The first 200 lines.
(ဇာတ်ကောင်များ၊ နေရာများ၊ ဖြစ်ရပ်များ၊ အဖွဲ့အစည်းများနှင့်)
(ဇာတ်ကားနောက်ခံ အကြောင်းအရာများသည် စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပါသည်)
(အမ်ဘီစီ ဒရာမာ ရုပ်ရှင်ဇာတ်ညွှန်းပြိုင်ပွဲ၏ အနိုင်ရ ဇာတ်ညွှန်း)
လုပ်စမ်းပါကွာ
ကြားဖြတ်သတင်းဖြစ်ပါတယ်ခင်ဗျာ
ချွန်ဒန်ဒုံမြို့နယ် ဟက်ဒုံလမ်းဆုံအနီး မနက် ၃ နာရီဝန်းကျင်လောက်မှာ
နာမည်ကျော် အိုင်ဒေါအဖွဲ့တစ်ခုဖြစ်တဲ့ ဘလစ်ဇ်အဖွဲ့ဝင် ဂျန်မင်ဟိုကို
ထရပ်ကားတစ်စီးမှ တိုက်မိခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်ပါတယ်
ရဲအရာရှိတွေရဲ့ ပြောကြားချက်အရ သူ့ကို ရှာဖွေတွေ့ရှိတဲ့အချိန်မှာ
တရားမဝင်မူးယစ်ဆေးဝါး အသုံးပြုထားတာကို တွေ့ရှိခဲ့ရပါတယ်
အဲဒါကြောင့်ပဲ မတော်တဆမှုဖြစ်ခဲ့တာပါ
ပြည်တွင်း အကြီးမားဆုံးမူးယစ်ကုန်သည် မစ္စတာယွန်းဟာ
မူးယစ်ဆေးဝါး ဖြန့်ချိနေသူအဖြစ် အလိုရှိနေသူဖြစ်ပါတယ်
(ကိုရီးယားနိုင်ငံကို တိတ်တဆိတ် ကာကွယ်စောင့်ရှောက်ပြီး ဂုဏ်ကျက်သရေတိုးစေမယ်)
"မျက်နှာဖုံးတို့နောက်ကွယ်"
မင်္ဂလာပါ စီနီယာ
ကျွန်မတို့အချိန်ဇယားတွေကြောင့် အလုပ်များနေပြီး သေချာတောင် ကိုယ့်ကိုယ်ကိုယ်နှုတ်မဆက်ခဲ့ရဘူး
ဟို...ကျွန်မ ရူပဗေဒနဲ့ ကွန်ပျူတာသိပ္ပံကို အထူးပြု နှစ်ဘာသာယူထားပါတယ်
ကျွန်မဒီကိုမလာခင် ထောက်လှမ်းရေးနှင့် ခွဲခြမ်းစိတ်ဖြာခြင်းမှာ အလုပ်လုပ်ခဲ့ပါတယ်
အဲဒါကြောင့် ကျွန်မက သတင်းအချက်အလက်တွေ ရှာဖွေတဲ့နေရာနဲ့
သတင်းတွေကို ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ အသုံးဝင်ပါတယ်
တော်လောက်ပါပြီ
သြော် ဟုတ်ကဲ့
- စီနီယာ - အင်း ဘာလဲ
အဆင်ရောပြေရဲ့လား
နေမကောင်းသလိုဖြစ်နေလို့လေ
အဆင်ပြေပါတယ်
ငါအခုပြောမှာကို နားထောင်
မင်းမှာ အခွင့်အရေးတစ်ခါပဲရမယ်
ငါတို့အေဂျင်စီမှာ သူသျှိုတစ်ယောက်ရှိတယ်
ပြီးတော့ သစ္စာဖောက်ကိုရှာဖို့
ငါ့မှတ်ဉာဏ်တွေကို
ငါကိုယ်တိုင် ဖျက်ခဲ့တာ
မင်းပါဝင်ပတ်သက်နေတဲ့ အခြေအနေက
အားလုံးရဲ့နောက်ကွယ်မှာ သစ္စာဖောက်တစ်ကောင် ရှိနေတယ်
မင်းအဲဒီသစ္စာဖောက်ကို ရှာရမယ်
ကြည့်ပါရစေဦး အဲဒီတစ်ခု
