ ၁ ပုံပဲ ဝေးကွာပါတယ်
အာကာယာဉ်နဲ့ဆိုရင် ၃ ရက်ခရီး
မျိုးပွားခြင်းမရှိ
ခမ်းခြောက်တယ်
ဒါက သဲကန္တရစစ်ပွဲတစ်ခုနဲ့သာ တူပါတယ်
ဒါပေမယ့် ထူးဆန်းစွာ ရင်းနှီးလှပါတယ်
အရမ်းနီးလာပြီ ကျွန်တော်တို့ အိမ်မှထွက်လာပါပြီ
နီး အမ်းစထရောင်းရဲ့ ပထမဆုံးခြေရာတွေပေါ့
သူတို့ မနေ့တစ်နေ့မှ ရောက်ခဲ့သလိုပါပဲ
သူတို့ကို ခြေရာဖျောက်ပစ်ဖို့ လေလည်းမရှိပါဘူး
သူတို့ဟာ နှစ်ပေါင်းသိန်းချီပြီး တည်ရှိနိုင်ပါတယ်
ကျွန်တော်တို့ထက်လည်း ပိုရှည်ကြာချင်ရှည်ကြာမယ်ပေါ့
ကျွန်တော်တို့ရဲ့အချိန်က အကန့်အသတ်ရှိပါတယ်
ကျွန်တော်တို့ ကြီးမားတဲ့ ခုန်ကုန်းမှုလုပ်ဖို့ လိုအပ်ပါတယ်
မိုင် ၁ သိန်း ၅ သိန်း မိုင်ပေါင်း သိန်း ၂ဝ
ကျွန်တော်တို့ဟာ လူသားတွေ ခရီးဆန့်ခဲ့ဖူးသမျှထက် ပိုဝေးဝေးဆီ ရောက်လာပါပြီ
အမှောင်ထုရဲ့အပြင်ဘက်မှာ ရင်းနှီးတဲ့ မျက်နှာတစ်ခု
အချစ်နတ်ဖုရားမ ဗီးနစ်
မိုးသောက်ကြယ်
နေဝင်ကြယ်
သူမဟာ အရှေ့ဘက်ကနေ နေ့သစ်ကို ကြိုဆိုပေးပြီး...
...အနောက်ဘက်ကနေ နှုတ်ဆက်စကားဆိုပါတယ်
ကျွန်တော်တို့ဂြိုလ်ရဲ့ ညီမ...
...သူမဟာ ကမ္ဘာဂြိုလ်နဲ့ တူညီတဲ့ဒြပ်ဆွဲအား တူညီတဲ့ အရွယ်အစား ရှိပါတယ်
ကျွန်တော်တို့ ဒီမှာ လုံခြုံနေသင့်ပါတယ်
ဒါပေမယ့် ဗီနစ်ဂြိုလ်ကိုလေ့လာတဲ့ အာကာသယာဉ်က သတိပေးချက် ပေးနေပါတယ်
ဒီတောက်ပတဲ့ တိမ်တွေဟာ ဆာလဖျူရစ် အက်စစ်နဲ့လုပ်ထားတာလို့ အာကာသယာဉ်က ကျွန်တော်တို့ကို ပြောပြနေပါတယ်
လေထုကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရောနှောနေပါတယ်
ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး ဗီးနစ်ဟာ ဒေါသထွက်နေတဲ့ နတ်ဖုရားမ တစ်ပါးပါပဲ
လေက လူတွေကို ဒုက္ခလှလှပေးနိုင်ပါတယ် ဖိအားကလည်း မတည်ငြိမ်ပါဘူး
နောက်ပြီးတော့ အပူချိန်က ၉ဝဝ ဒီဂရီလောက် ပူပြင်းနေပါတယ်
ဒီနားရောက်လာလို့ကတော့ ကျွန်တော်တို့ အသက်ရှူမွန်းကျပ် မူးလဲကျသွားမှာပါပဲ
ဒီနေရာမှာ ဘယ်အရာမှ မရှင်သန်နိုင်ပါဘူး
ဆိုဗီယက်မှ စက်ရုပ်အာကာသယာဉ်တောင်မှပေါ့
သူ့ရဲ့ခိုင်ခံ့လှတဲ့ အကာအကွယ်တောင် ပြင်းထန်တဲ့အပူချိန်ကြောင့် ပျက်စီးသွားခဲ့ပါတယ်
ကမ္ဘာကနေဆိုရင် အရမ်းလှပါတယ် အနီးကပ်ဆိုရင်တော့ နတ်ဖုရားမဟာ ကြောက်စရာပါ
သူမဟာ ငရဲဘုံရဲ့ ညီအစ်မပါပဲ
ထောင်ချီတဲ့ မီးတောင်တွေကြောင့် အက်ကြောင်းရာတွေ
အဲဒီ ကာဗွန်ဒိုင်အောက်ဆိုဒ်အားလုံးဟာ နေအပူချိန်ကြောင့် ပိတ်မိနေပါတယ်
ဗီးနစ်ဟာ လောင်ကျွမ်းနေပါတယ်
သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာပူနွေးမှုက ရိုင်းစိုင်းသွားခဲ့ပါပြီ
ဒီမတိုင်ခင် အချိန်တုန်းကတော့ ဗီးနစ်ဟာ လှပ တည်ငြိမ်နေတာ ဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်...
