Brooklyn

Brooklyn

Download Burmese Subtitle

Release info

Brooklyn 2015 BR UNI
A Commentary by aungmyintoo

Tags

other
Published on: 2021-07-23
Downloads: 53
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

မစ္စကယ်လီ.. ခဏနေရင်စကားပြောလို့ရမလား

စိတ်ညစ်စရာဆိုရင်တော့ လာမပြောနဲ့

၉ နာရီ ပွဲအတွက်ပြီးပြီ ကောင်မလေးတွေ

- ရပြီ - ကျေးဇူး

- ခဏလေးနော် - တစ်ဆိတ်လောက်

ဝက်ပေါင်ခြောက်နည်းနည်းရယ် ချိစ်နည်းနည်းရယ်

မစ္စစ်ဘရေဒီ ဒီမနက် ဘာဝယ်ဦးမလဲရှင်

- ဝက်ပေါင်ခြောက် ဒါဇင်ဝက်ပေးပါ - ကောင်းပါပြီ

အေလစ်ရှ် လုပ်ပေးပါလိမ့်မယ်

- ကျမအလှည့်လေ - ဟုတ်ပါတယ်

- ပြောပါ - ဖိနပ်တိုက်ဆေးနည်းနည်းလိုချင်လို့ပါ

ဖိနပ်တိုက်ဆေးလား အဲဒါတနင်္ဂနွေနေ့ရောင်းတဲ့ပစ္စည်းမဟုတ်ဘူး

အခုစောင့်နေတဲ့လူတွေက ပိုအရေးကြီးတယ်

ညစာစားဖို့ လက်ဖက်ရည်သောက်ဖို့ လာဝယ်ကြရတာ

မနေ့က ဘာလို့သတိမရတာလဲ

ရှင့်ဖိနပ်ကလည်း မနေ့ကတည်းက တိုက်ဖို့လိုနေတဲ့ပုံပဲ

ဆောရီးပါ

မစ္စကယ်လီ

ငါမမေ့သေးပါဘူး နင်ပြောမယ့်ဟာသာပြော

ကျမ အမေရိကကို သွားမလို့

ဘယ်သူမြှောက်ပေးလိုက်ပြန်ပြီလဲ

နယူးယောက်က ဖာသာဖလက်စီစဉ်တာပါ

ရို့စ်က သူနဲ့ဂေါက်ရိုက်နေကျလေ ဖာသာက သူအကုန်အကျခံမယ်တဲ့

အလုပ်ရှာပေးထားတယ် ဗီဇာလည်း လုပ်ပေးထားတယ်တဲ့

ဒီမှာ မင်းမရှိလည်းဖြစ်နေတာပဲ

မသွားခင်ထိ တနင်္ဂနွေနေ့တိုင်း အလုပ်ဆင်းနိုင်ပါတယ်

တော်ပါပြီ ကျေးဇူးတင်ပါတယ်

- မင်းအစ်မကတော့ သနားစရာပဲ - ကျမအစ်မလား

ဒီနိုင်ငံမှာ အချိန်တန်ရင် မိဘရင်ကို ခြေစုံကန်ထွက်သွားကြတာပဲ

ဒါပေမဲ့ ရို့စ်အတွက်တော့

သူအဲဒီလိုကြုံရတော့မယ်

မင်းအမေကို တစ်သက်လုံး စောင့်ရှောက်ရတော့မယ်

ဖာသာဖလက်ဆီကို နင့်အတွက် ငါစာရေးရင်ကောင်းမယ်ထင်တယ်

ငါ့အတွက်လား ငါ့မှာအလုပ်ရှိတယ်လေ

နင်က နက်တယ်ကယ်လီ့ဆိုင်မှာ တစ်ပတ် ၂ နာရီလောက်ပဲလုပ်ရတာလေ

သူ့ကို အဲဒီလိုမခေါ်ပါနဲ့

သက်ညှာလို့ အဲဒီလိုခေါ်တာ

တကယ်လည်း စိတ်ပုပ်တဲ့ အဘွားကြီးပဲလေ

ကဲပါ သူ့အကြောင်းပြောမနေပါနဲ့တော့

ကောင်းတယ်

