The first 200 lines.
အာဖဂန်နစ္စတန် ကူနားရ်စီရင်စု
မင်းတို့ ငါ့ကို စစ်ခုံရုံးတင်ဖို့ ခေါ်သွားနေတယ်လို့
ခံစားရတယ် ရူးလောက်စရာပဲ
ငါ ဘာလုပ်ခဲ့လို့လဲ ငါ့ကို လမ်းဘေးဆွဲချပြီး သတ်ပစ်တော့မလားလို့
ဘာလဲ မင်းတို့ စကားပြောခွင့်မရှိဘူးပေါ့လေ ဟေ့ကောင် ဖော်ရက်စ်
- ပြောလို့ ရပါတယ် ခင်ဗျ - သိပြီ ဒါဆို ဒါက ပုဂ္ဂိုလ်ရေး ဖြစ်နေလို့လား
မဟုတ်ပါဘူး ဆရာက သူတို့ကို ခြိမ်းခြောက်နေလို့
ဘုရားရေ မိန်းမတစ်ယောက်ပါလား အဲဒီလို မခေါ်သင့်ဘူးပဲ
တောင်းပန်မလို့ပါ အဲဒါအတွက် ဒီကို လာတာပဲ မဟုတ်ဘူးလား
- မင်းကို အစက စစ်သားလို့ပဲ ထင်ထားခဲ့တာ - ကျွန်မက လေသူရဲပါ
ဒါဆို မင်းရဲ့ အရိုးဖွဲ့စည်းပုံက အရမ်း ကောင်းမှာပဲနော်
အခု မင်းကို မကြည့်မိအောင် တော်တော်ကြီး သည်းခံနေရတယ်
တစ်မျိုးဖြစ်သွားလား
ရယ်ပါ ရပါတယ် ရယ်ကြပါ
- ဆရာ တစ်ခု မေးစရာရှိလို့ - အင်း မေးပါ
မနှစ်က မက်စ်ဆင်းမ် မဂ္ဂဇင်းမျက်နှာဖုံးရှင်တွေနဲ့
တစ်လ တစ်ယောက် တွဲခဲ့တယ်ဆိုတာ အမှန်ပဲလား
သိပ်ကောင်းတဲ့ မေးခွန်းပဲ
ဟုတ်လည်း ဟုတ်တယ် မဟုတ်လည်း မဟုတ်ဘူး
မတ်လတုန်းက အချိန်မအားလွန်းလို့ မတွဲခဲ့ရဘူး
ဒါပေမဲ့ ကံကောင်းစွာနဲ့ ခရစ္စမတ်အထူးထုတ်ရဲ့
မျက်နှာဖုံးရှင်က အမြွာတွေဖြစ်နေတယ် ဘာသိချင်သေးလဲ
မင်းလက်ထောင်တာ ငါ့ကို နောက်တာပေါ့လေ
ဆရာနဲ့ ဓာတ်ပုံတွဲရိုက်ရင် အဆင်ပြေလားလို့ပါ
ရတယ် သိပ်ရတာပေါ့
ဒီပုံကို မင်းရဲ့မိုင်စပေ့ခ်ျမှာ မမြင်ချင်ဘူးနော်
လမ်းသရဲပုံစံတွေ လုပ်မနေနဲ့
မဟုတ်ဘူး လုပ်ပါ ငါ စတာ
ဟုတ်တယ် ငြိမ်းချမ်းရေးသင်္ကေတ ငြိမ်းချမ်းရေးကို မြတ်နိုးတယ်
ငါ အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်နေတာ
လုပ်ပါ နှိပ်လိုက်တော့ ဆက်တင်တွေ လိုက်ပြောင်းမနေနဲ့ ဒီအတိုင်း နှိပ်လိုက်တော့
ဘာဖြစ်တာလဲ
ဂျင်မီ.. စတာ့ခ်နဲ့ နေ
လှဲချလိုက်
သေစမ်း
- နေဦး နေဦး ငါ့ကို သေနတ်ပေး - ဒီမှာပဲ နေ
တိုနီစတာ့ခ်
လပ်စ်ဗီးဂတ်စ် လွန်ခဲ့သော ၃၆ နာရီက
အမြော်အမြင်ကြီးတယ်..ထူးချွန်တယ် အမေရိကန်မျိုးချစ်ပုဂ္ဂိုလ်