...သူမရဲ့ ညီမ ကမ္ဘာဂြိုလ်လိုပေါ့
ဒီတော့ ဒါက ကမ္ဘာမြေမျက်နှာပြင် ဖြစ်နိုင်ပါတယ်
မှိတ်တုတ်မှိတ်တုတ်လင်းနေတဲ့ ကြယ်တွေက ဘယ်မှာလဲ
အာကာသတလျှောက် စက်မဲ့ရွက်လွှင့်နေတဲ့ လှပတဲ့ အလုံးတွေလား
ကျွန်တော်တို့ ဒီအပြင်မှာ ရှိမနေသင့်ဘူး ကျွန်တော်တို့ ပြန်လှည့်သင့်တယ်
ဒါပေမယ့် နေမင်းနဲ့ပတ်သက်ပြီး မီဒူဆာလို အိပ်မွေ့ချတတ်တဲ့အရာ တစ်ခုခုရှိနေပါတယ်
ကြည့်ဖို့ အရမ်းကြောက်စရာ ကောင်းတယ် ခုခံဖို့ဆိုတာလည်း အရမ်းစွမ်းအား များလွန်းတယ်
ပိုးဖလံ မီးတိုးနေသလို ကျွန်တော်တို့ကို အတွင်းဘက်ဆီသို့ ဆွဲငင်ပြိုကွဲစေပါတယ်
စောင့်ပါအုံး နေအနားမှ ပုန်းကွယ်နေတဲ့ တစ်ခုခု ရှိနေပါတယ်
ဒါဟာ မာကျူရီဂြိုလ်ပဲ ဖြစ်ရမယ်
နေနဲ့ အရမ်းနီးကပ်နေမှတော့ ဘာဖြစ်မလဲ
ဒီနေရာမှာ အပူချိန်ကတော့ ပြင်းထန်နေမှာပါပဲ
ညဘက်ဆို အပူချိန်က အနုတ် ၂၇၅ ဒီဂရီ...
...နေ့လည်ဆိုရင်တော့ ဒါက အပေါင်း ၈ဝဝ
လောင်ကျွမ်းပြီးတာနဲ့ အေးခဲမယ်
မက်ဆင်ဂျာ အာကာယာဉ်က ကျွန်တော်တို့ကို ထူးဆန်းတာတစ်ခုခု ပြောပြနေပါတယ်
ဒီအရွယ်အစားအတွက် မာကျူရီဟာ ပြင်းထန်တဲ့ ဒြပ်ဆွဲငင်အားက သက်ရောက်နေပါတယ်
ပါးလွှာတဲ့ကျောက်ခဲနဲ့ဖုံးလွှမ်းထားပြီး ကြီးမားတဲ့ သံထည်ဘောလုံးကြီး တစ်ခုပါပဲ
ပင်မအူတိုင်ဟာ တခါတုန်းကတော့ ပိုကြီးတဲ့ဂြိုလ်တစ်စင်း ဖြစ်ခဲ့မှာပါ
ဒါဆို ကျန်တဲ့ဟာတွေက ဘယ်ရောက်ကုန်ပါလိမ့်
ပြင်ပ ဂြိုလ်သိမ်တစ်စင်းက မာကျူရီထဲကို တိုးဝင်တိုက်မိပြီး....