အမေရိကမှာ နွေရာသီဆိုအရမ်းပူပြီး ဆောင်းရာသီဆို အရမ်းအေးတယ်တဲ့

- အဝတ်အစားကိစ္စ သူဘယ်လိုလုပ်မလဲ - ဝယ်သွားမှာပေါ့ အမေရယ်

အဝတ်အစားဝယ်ဖို့ သူမှပိုက်ဆံမသုံးချင်တာ

သူ့မှာရွေးစရာမရှိဘူးလေ သူသွားမှာက

- အရမ်းလှနေပါလား နန်စီ - ကျေးဇူး

နင်က အရမ်းလှနေတော့

ဒီမြို့နဲ့တောင်မတန်ဘူး

ဘာဖြစ်လို့လဲ

ဘာဖြစ်ရမလဲ ဝက်စ်ဖို့ဒ်ကောင်တီမှာ နင်က အလှဆုံးဖြစ်နေတာကိုး

နင်ကြိုက်တဲ့ယောက်ျားကို ခေါင်းခေါက်ရွေးလို့ရတယ်

ရပ်ဂ်ဘီကလပ်က ဂျော့ဂ်ျရှယ်ရီဒန်သာ နင့်ကိုမျက်စိကျမယ်ဆို ကောင်းမှာပဲ

သူက ငါ့ကိုကြိုက်ပါ့မလား

ကြိုက်မှာပါ

နင် သူ့ကိုကြိုက်နေတာ ငါသိပါတယ် နန်စီ ပြီးတော့ သူက ရွှေမင်းသားလေးမှမဟုတ်တာ

ခေါင်းမှာဆီတွေ ရွှဲအောင်လိမ်းပြီး ဘလေဇာကုတ် အင်္ကျီတွေ ဝတ်တတ်ကြတဲ့သူတွေလေ

- သူ့မျက်လုံးတွေက လှပါတယ် - အင်း

နောက်ပြီး ဈေးထဲက လှလှပပ ပြင်ထားတဲ့ဆိုင်ထဲ သူဝင်လာလိမ့်မယ်

ဘာလို့ နင်ဂါဝန်ပြာလေး ဝတ်မလာတာလဲ

ငါ့ကို ဘာလို့အလှမပြင်လာတာလဲလို့ မေးချင်တာလား

အဝေးကိုသွားခါနီးမို့ အလှမပြင်ဖြစ်တော့တာပါ

သတိထားဦး

လာ

ငါတို့ဘက်ကို သူကြည့်တာ ၂ ခါရှိသွားပြီ

မကြည့်ပါဘူး

- ငါတို့ဘက်ကို လျှောက်လာပြီ - မဟုတ်ပါဘူး

ဂျော့ဂ်ျရှယ်ရီဒန် ဘာလုပ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ငါက ဘာလို့လိမ်ရမှာလဲ

အတူတူကကြမလား

နင့်မှာရှိတာ ဒါအကုန်ပဲလား

အို အေလစ်ရှ်ရယ်

နင့်ကို ငါသေချာ ဂရုစိုက်ပေးခဲ့သင့်တာ

ဒီအဝတ်အစားတွေ အားလုံးနီးပါးက နင်ဝယ်ပေးထားတာတွေလေ

အဲဒါကြောင့် ငါအမေရိကကို သွားချင်တာလေ ဒါမှ ငါ့စိတ်ကြိုက်ဝယ်နိုင်မှာ

အဝတ်အစားပဲဆိုရင်တော့ ငါချမ်းသာသမျှထုတ်ပြီး ဝယ်ပေးပါတယ်

ဝမ်းမြောက်ဝမ်းသာထုတ်ပေးမှာပါ

ဒါပေမဲ့ နင့်အနာဂတ်ကိုတော့ ငါဝယ်မပေးနိုင်ဘူး

နင်လိုချင်တဲ့ ဘဝမျိုးကိုတော့ ငါလည်းဝယ်မပေးနိုင်ဘူး

ငါသိပါတယ်

ငါ့ဆီကိုတော့ လာလည်မယ် မဟုတ်လား

လာလည်မှာပေါ့

နင့်ကိုယ်နင်လည်း ဂရုစိုက်မယ် မဟုတ်လား

ငါ့အတွက် စိတ်မပူပါနဲ့

ငါလည်း အိမ်ကိုအလည်ပြန်လာနိုင်မှာပါနော် ဟုတ်တယ်မဟုတ်လား

ဘာလို့လည်းဆိုတော့ ငါလည်းမခံစားနိုင်...