ငယ်ငယ်လေးကတည်းက
နာမည်ကြီး လက်နက်တီထွင်သူ ဟောင်းဝပ်ဒ်စတာ့ခ်ရဲ့ သားဖြစ်တော့
သူ့ရဲ့ပါရမီ တမူထူးခြားတဲ့စိတ်ကူးတို့နဲ့
ပရိသတ်အာရုံကို မြန်မြန်ဆန်ဆန် ဖမ်းစားနိုင်ခဲ့တယ်
၎ နှစ်သားအရွယ်မှာ သူ့ရဲ့ပထမဆုံး
လျှပ်စစ်ပတ်လမ်းဘုတ်ပြားကို တည်ဆောက်ခဲ့တယ်
၆ နှစ်အရွယ်မှာတော့ ပထမဆုံး အင်ဂျင်
အသက် ၁၇ နှစ်မှာတော့ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်ကနေ
အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ကျောင်းပြီးခဲ့တယ်
အဲဒီနောက် အထင်ကရပုဂ္ဂိုလ်ကြီး ကွယ်လွန်သွားခဲ့တယ်
ငယ်သူငယ်ချင်းဖြစ်တဲ့အပြင် မဟာမိတ်လည်းဖြစ်တဲ့ အိုဘာဒိုင်ယာစတိန်းဟာ
နှစ်ယောက်မရှိတဲ့ တီထွင်သူရဲ့နေရာလပ်ကို အားဖြည့်ကူညီဖို့ တက်လှမ်းလာခဲ့ပါတယ်
အပျော်အပါးမက်ပြီး အလည်လွန်နေတဲ့ သားဟာ အသက် ၂၁ အရွယ်မှာ အိမ်ပြန်လာခဲ့ပြီး
စတာ့ခ်လုပ်ငန်းရဲ့ စီအီးအိုအဖြစ် ဆက်ခံခဲ့တယ်
တိုနီရဲ့အခရာကျမှုကြောင့် သူ့အဖေရဲ့ အမွေအနှစ်ကို ကဏ္ဍသစ်တစ်ရပ်
ဖွင့်လှစ်ပေးနိုင်ခဲ့တယ် ပိုခေတ်မီတဲ့ လက်နက်တွေ ဖန်တီးနိုင်ခဲ့တယ်
ရှေ့ပြေးစက်ရုပ်တွေ ဂြိုဟ်တုစနစ်သုံးပစ်မှတ်တွေ
ဒီနေ့တော့ တိုနီစတာ့ခ်ဟာ အမေရိကရဲ့ လွတ်လပ်ခွင့်နဲ့လုံခြုံရေးကိုမြှင့်တင်ပေးပြီး
ကမ္ဘာအနှံ့မှာ
တိုင်းပြည်အတွက်စီးပွားရှာပေးခြင်းဖြင့် လက်နက်လောကရဲ့စာမျက်နှာကိုပြောင်းလဲလိုက်ပါတယ်
စတာ့ခ်လုပ်ငန်းရဲ့ ဆက်ဆံရေးအရာရှိအနေနဲ့
တကယ့်မျိုးချစ်ပုဂ္ဂိုလ်နဲ့အတူ တွဲလုပ်ခွင့်ရတာ တကယ်ဂုဏ်ယူမိပါတယ်
သူကတော့ ကျွန်တော့်သူငယ်ချင်း ကျွန်တော့်ရဲ့ ကောင်းရာညွှန်ပြသူ ဆရာပါ
ဧည့်သည်တော်အပေါင်းတို့..ဒီနှစ်ရဲ့ အပ်ပိုဂျီဆုကို မစ္စတာတိုနီစတာ့ခ်ကို
ပေးအပ်ခွင့်ရလို့ ကျွန်တော် အထူးဂုဏ်ယူမိပါတယ်
တိုနီရေ
ကျေးဇူးတင်ပါတယ် ဗိုလ်မှူး
တယ်လှတာပဲ ကျေးဇူးတင်ပါတယ်
ကျေးဇူးအများကြီး တင်ပါတယ် အံ့သြဖို့ကောင်းပါတယ်
ဒါနဲ့.. ကျွန်တော် တိုနီစတာ့ခ် မဟုတ်ပါဘူး
ဒါပေမဲ့ ကျွန်တော်သာ တိုနီဆိုရင်
ကျွန်တော် ဘယ်လောက် ဂုဏ်ယူမိမလဲ ပြီးတော့..