...အပြင်ဘက်အလွှာတွေကို ပင်ဘောဂိမ်းထဲကလို တိုက်စားသွားခဲ့တာလည်း ဖြစ်နိုင်ပါတယ်
စင်္ကြာဝဠာတစ်လျှောက်မှာ ဒီလို သူတို့ရဲ့လမ်းကြောင်းမှ အရာအားလုံးကို ဖျက်ဆီးပစ်တဲ့...
...အဖြစ်အပျက်တွေက နေရာအနှံ့ ဖြစ်နေခဲ့တာပါ
ကျွန်တော်တို့ကတော့ အဲဒါတွေရဲ့ အလယ်မှာပေါ့
ပစ်မှတ်ခံရနိုင်တယ် သိသာတယ် သေးငယ်တယ်
အရာအားလုံးက နောက်ပြန်လှည့်ကြည့်ဖို့ ပြောနေပါတယ်
ဒါပေမယ့် ဘယ်သူက ဒါကို အန်တုနိုင်မလဲ
အားလုံးရဲ့ အာရုံကိုဖမ်းယူနိုင်တဲ့ နေမင်းပါ
ကျွန်တော်တို့ရဲ့ အလင်းရောင် အသက်...
...ကျွန်တော်တို့ လုပ်သမျှအရာအားလုံးကို နေမင်းက ထိန်းချုပ်ထားပါတယ်
နေမင်းအပေါ်မှာ မူတည်နေပါတယ်
ဒါက ဂရိနတ်ဘုရား ဟီးလီယစ် ကောင်းကင်ကိုဖြတ်မောင်းသွားတဲ့ စစ်ရထားဖြစ်ပါတယ်
အီဂျစ်နတ်ဘုရား "ရ" ဟာနေ့တိုင်းရှင်သန်မွေးဖွားပါတယ်
နွေရာသီ နေ့တာရှည်တဲ့နေဟာ Stonehenge မှာထွက်လာခဲ့ပါတယ်
နှစ်သိန်းပေါင်းများစွာ...
...ဘုရားသခင် စတင်ခဲ့တဲ့အချိန်နဲ့ အနီးဆုံးသော အချိန်ကာလတွေပါပဲ
ဒါဟာ အရမ်းဝေးကွာလွန်းပါတယ်...
...တကယ်လို့သာ အဲဒါက လုံးဝလောင်ကျွမ်းခဲ့မယ်ဆိုရင် ၈ မိနစ်အတွင်း ကျွန်တော်တို့ သိလိုက်မှာ မဟုတ်ပါဘူး
နေက အရမ်းကြီးမားလွန်းတော့ အဲဒီထဲကို ကမ္ဘာဂြိုလ်အလုံးပေါင်း တစ်သိန်းထိ ထည့်ထားနိုင်ပါတယ်
ဒါပေမယ့် ဘယ်သူကများ နံပါတ်တွေလိုမှာလဲ ကျွန်တော်တို့ စစ်မှန်တဲ့အရာကို ရခဲ့ပြီပဲ
ကျွန်တော်တို့ နေကို နေ့တိုင်း ကောင်းကင်မှာ ရင်းရင်းနှီးနှီး တွေ့ရတာပါပဲ
အနီးကပ်ကြည့်လိုက်တော့ ခုချိန်မှာ သတိမထားမိနိုင်တဲ့အရာတွေ ဖြစ်လာပါပြီ
အလင်းပြန်ဓါတ်ငွေ့ရဲ့ ပြင်းထန်လှုပ်ရှားနေတဲ့ ပင်လယ်တစ်ခုပါ
သာမိုမီတာမှာ အပူချိန်က ၁ဝ,ဝဝဝ ဒီဂရီလို့ ပြနေမှာပါ
အူတိုင်ထဲမှာတော့ ဘယ်လောက်ထိပူပြင်းမလဲ စိတ်ကူးလို့မရနိုင်ပါဘူး ဒီဂရီ သိန်းသန်းချီပြီး ပူပြင်းနိုင်ပါတယ်
မီလီယံနဲ့ချီတဲ့အရာဝတ္ထုတွေကို တစ်စက္ကန့်အတွင်း စွမ်းအင်အဖြစ်ကူးပြောင်းပေးနိုင်လောက်အောင်...