ရှူးဖိနပ်တွေ မထည့်ရသေးဘူးနော်

ဖိနပ်တွေက နေရာနည်းနည်းတော့ယူမယ်

ဟုတ်ပြီ

ဆောရီးပါ

ဖယ်

အောက်က အိပ်စင်နံပါတ် ၁ က ငါ့ဟာလေ

နင်က အပေါ်မှာအိပ်ရမှာ

စိတ်ဆင်းရဲလိုက်တာ

- နောက်လုံးဝမသွားတော့ဘူး - အမေရိကကိုလား

အမေရိက ကနေ အိမ်ပြန်လာမိတာ မှားပြီလို့ပြောတာ

ဒီလိုအခန်းစုတ်ထဲကထွက်ဖို့ ငါ ဘာမဆိုလုပ်မိမှာပဲ

ဆေးလိပ်သွားသောက်ရအောင်

ငါ ဆေးလိပ်မသောက်ဘူး

သက်သောင့်သက်သာနေပါ နောက်မှတွေ့မယ်

ဆေးလိပ်အတူသောက်မယ့် ပထမတန်းက ကောင်လေးတစ်ယောက် မတွေ့ရင်ပေါ့လေ

မိုးလေဝသသတင်း နားထောင်ပြီး လာစားတဲ့လူမရှိတော့ဘူး ထင်နေတာ

စားတဲ့သူရှိတာ တော်သေးတာပေါ့

ဒီည ရာသီဥတု ပြင်းထန်မယ်တဲ့

အဲဒါကြောင့် တခြားခရီးသည်တွေ ညစာလာမစားကြဘူးလေ

စွပ်ပြုတ်နည်းနည်းသောက်လို့ရပေမယ့် ဆိတ်စတူးတော့အဆင်မပြေဘူး

တံခါးဖွင့်ပေးပါဦး

တခြားသွား

အခန်းထဲမှာအန်မိလို့

တောင်းပန်ပါတယ်

စိတ်မပူပါနဲ့ သင်္ဘောတစ်စီးလုံးလည်း နံစော်နေတာပါပဲ

ပထမတန်းတောင် မကျန်ဘူး ဒါနဲ့ ငါ့ကိုပထမတန်းက နှင်ထုတ်လိုက်ကြတယ်

သန့်စင်ခန်းတံခါးကလည်း တစ်ညလုံး သော့ခတ်ထားတယ်

ဒီအကျင့်မကောင်းတဲ့သူတွေကတော့

ရပြီ အကောင်းကြီး မဟုတ်ပေမယ့် ငါတို့သုံးလို့တော့ ရသွားတာပေါ့

- တံခါးဖွင့်ပါ - သွားစမ်းပါ

- ခုချက်ချင်းတံခါးဖွင့်စမ်း - သွားစမ်းလို့ ပြောနေတယ်လေ

မနေ့ညက နင်တို့သာ လူစိတ်ရှိရင် ငါတို့မျှမျှတတလုပ်မှာပေါ့

- ခုတော့ ရှင်တို့အိမ်သာမသုံးရတော့ဘူး - သန့်စင်ခန်းထဲက ထွက်ပေးစမ်း

မကောင်းတဲ့ဟာတွေ

ကဲ သန့်စင်ခန်းသုံးလို့ရပြီ

ငါတို့အတွက် ရေသွားယူလိုက်ဦးမယ် လောလောဆယ် ဒါပဲသောက်လို့ရမယ်

နင်က အမေရိကမှာ အခြေချမှာလား

ဟုတ်တယ်

စာရွက်စာတမ်းတွေ အကုန်ပါလား

ပါတယ် အလုပ်လည်းအဆင်သင့်ပဲ

အားလုံးအဆင်ပြေသွားအောင် ဘယ်လိုများ စီစဉ်လိုက်လဲ