ဂုဏ်သိက္ခာကြီးမားတဲ့ ဆုကို လက်ခံရယူတာ ဝမ်းသာစရာကောင်းကြောင်း ပြောပြချင်ပါတယ်
တိုနီ..
တိုနီနဲ့ ပတ်သက်ပြီး အကောင်းဆုံးက..
အဆိုးဆုံးလည်း ဖြစ်နေတယ် အဲဒါ သူ အမြဲ အလုပ်လုပ်နေတာပါပဲ
လုပ်စမ်းပါ
ကိုယ်တို့ မိုးလင်းတဲ့အထိပဲ နေသင့်တယ် ထင်တယ်
မင်းကတော့ မယုံနိုင်စရာပဲ
မဟုတ်သေးပါဘူး သူတို့ မင်းကို အတင်းလာခိုင်းလို့လား
ငါ့ကို ဘယ်သူမှ ဘာမှ အတင်း မလုပ်ခိုင်းဘူး ဒါပေမဲ့ ငါ ဆုကြေညာပေးမယ်ဆို
မင်း အရမ်း ဂုဏ်ယူမိမှာလို့ပဲ ပြောတာပါ
ဒါပေါ့ အရမ်းကို ဂုဏ်ယူတာပေါ့ကွာ မင်းပေးမှာပဲလေ
သိပ်ကောင်းတာပေါ့ ဒါနဲ့ ဘယ်တော့ လုပ်ကြမှာလဲ
- နောက်တစ်လှည့် - ရော့
ပါလာတာလား အေးဆေးပေါ့ တကယ် တောင်းပန်ပါတယ်
ဟုတ်တယ် ရပါတယ်ကွာ
သြော်.. ကြည့်ချင်လို့လား ဒါ တစ်ခုခုတော့ တစ်ခုခုပဲ
အလစ်သုတ်စရာကို မလိုဘူး ဟုတ်ပြီ လုပ်ဟေ့
ကိုယ့်ကို ကူညီပေးမလား ဟုတ်ပြီ မင်းရောပဲ
ယောက်ျားတစ်ယောက်ရဲ့လက်ကိုတော့ မနမ်းဘူးကွာ
ပစ်လိုက်ပြီ ဒါ ဒုဗိုလ်မှူးကြီးရို့ဒ် အံစာပစ်လိုက်တာပဲ..