မင်းရဲ့ဆုံးဖြတ်ဝေဖန်မှုကို ဖုံးသွားစေမယ့် အမှန်ကိုမသိဘဲ ဘက်လိုက်မှုကိုကာကွယ်ဖို့
ငါရှာတွေ့ထားသလောက် အရာအားလုံး မင်းကို ပြောပြမှာမဟုတ်ဘူး
အဲဒါက မင်းသစ္စာဖောက်ကိုရှာနေတဲ့ လုပ်ရပ်တွေကို နှောင့်နှေးသွားစေနိုင်တယ်
မင်းသိအောင်လုပ်ရမယ့် အရာတစ်ခုတော့ရှိတယ်
ငါရှာမတွေ့နိုင်တဲ့ နောက်ဆုံးပဟေဠိ အပိုင်းအစတစ်ခုရှိတယ်
ပဟေဠိကို အဖြေရှာနိုင်ဖို့ ငါ အဲဒီအပိုင်းအစတစ်ခု လိုတယ်
ဘယ်တော့မှ မမေ့နဲ့
သံသသဝင်တယ်ဆိုတာ ရှင်သန်ဖို့ပဲ
မင်းကို ချဉ်းကပ်လာတဲ့လူတိုင်းရဲ့ လှုပ်ရှားမှုတိုင်း စကားလုံးတိုင်းနဲ့
သူတို့ရဲ့ အသက်ရှူသံတိုင်းကို သံသယဖြစ်နေရမယ်
(အမျိုးသားလုံခြုံရေး၊ ကျွနု်ပ်တို့နိုင်ငံတော်ကို ကာကွယ်ပေးနိုင်မယ့် တစ်ခုတည်းသောနည်းလမ်း)
မသိခဲ့ဘူး
ရှင်အလုပ်တောင် ပြန်လာလုပ်နေတာကိုလေ
အထင်ကြီးစရာပဲ
ကျွန်မသတိပေးထားတာကို မမေ့ပါနဲ့
လုံးဝမမေ့နဲ့
ဟုတ်ကဲ့ ဆရာ
ဘယ်ကနေစခဲ့တယ်ဆိုတာ အားလုံးကို ပြန်ရစ်ကြည့်ပြီး ပြန်စဉ်းစားကြည့်ပါ
မင်းငါ့ကို တကယ်လိုအပ်တဲ့အချိန်
အဲဒီကျရင် ငါ့ကိုပြန်တွေ့ရလိမ့်မယ်
သံသယဖြစ်စရာ မလိုဘူး
ဘယ်လောက်ကြာပြီလဲ
ငါတို့အဖွဲ့ကို ပြောင်းလာခဲ့တာလေ
တစ်နှစ်လောက်တော့ ရှိပါပြီ
အဲဒီလောက်တောင် ကြာသွားပြီလား
အမယ်လေး အချိန်တွေကုန်တာ မြန်လိုက်တာနော်
သောက်ပါ
ကိုယ့်အဖွဲ့ကိုယ် စီမံခန့်ခွဲရတာ ဘယ်လိုနေလဲ
အဆင်ပြေပါတယ်
မင်း ဟန်ဂျီဟျော့ကို သိမှာပေါ့ ဟုတ်တယ်မလား
မင်းဒီကိုမပြောင်းလာခင် မင်းတို့တွေ တစ်ဖွဲ့တည်း အတူတူလုပ်ခဲ့ကြတာလေ
ဟုတ်ကဲ့
ငါမနေ့ညက လက်ထောက်ညွှန်ကြားရေးမှူးဒိုနဲ့ ညစာစားခဲ့တယ်
လက်ထောက်ညွှန်ကြားရေးမှူးဒိုကို ကြည့်ရတာ သူ့ကို စိတ်ဝင်စားနေသလိုပဲ
မင်းက ငါတို့ထဲကမဟုတ်လို့ဆိုပြီး
ငါမင်းကို ခွဲခြားဆက်ဆံနေတယ်လို့ ထင်မှာပေါ့
အဲဒါကြောင့် မင်းအခု
ငါတို့ထဲကတစ်ယောက် ဖြစ်လာရမယ်
ငါ မင်းရဲ့အရည်အချင်းကို ကောင်းကောင်း သတိထားမိပါတယ်
ဘာပြောချင်တယ်ဆိုတာ
နားလည်ပါတယ်
ကျွန်မ...
စုံစမ်းလိုက်ပါ့မယ်
ဒါပဲလား
ပြဿနာကဘာလဲဆိုတာ ရှင်မသိသေးဘူးပဲ
အမုန်းတရား
အကျင့်စရိုက်ကတော့ အရင်အတိုင်းပဲ
လောဘ
ဒီဆုံးဖြတ်ချက်ကို...