ကျမလုပ်တာ မဟုတ်ပါဘူး သူများလုပ်ပေးတာပါ ကျမအစ်မအသိ ဖာသာလုပ်ပေးတာ

နင့်စိတ်ထဲ ဘယ်လိုခံစားရလဲ

အိုင်ယာလန်ကနေ အမေရိကကို စာပို့ရင် ဘယ်လောက်ကြာလဲ

ကျမအစ်မရို့စ်က ကျမထွက်သွားတာနဲ့ စာပို့လိုက်မယ်ပြောလို့ပါ

အစပိုင်းတော့ တော်တော်ကြာတယ်

နောက်အခေါက်တွေကျတော့ မကြာတော့ပါဘူး

အမေရိကမှာ ဆွေမျိုးတို့ သူငယ်ချင်းတို့ ရှိလား

မရှိပါဘူး

ဟိုရောက်ရင် မိတ်ဆွေတွေ အများကြီးရသွားမှာပါ

ဘယ်မှာနေမှာလဲ ဘရွတ်ခ်လင်းမှာလား

- ဘယ်လိုသိတာလဲ - ရမ်းပြောတာမှန်သွားတာ

အမေရိကသွားရင် နင်မှတ်ထားရမှာက မျက်နှာသိ ငါးပိမဝယ်နဲ့တဲ့

အဲဒီလိုမျိုးလား

အဲဒီလိုမျိုးပဲလေ

ငါလှိုင်းမမူးတော့ဘူး

ကောင်းတာပေါ့

အခု ဗိုက်အရမ်းဆာနေတယ်

အဲဒါကြောင့် လှိုင်းမမူးတာပေါ့

မနက်ဖြန်မှ စားကြမယ်လေ

ဒါမှမဟုတ် သန်ဘက်ခါပေါ့

မဖြစ်သေးဘူး နင့်ကို တစ်ခုခုလုပ်ပေးမှဖြစ်မယ်

ဒီပုံစံအတိုင်း သူတို့နိုင်ငံထဲဝင်သွားရင်

နင့်ကို ရောဂါရှိတယ်ဆိုပြီး ရောဂါထိန်းချုပ်နယ်မြကို ပို့လိုက်လိမ့်မယ်

ထွေထွေထူးထူးမဟုတ်ပေမယ့် လုပ်စားတဲ့ရုပ်ပေါက်နေလို့တော့မရဘူး

လုပ်စားတဲ့ရုပ်ပေါက်တာလည်း ပြဿနာတော့မဟုတ်ပါဘူး

ဒါ အခြေအနေကောင်းပါတယ်

အဲဒါ ကျမအစ်မ ပေးထားတာ

ဒါလေးနဲ့ တွဲဝတ်လိုက်

ပြီးတော့

ဒါ ဝတ်လိုက်

အစစ်ဆေးခံဖို့ အိတ်တွေအသင့်ပြင်ထားပါ

အူတူတူ အတတပုံလည်း မဖြစ်စေနဲ့ဦး

ပါးနီလေးခြယ်ပြီး မျက်တောင်ကော့ပေးမယ်

မျက်ဝန်းလေးနက်အောင် ပြင်လိုက်မယ်

ဘေးထွက်ရပ်နေပေးပါခင်ဗျာ ကျေးဇူးပါ နောက်တစ်ယောက် ကျေးဇူးပါ

ဒီဘက်ကို လာပါခင်ဗျာ ဘေးထွက်ရပ်နေပေးပါ

နောက်တစ်ယောက် နိုင်ငံကူးလက်မှတ်ပြပါ

မတ်မတ်ရပ်ပါ

ဖိနပ်ကို အရောင်တင်လိုက်ဦး

ပြီးတော့ ချောင်းလုံးဝမဆိုးနဲ့နော်

ဒီဘက်ကိုလာပါ

အထက်စီးဆန်တဲ့ပုံလည်း မဖြစ်စေနဲ့ အရမ်းစိတ်လှုပ်ရှားတဲ့ပုံလည်း မဖြစ်စေနဲ့