အဲဒီလို ဖြစ်သွားတယ်
အဆိုးတွေချည်း ဖြစ်နေတာပဲ ငါတို့ အဆင်ပြေမယ်လို့ ထင်ပါတယ်
- ငါ့ကို အဆိုးမြင်နေတာပဲ ဟုတ်လား - ငါ သွားပြီ
- မနက်ဖြန် နောက်မကျစေနဲ့ - အေးပါ လုံးဝနောက်မကျစေရဘူး
- ငါ အတည်ပြောနေတာ - သိပါတယ် သိပါတယ်
ဆီဇာဘုရင် ပိုင်တဲ့အရာကို ဆီဇာဘုရင်ကိုပဲ ပေးရမှာပေါ့ ရော့
မစ္စတာစတာ့ခ်..တဆိတ်လောက်ရှင့် မစ္စတာစတာ့ခ်
ခရစ္စတင်းအဲဗားဟာ့တ်ပါ ဗနက်တီဖဲ မဂ္ဂဇင်းကပါ
- မေးခွန်းနည်းနည်း မေးလို့ ရမလားရှင့် - သူက ချစ်စရာလေးပဲ
- ကြည့်ကောင်းလား - ဟိုင်း
အေး ရတယ် မေးပါ
ရှင့်ကို ဒီနေ့ခေတ်ရဲ့ဒါဗင်ချီလို့ သမုတ်ကြတယ် အဲဒါကို ဘာများပြောချင်ပါလဲ
လုံးဝ အဓိပ္ပာယ်မရှိပါဘူး လက်မခံပါဘူး
တခြားနာမည်ပြောင်တစ်ခုဖြစ်တဲ့ သေမင်းကုန်သည်ကိုကော ဘာပြောချင်ပါလဲ
အဲဒါတော့ မဆိုးဘူး မှန်းကြည့်မယ်နော် ဘာကလေကလား
တကယ်တော့ ဘရောင်းန်ကပါ
အင်း..မစ္စဘရောင်းန်
အကျည်းတန်တဲ့ လောကကြီးမှာ နေရင်းနဲ့ သိလာတာ တစ်ခုပဲ ရှိတယ်
ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ လက်နက် မလိုတော့မယ့်နေ့ ရောက်လာမယ်လို့ ပြောရဲတယ်
ကလေးဆေးရုံတည်ဆောက်ရေးကို စပြီး ဆောင်ရွက်တော့မှာ
အကြိမ်ကြိမ် လေ့ကျင့်ထားတာပေါ့လေ
အိပ်ရာမဝင်ခင် ညတိုင်း မှန်ကြည့်ပြီးတော့ပေါ့
- သိပါတယ် - မင်းကို မျက်မြင်ကိုယ်တွေ့ ပြချင်တယ်
ကျွန်မ လိုချင်တာက တကယ့် အဖြေပါ
ကောင်းပါပြီ ဒါ အတည်ပြောတာ ငါ့အဖေမှာ ဒဿနတစ်ခု ရှိတယ်
ငြိမ်းချမ်းရေးဆိုတာ ကိုယ်က ပိုကြီးတဲ့ တုတ်တစ်ချောင်းကို ကိုင်ထားခြင်းပဲတဲ့
မှတ်သားဖွယ်ရာပါပဲ တုတ်ရောင်းတဲ့ လူဆီက လာတဲ့စကားပေါ့လေ
ငါ့အဖေက နာဇီတွေကို တိုက်ထုတ်ဖို့ ကူညီခဲ့တယ်
မန်ဟက်တန်ပရောဂျက်မှာ ပါဝင်ခဲ့တယ်
ဘရောင်းန်တက္ကသိုလ်က မင်းဆရာတွေအပြင် တော်တော်များများက
သူရဲကောင်းတစ်ယောက်လို့ သမုတ်ကြမှာပဲ
စစ်ပွဲကို အကြောင်းပြုပြီး အမြတ်ထုတ်တာလို့ ပြောရင်လည်း ပြောကြမှာပဲလေ
ပြောပါဦး အဆင့်မြင့် ဆေးဘက်ဆိုင်ရာ နည်းပညာတွေအတွက်
ငါတို့ သန်းပေါင်းများစွာကူညီခဲ့တာကိုကော ကြေညာဖို့အစီအစဉ် ရှိလား
ဒါမှမဟုတ် ငါတို့ရဲ့စိုက်ပျိုးရေးသုံးပစ္စည်းတွေ သုံးပြီး အစာရေစာပြတ်လပ်တာ ကာကွယ်နေတဲ့အကြောင်းပေါ့
အဓိကအဖြေက စစ်အသုံးစရိတ်ပဲ ကောင်မလေး
ရှင့်ဘဝတစ်လျှောက် အိပ်ချိန် တစ်နာရီလောက် ဖြုန်းခဲ့ဖူးလား
မင်းနဲ့ နည်းနည်းပါးပါး ဖြုန်းဖို့တော့ ပြင်ဆင်ထားတယ်
မင်္ဂလာနံနက်ခင်းပါ ၇ နာရီ ရှိပါပြီ
မာလီဘူးရဲ့ ရာသီဥတုက တိမ်မထူထပ်ဘဲ အပူချိန် ၇၂ ဒီဂရီ ရှိနေပါတယ်
လှိုင်းအနေအထားကတော့ သာသာယာယာ ရှိပါတယ်
မနက် ၁၀ နာရီ ၅၂ မိနစ်မှာ ဒီရေမြင့်တက်ပါလိမ့်မယ်
မာလီဘူး ကယ်လီဖိုးနီးယား
တိုနီ..