...လုံလုံလောက်လောက် ပူးပြင်းပါတယ်
လူသားတွေ ထုတ်ခဲ့သမျှစွမ်းအင်းထက် ပိုမိုများပြားလှပါတယ်
ကမ္ဘာပေါ်မှ နူကလိယားလက်နက်အားလုံးထက်လည်း စွမ်းအား ပိုများပါတယ်
အိမ်ကိုရောက်သွားတော့ ကျွန်တော်တို့ ဒီဟာကို အလင်းရောင်နဲ့ အပူပေးဖို့ အသုံးချကြပါတယ်
ဒါပေမယ့် အနီးကပ်ထပ်ကြည့်ရင် နေမင်းနဲ့ပတ်သက်ပြီး စိတ်ကျေနပ်စရာ ဘာမှ မရှိပါဘူး
ဒါကတော့ အရည်ပျော်နေတဲ့ ဓါတ်ငွေ့အဆက်တွေကြားမှာ ပေါက်ကွဲနေတဲ့ လျှပ်စစ်သံလိုက်အားတွေ ဖြစ်ပါတယ်
အချို့ကတော့ တစ်ဒါဇင်လောက်ရှိတဲ့ကမ္ဘာထက် ပိုကြီးပါသေးတယ်
မီးတောင်ပေါင်း ၁ဝ သိန်းထက်လည်း ပိုမိုစွမ်းအားကြီးပါတယ်
သူတို့ လောင်ကျွမ်းချိန်မှာ ပိုအေးမြတဲ့အလွှာမှာ ပေါက်ကွဲမှုဖြစ်ပေါ်စေပြီး...
...နေအစက်ပြောက်များကို ဖန်တီးပေးပါတယ်
သူတို့ရဲ့ဘေးပတ်ဝန်းကျင်ထက် အနည်းငယ်ပိုအေးမြပြီး နေအစက်ပြောက်တွေဟာ မည်းနက်နေသလိုပုံစံရှိပါတယ်...
...ဒါပေမယ့် သူတို့တွေဟာ ကမ္ဘာမြေမှ ဘယ်အရာဝတ္ထုထက်မဆို ပိုမိုပူပြင်းလှပါတယ်
နောက်ပြီး ကမ္ဘာထက်လည်း အဆပေါင်း ၂ဝ ဆ ပိုကြီးမှာပါ
ဒါပေမယ့် တစ်နေ့မှာ အဲဒါတွေအားလုံး ရပ်တန့်သွားပါလိမ့်မယ်
နေမင်းရဲ့လောင်စာဟာ ကုန်ခန်းသွားပါလိမ့်မယ်
ဒီလိုသာဖြစ်မယ်ဆို ကမ္ဘာလည်း နောက်က လိုက်လာပါလိမ့်မယ်
ဒီနတ်ဘုရားက အသက်ကိုဖန်တီးပြီး ဖျက်ဆီးပစ်တယ်...
...နောက်ပြီးတော့ အဝေးကနေ ကျွန်တော်တို့ကို စောင့်ရှောက်ပေးနေပါတယ်
ဒီကြယ်တံခွန်အပိုင်းဟာ အရမ်းနီးကပ်လွန်းတယ်
နေရဲ့အပူချိန်က အဲဒါကို အဝေးဆီ ဆူပွက်စေပါတယ်...
...အမြီးတစ်ခုကို ဖန်တီးလိုက်ပြီး မိုင်ပေါင်းသိန်းချီကာ ဆွဲဆန့်စေလိုက်ပါတယ်
ဒီမှာတော့ အေးခဲနေပါတယ်
ဒီကြယ်တံခွန် ဘယ်ကလာတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး အာကာသနက်နက်ထဲမှ ရေခဲကမ္ဘာထဲကပဲပေါ့
ဒါပေမယ့် ဒီရေငွေ့အားလုံး နဂါးပွက်အိုင်နဲ့ ဖုန်တွေဟာ..