ဒီဘက်ကိုလာပါ

အမေရိကန်သူတစ်ယောက်လို စဉ်းစားပါ

ကိုယ်ဘယ်သွားမလဲဆိုတာ ကိုယ့်ဟာကိုယ်သိရမယ်

အမေရိကန်က ကြိုဆိုပါတယ်ခင်ဗျာ

တံခါးအပြာအတိုင်း ဝင်သွားလိုက်ပါ

နောက်တစ်ယောက်လာပါ

အို ဘုရားသခင် ကျွနု်ပ်တို့အားလည်းကောင်း ရွှေလက်တော်ဖြင့် သနားတော်မူသော

အစားအစာတို့အားလည်းကောင်း ကောင်းချီးပေးတော်မူ၍

ဒီအစာကို မကျူးမလွန်ဘဲ ကောင်းမွန်စွာ စားသုံးနိုင်အောင် ကျွနု်ပ်တို့အား ကယ်မတော်မူပါ

အာမင်

နင့်ဆီ စာလာတယ်လို့ပြောတယ် ဒိုင်ယာနာ

ဘာသတင်းထူးလဲ

မစ္စတာဒီဗလေးရက်စ်က မျက်လုံးထပ်ခွဲဖို့ ဟော်လန်ကို ရောက်နေတယ်တဲ့

အဲဒါလောက်တော့ သတင်းစာထဲမှာ ဖတ်လို့ရတယ်လေ

ဘာပဲဖြစ်ဖြစ် မစ္စတာဒီဗလေးရက်စ်ကို နိုင်ငံရေးသမားလို့ ပြောရမှာပဲ

ဟုတ်တယ် မဟုတ်လား မစ္စစ်ကီဟိုး

နောက်ပြီး ညစာစားရင် နိုင်ငံရေးအကြောင်းပြောရတာ မကြိုက်ပါဘူး

အေးလေ

မျက်လုံးခွဲတဲ့အကြောင်းပြောတာ နိုင်ငံရေး မပါဘူးလေ

ဒါပေမဲ့ အဲဒီမျက်လုံးခွဲတဲ့လူက နိုင်ငံရေးသမားလေ

ပြီးတော့ ငါက ဆေးရုံကိစ္စဆို သိပ်ပြောချင်တာ မဟုတ်ဘူး

ပက်တီ မိတ်ကပ်ဖျက်ဆေးကိစ္စ ဘာထူးသေးလဲ

မထူးသေးဘူး မစ္စစ်ကီဟိုး အလှအပရေးရာက မစ္စတိုင်လာကိုမေးပြီးပြီ

ပြီးတော့ သူ့ကို ကြော်ငြာလည်းပြလိုက်တယ်

မိတ်ကပ်ဖျက်ဆေး တစ်ဘူးအတွက်နဲ့တော့

မန်ဟက်တန်ထိ မသွားနိုင်ဘူးနော်

ဘာတော့ချီဆီမှာ တစ်ချက်လောက် ကြည့်ပေးပါလား အေလစ်ရှ်

ဟုတ် မစ္စစ်ကီဟိုး

ဘာတော့ချီမှာရှိလောက်တယ်

သူလည်း ဘယ်သိပါ့မလဲ မစ္စစ်ကီဟိုး

ပက်တီစိတ်ဆိုးအောင် ဘာတော့ချီစတိုးက ဝက်ဘ်စတားစတိုးထက်

ပိုကောင်းတယ်လို့ပဲ သူပြောတယ်

နှစ်ဆိုင်လုံးကောင်းပါတယ်

နင်တို့တွေ ကံအရမ်းကောင်းလို့ အဲဒီလိုဆိုင်တွေမှာ အလုပ်လုပ်ရတာနော်

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left