တိုနီ
- သင့်အနေနဲ့ ဝင်ရောက်ခွင့် မရှိပါ - ဘုရားရေ
အဲဒါ ဂျာဗစ်လေ ဒီအိမ်ကို သူပဲ စီမံခန့်ခွဲနေတာ
ဒီမှာ ရှင့်အဝတ်အစားတွေ ယူလာတယ် အခြောက်လျှော်ပြီး မီးပူတိုက်ပေးထားပြီ
ပြီးတော့ အပြင်မှာ ကားတစ်စီး စောင့်နေတယ်
ရှင် သွားချင်တဲ့နေရာ လိုက်ပို့ပေးလိမ့်မယ်
ရှင်က နာမည်ကြီး ပက်ပါပေါ့စ် ဖြစ်ရမယ်
ဟုတ်တာပေါ့ ကျွန်မပါပဲ
ဒီတစ်လျှောက်လုံး ရှင့်ကို တိုနီ အခြောက်လျှော်ဖို့ ခေါ်ထားတာပေါ့နော်
ကျွန်မက မစ္စတာစတာ့ခ် လိုအပ်တာမှန်သမျှ အကုန်လုပ်ပေးရပါတယ်
တစ်ခါတလေ အမှိုက်ရှင်းပေးရတာ အပါအဝင်ပေါ့လေ
ဒါပဲမဟုတ်လား
ပေါက်ကွဲတဲ့ ပုံစံ ပြပါလား
အင်ဂျင်ခေါင်း ၃ ထဲက ဖိစက်က အားနည်းနေတဲ့ပုံပဲ
မှတ်ထားပြီ
- နောက်မှ ထပ်ကြိုးစားကြည့်မယ် - ငါ့သီချင်းကို မပိတ်ပါနဲ့
ကျွန်မ အသိပေးပါ့မယ်
ရှင် အခု လမ်းတစ်ဝက် ရောက်နေရမှာလေ
- သူ ဘယ်လို တုံ့ပြန်လဲ - အောင်နိုင်သူတစ်ယောက်လိုပဲ
ငါ့ကို ဒီကထွက်သွားဖို့ အတင်း တိုက်တွန်းနေသလိုပဲ
ရှင့်လေယာဉ်ခရီးစဉ်က လွန်ခဲ့တဲ့ ၁ နာရီခွဲမှာ ထွက်ဖို့စီစဉ်ထားတာ
ငါ့လေယာဉ်ဆိုတော့ ငါ့ကိုစောင့်ရမယ်လို့ ထင်ထားခဲ့တာ
ရယ်စရာပေါ့လေ
ရှင် ဒီက မထွက်သွားခင် ရှင့်ကို ပြောပြစရာတွေ ရှိတယ်
ငါ ပြောချင်တာ မင်း ရောက်မလာခင် လေယာဉ်ထွက်သွားမှတော့
ကိုယ်ပိုင်လေယာဉ် ဘာလို့ ထားတော့မှာလဲ
လယ်ရီက ဂျက်ဆင်ပေါလော့ခ်အတွက်
ဝယ်သူတစ်ယောက် ရှိနေတယ်လို့ ဖုန်းဆက်ထားတယ် လိုချင်လား မလိုချင်ဘူးလား
သူ့နွေဦးကာလရဲ့ တင်ပြပုံက ကောင်းလား
တကယ်တော့ နွေဦးက သူ နေထိုင်ပြီး အလုပ်လုပ်တဲ့
ဟမ်ပတင်အရှေ့ပိုင်းက ရပ်ကွက်မဟုတ်ဘူး ရာသီဥတုလိုမျိုး နွေဦး မဟုတ်ဘူး
ဒါ သင့်တော်တဲ့ ဥပမာတစ်ခုလို့ ထင်တယ်
မယုံနိုင်လောက်အောင် ဈေးများလွန်းတယ်လို့ ထင်တယ်