...ဒီတစ်ခါလည်း နေမင်းပါပဲ ကြယ်တံခွန်ရဲ့ အေးခဲနေတဲ့ အလယ်ဗဟိုကို အရည်ပျော်စေလိုက်ပါတယ်
ထူးဆန်းတယ်
အရမ်းကြီးမားတဲ့ အမျိုးအစားတစ်ခု ပေတေညစ်ပတ်တဲ့ နှင်းဘောလုံး
သေးငယ်တဲ့ အမှုန်တွေဟာ အော်ဂဲနစ်ဒြပ်ပေါင်းနဲ့ တူပါတယ်..
...လူတွေသိတဲ့အချိန်ကတည်းက ရေခဲထဲ ကပ်ပါလာရင်း....
...နေစင်္ကြာဝဠာရဲ့ အစောပိုင်းအချိန်ကတည်းကတောင် ဖြစ်နိုင်တာပါပဲ
ဒီလို ကြယ်တံခွန်လိုတစ်ခုက သက်တမ်းနုကမ္ဘာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ဘီလီယံအကြာကတည်းက ဝင်တိုက်မိတယ်လို့ပြောကြပါစို့
အဲဒါက အော်ဂဲနစ်ဒြပ်ပေါင်းနဲ့ ရေကို သယ်ဆောင်ပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်...
...သက်ရှိရဲ့ အကြမ်းထည် အစိတ်အပိုင်းတွေပေါ့
အဲဒါက ကမ္ဘာပေါ်မှာ သက်ရှိရဲ့အစေ့ကို မျိုးပွားပေးလိုက်တာတောင် ဖြစ်နိုင်ပါတယ်...
...ဒါက ခင်ဗျားနဲ့ ကျွန်တော်တို့ကို ဖြစ်လာစေခဲ့မယ်
ဒါပေမယ့် အဲဒါက ကမ္ဘာကို ခုချိန် ဝင်တိုက်မယ်လို့ဆိုပါစို့
ကြယ်တံခွန် ဒါမှမဟုတ် ဥက္ကာခဲတိုက်မိပြီး မျိုးပြန်းသွားတဲ့ ဒိုင်နိုဆော့တွေအကြောင်း စဉ်းစားလိုက်ပါ
ဒါကတော့ အချိန်ရဲ့ မေးခွန်းတစ်ခုမျှသာဖြစ်ပါတယ်
နောက်ဆုံးမှာ တစ်နေ့နေ့တော့ ကျွန်တော်တို့လည်း ဒိုင်နိုဆော့တွေနည်းအတိုင်း လိုက်သွားရမှာပါ
တကယ်လို့ ကမ္ဘာပေါ်မှာ သက်ရှိတွေ မျိုးသုဉ်းသွားခဲ့ရင် ကျွန်တော်တို့ ဒီမှာ သောင်တင်နေပါလိမ့်မယ်...
...သားရဲဆန်တဲ့ စင်္ကြာဝဠာထဲမှာ အိမ်ရာမဲ့ လွင့်မျော့နေပါလိမ့်မယ်
ကျွန်တော်တို့ နောက်ထပ်အိမ်တစ်ခု ရှာဖို့ လိုအပ်နေပါပြီ
သိန်းချီ ဘီလီယံချီပြီးရှိတဲ့ ဂြိုလ်တွေအနက်မှ..
...မအေးလွန်း မပူလွန်း လေထု နေရောင်ခြည်နဲ့ ရေတည်ရှိတဲ့ ဂြိုလ်တစ်ခုတော့ ရှိကိုရှိရမယ်...
...ဂိုးလ်လော့လိုနေရာမှာ ကျွန်တော်တို့ အဆင်ပြေပြေ အသက်ရှင်သန်နိုင်ပါလိမ့်မယ်
ဂြိုလ်နီကြီး
မမှားနိုင်သော အင်္ဂါဂြိုလ်
ရာစုနှစ်များစွာထိ ကျွန်တော်တို့ အင်္ဂါဂြိုလ်မှာ...
...သက်ရှိတွေတည်ရှိမယ့် လက္ခာဏာကို ကြည့်ခဲ့ကြတယ်
အဲဒီမှာ ပြင်ပသက်ရှိတွေ ရှိနိုင်လေမလား
သိပ္ပံစာအုပ်တွေကို ပြောင်းပြန်လှန်ပစ်ပြီး ကျွန်တော်တို့ရဲ့ကမ္ဘာကို အပေါ်အောက်လှန်ပစ်ဖို့...