နောင်တမရဘူးဆိုတာ သေချာလား
ခေါင်းမာမှု
အဖြေကို အပြင်မှာလိုက်ရှာမနေနဲ့
ဖြစ်ကောင်းဖြစ်နိုင်တာက မင်းအဲဒါကို
မင်းမမျှော်လင့်ထားတဲ့ မင်းနဲ့နီးစပ်တဲ့ တစ်နေရာရာမှာ တွေ့နိုင်တယ်
ဘယ်တော့မှ မမေ့နဲ့
မင်းကိုချဉ်းကပ်လာတဲ့ လူတိုင်းရဲ့ လှုပ်ရှားမှုတွေ
စကားလုံးတွေနဲ့ အသက်ရှူသံတိုင်းကို သံသယဖြစ်နေရမယ်
ရောက်ပြီလား ဆရာ
ဘယ်မှာလဲ
ဒီဘက်မှာပါ
ကျွန်တော်တို့ပစ္စည်းတွေနဲ့ အရောင်းအဝယ်လုပ်နေတဲ့သူ မစ္စတာယွန်းပါ
သူကတစ်နိုင်ငံလုံးကို ဖြန့်ချိနေတာပါ
မင်းက ဘယ်သူလဲ
ဘာလို့ဒီလိုလုပ်တာလဲ
ဒီအသုံးမကျတဲ့ကောင်ကတော့
အခုထိ သင်ခန်းစာမရသေးဘူးလား
တော်တော့
တောင်းပန်ပါတယ် ဆရာ
အမှိုက်လိုကောင်တွေ
မင်းတို့ဒီလိုလုပ်ပြီး လွတ်မယ်ထင်နေလား
ငါ့ကောင်တွေက ဒီအတိုင်းထိုင်ကြည့်နေမယ် ထင်လား
မင်း အဲဒီနာမည်ကြီးအဆိုတော်ကို မှတ်မိလား
ဆေးကွဲနေပြီး လမ်းပေါ်မှာ ကားတိုက်လို့ သေသွားတဲ့တစ်ယောက်လေ
သူ ဆေးဝယ်ခဲ့တဲ့ကောင်ကို ငါခြေရာခံလိုက်တော့ ဒါကို ရှာတွေ့ခဲ့တယ်
ဒီကိစ္စကို ရဲတွေကိုင်တွယ်နိုင်မယ် ထင်ပါတယ်
ဒါကိုတစ်ချက်ကြည့်ကြည့်
ဒါကဘာလဲ
ဟွာရန်းဂိုဏ်းရဲ့ ဒုတာဝန်ခံ ဂျန်ဂွမ်ချောပဲ
ဟွာရန်းဂိုဏ်း
ဟုတ်ပါတယ် အဲဒါ ဂျီဟျော့ လွန်ခဲ့တဲ့တစ်နှစ်ကလိုက်ခဲ့တဲ့ ဂိုဏ်းပဲ
အဲဒီကောင်တွေက ဘာလို့ဒီမှာရှိနေတာလဲ
တကယ်တော့ ကောလဟာလတွေထွက်နေပါတယ်
မြောက်ကိုရီးယားက မီသမ်ဖက်တမင်း မူးယစ်ဆေးအဓိက အရောင်းအဝယ်လုပ်တဲ့
တရုတ်မူးယစ်ကုန်သည်က ကိုရီးယားမှာ အကွက်ရွှေ့ဖို့ စီစဉ်နေတယ်လို့ကြားတယ်
အဲဒီမူးယစ်ကုန်သည်အဖွဲ့က ဟွာရန်းဂိုဏ်းလား
အတည်တော့ မပြုရသေးပါဘူး ဒါပေမဲ့ ဒါကိုတစ်ချက်ကြည့်ကြည့်ပါ
မဟုတ်မှလွဲရော လက်ထောက်ညွှန်ကြားရေးမှူးဒို ဒီကိစ္စကိုသိသွားတာနဲ့
ဂျီဟျော့ကို ဒီကိစ္စထဲထည့်မှာ မဟုတ်ဘူးလား
ဘာလို့ဆို ဟွာရန်းဂိုဏ်းကို ကိုင်တွယ်ဖူးတာ ဂျီဟျော့ပဲရှိတယ်လေ
လိုရင်းကိုပြော
ဒီတစ်ခုကို
ကျွန်တော် ကိုင်တွယ်ပါရစေ
ကျွန်တော့်ကိုကတိပေးရင် ဂျန်ဂွမ်ချောကို အခုချက်ချင်းသွားဖမ်းမှာပါ
လူဘယ်နှယောက်လိုလဲ
မြေပြင်အခြေအနေသိတဲ့သူ သုံးယောက်လောက်ပဲ လိုပါတယ်
ကျန်တာကို ရဲတွေကိုင်တွယ်ပါလိမ့်မယ်