ငါ လိုတယ် ဝယ်မယ် သိမ်းထားမယ်
မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်
ဘွဲ့အခမ်းအနားမှာ မိန့်ခွန်းပြောတာ အဆင်ပြေလား
ဇွန်မှမဟုတ်လား..အဲဒီအကြောင်း တက်တက်ကြွကြွနဲ့ လာမပြောနဲ့
သူတို့က တက်ကြွနေလို့ ဒါဆို ရတယ်လို့ ပြောလိုက်တော့မယ်နော်
လေယာဉ်ပေါ်မတက်ခင် ရှင် ဒါလေး လက်မှတ်ထိုးဖို့လိုတယ်
ငါ့ကို ဖယ်ဖို့ ကြိုးစားနေတာလား ဘာလဲ အစီအစဉ် ရှိနေလို့လား
- ပြောရရင် ဟုတ်ပါတယ် - မင်းမှာ အစီအစဉ်တွေရှိနေရင် ငါ မကြိုက်ဘူး
ကျွန်မကတော့ ကျွန်မမွေးနေ့မှာ အစီအစဉ်တွေရှိနေလည်း ရတယ်
- မင်းမွေးနေ့လား - ဟုတ်တယ်
သိပါတယ် ပြီးပြီလား
အင်းပါ မထူးဆန်းပါဘူး မနှစ်ကနဲ့ တစ်နေ့တည်းပဲလေ
- ကိုယ့်ဆီက တစ်ခုခု တောင်းလေ - တောင်းပြီးပြီလေ
- ပြီးတော့.. - အဲဒါ တော်တော် ကောင်းပါတယ်
အရမ်း အရသာရှိတယ် ကျေးဇူးတင်ပါတယ် မစ္စတာစတာ့ခ်
ရပါတယ် မစ္စပေါ့စ်
တော်လိုက်တာ နောက်မှာ ပြတ်ကျန်ခဲ့ပြီ ထင်နေတာ
ဆရာလည်း ကောင်းကောင်း မောင်းခဲ့တာပဲ
- ကျွန်တော် မိုဟာ့ဗ်အနှံ့ သွားခဲ့တာပါ - သိပြီ သိပြီ
- မင်း ဘာဖြစ်နေတာလဲ - ဘာလဲ
၃ နာရီ
ဗနက်တီဖဲက သတင်းတစ်ခုကို စိတ်ဝင်စားလို့
၃ နာရီ..၃ နာရီကြာ ငါ့ကို ဒီမှာ ရပ်စောင့်ခိုင်းထားတယ်ပေါ့
အခုတော့ ငါ မင်းကို စောင့်နေပြီလေ သွားစို့ လာ
ဘီးတွေ တင်လိုက် လှိမ့်ကြစို့ဟေ့
- မင်း ဘာဖတ်နေတာလဲ - ဘာမှမဖတ်ဘူး
လုပ်စမ်းပါ စိတ်မဆိုးပါနဲ့
ငါ စိတ်မဆိုးဘူးလို့ ပြောပြီးပြီလေ စိတ်လည်း မဝင်စားဘူး ဟုတ်ပြီလား
- တောင်းပန်ပါတယ်လို့ ပြောနေတယ်လေ - မင်္ဂလာပါ မစ္စတာစတာ့ခ်
တောင်းပန်ဖို့ မလိုဘူး
သူ့ကို တောင်းပန်တယ် ပြောနေတာ ဒါပေမဲ့ သူက..
အခု ငါ စိတ်ကို မဝင်စားတာ
No comments yet. Be the first to leave one.