...သမိုင်းစာအုပ်ကို ပြန်ပြင်ရေးဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီလား
နောက်ထပ်ဖြစ်လာမယ့် အရာကတော့ အရာအားလုံးကို ပြောင်းလဲနိုင်ကောင်းပါတယ်
အင်္ဂါဂြိုလ်ဟာ ကျွန်တော်တို့ စိတ်ကူးထဲမှာ အဖမ်းစားနိုင်ဆုံး ဂြိုလ်တစ်ခုပါပဲ
သိပ္ပံဇာတ်ကားတွေအကြောင်း စဉ်းစားကြည့်ပါ ဘယ်အရာတွေက နောက်ကလိုက်သလဲ
အင်္ဂါဂြိုလ်သားတဲ့လား
ဒါတွေအားလုံး စိတ်ကူးယာဉ်ဇာတ်လမ်းပါပဲ မှန်လား
ဒါပေမယ့် အဲဒီမှာ တကယ် တခုခုရှိနေတယ်ဆို ဘယ်လိုလဲ
တကယ်တော့ စိတ်ကူးကြည့်ဖို့ ခက်ခဲလှပါတယ် အနီးကပ်ကြည့်လိုက်တော့ ဒီဟာက ဂြိုလ်သေတစ်ခုပါပဲ
ကမ္ဘာလိုတူတဲ့ လှုပ်ရှားမှုဟာ ဒီနေရာမှာ လွန်ခဲ့တဲ့ နှစ်သိန်းပေါင်းများစွာကတည်းက ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်
အနီရောင်နဲ့ သေဆုံးခြင်းပါ
အင်္ဂါဂြိုလ်ဟာ ကြီးမားတဲ့ ရုပ်ကြွင်းတစ်ခုပါပဲ
စောင့်ပါအုံး တစ်ခုခုက အသက်ဝင်နေပါတယ်
ကြီးမားတဲ့ ဖုန်နတ်ဆိုးတစ်ကောင်
အိမ်က အကြီးမားဆုံး လေဆင်နှမောင်းထက် ပိုကြီးပါတယ်
ဒီမှာ လေတိုက်နေတယ်
လေတိုက်နေမှတော့ လေထုရှိနေပြီပေါ့
ဒီလေတွေက ပြင်ပသက်ရှိတွေကို အသက်ရှင်စေမှာလား
ကျွန်တော်တို့အတွက်တော့ ဒါက အသက်ရှူဖို့ အရမ်းပါးလွှာလွန်းပါတယ်
နောက်ပြီးတော့ အိုဇုန်းလွှာလည်း မရှိပါဘူး
နေရဲ့ ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးမယ့် ဘာတစ်ခုမှ မရှိပါဘူး
ရေရှိပါတယ်...
...ဒါပေမယ့် အပူချိန်က ဆက်တိုက်အေးခဲစေပါတယ်
ဒီနေရာမှာ အသက်ရှင်နေတဲ့အရာရှိတယ်ဆိုတာ ယုံကြည်ဖို့ ခက်ခဲလှပါတယ်
ကမ္ဘာဆီပြန်သွားရရင် အရမ်းပူပြင်း အေးခဲတဲ့နေရာမှာ အသက်ရှင်နိုင်တဲ့ သတ္တဝါတွေရှိပါတယ်...
...သမုဒ္ဒရာရဲ့ အနက်ဆုံးနေရာမှာတောင်မှပေါ့
အဲဒါက ဗိုင်းရပ်လို သက်ရှိတစ်ကောင် ဖြစ်ပါတယ်
အဲဒါက ဆင့်ပွား ပြန့်နှံ့ပါတယ်
ဒါက ကျွန်တော်တို့ အခုလက်ရှိလုပ်နေတဲ့အရာ ဖြစ်နိုင်ကောင်းပါတယ်...
...သက်ရှိဗိုင်းရစ်ကို စင်္ကြာဝဠာတလျှောက် သယ်ဆောင်ရင်းပေါ့
အစွန်းရောက် ပတ်ဝန်းကျင်အခြေနေမှာတောင် သက်ရှိတစ်ခုဟာ နည်းလမ်းရှာဖွေနိုင်ပါတယ်
No comments yet. Be the first to leave one.