ဟာ မဖြစ်နိုင်တာ
အရမ်းမိုက်တာပဲ မိုက်လိုက်တာ
ဘာ လုပ်စမ်းပါ
အဲဒီလိုစားနေရင် မင်းလည်းငါ့လိုပဲ ဒုက္ခတွေခံစားရပြီး အဆုံးသတ်သွားလိမ့်မယ်
တကယ့်အစားအစာကို စားရမှာပေါ့
- ဒါတွေကို နိုင်ငံပိုင်သိမ်းလိုက်ပြီ - ပြန်ချထားလိုက်ပါ
ငါတို့ နေ့လယ်စာသွားစားကြမလို့ လိုက်မလား
သြော် ဟုတ်ကဲ့
အမယ်လေး ကောင်းလိုက်တာ
အလုပ်နဲ့ပတ်သက်လာရင် ငါလုပ်တာဆိုလို့ စားတာပဲ စားတာ
ငါ့ထက် လေးနှစ်နောက်ကျမှ ရောက်လာတာဆိုတော့ ပေါ့ပေါ့ပါးပါးပြောလို့ရလား
ရတာပေါ့
နင့်တွဲဖက်လည်း မတွေ့မိဘူးနော် တစ်ခုခုဖြစ်လို့လား
အဲဒါက ပြောရမယ်ဆိုရင် သူနဲ့က စကားသိပ်မပြောဖြစ်ဘူးလေ
သူနဲ့ပတ်သက်ပြီး ကောလဟာလတွေ ကြားမိလား
ဘာကောလဟာလလဲ
အဲဒီဌာနမှာရှိတဲ့ ငါ့လုပ်ဖော်ကိုင်ဖက်တွေဆီက ကြားခဲ့တာ တစ်ခုရှိတယ်
လစ်ဗျားဆိုလား..ခဏလေး လစ်ဗျားလား
ဘာပဲဖြစ်ဖြစ်ပါ သူ အဲဒီကအကြမ်းဖက်သမားတွေ ပုန်းခိုနေတဲ့နေရာကို
သူ့ဘာသာသူ သွားခဲ့ပြီး
အကြမ်းဖက်သမားတွေ အများကြီးကို သတ်ခဲ့တာတဲ့
မဖြစ်နိုင်တာ
နင်တကယ် ဘာမှမကြားမိဘူးလား
သွားနေတဲ့ရထားပေါ်မှာ သူ လူတစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်တယ်လို့တောင် ကြားထားတာ
အဓိပ္ပာယ်ရှိပါတယ် သူက အဲဒီလိုမျိုး တောက်ပတဲ့အေးဂျင့်ဖြစ်ခဲ့တာပဲ
ဒီလိုနေရာမျိုးမှာ ပိတ်မိနေတာ ဘယ်ကျေနပ်နိုင်ပါ့မလဲ
ကျွန်မတို့အဖွဲ့က ဘာဖြစ်လို့လဲ
နေပါဦး အဲဒါကိုတကယ်မေးနေတာလား
ပြောရရင် ငါတို့ကို အဖွဲ့လို့ခေါ်ကြပေမဲ့
အလုပ်ခန့်အပ်ပေးတဲ့ အေဂျင်စီတွေလို
လူတွေကို ဖောင်ဖြည့်ပေးရတာထက် မပိုပါဘူး
ထောက်လှမ်းရေးနှင့် ခွဲခြမ်းစိတ်ဖြာခြင်းမှာ လုပ်ခဲ့တယ်လို့ ကြားထားတယ်
- ဟုတ်ကဲ့ - လူတွေက အဲဒီကိုသေမလိုသွားချင်နေတာ
အဲဒါကိုဘာလို့ ဒီကိုလာခဲ့တာလဲ
ရှင်
ဒီအတိုင်း ကွင်းဆင်းလုပ်ရတာ
မိုက်မယ်ထင်လို့လေ
ကြည့်စမ်းပါဦး ဘယ်လောက်တောင်ကြာနေပြီလဲ
ငါမင်းကို သေသွားပြီပဲထင်ခဲ့တာ မင်းကိုဒီမှာပြန်တွေ့ရတာ တကယ်ကိုမယုံနိုင်ဘူး
- နေလို့ကောင်းရဲ့လား - အေးပေါ့
- ဒါလား - အင်း
ဒါ လွန်ခဲ့တဲ့တစ်နှစ်က မင်းတို့အဖွဲ့တာဝန်ကျတဲ့
ဝက်ဝံညိုပရောဂျက်နဲ့ဆိုင်တဲ့ အချက်အလက်တွေပဲ
ဒီအချက်အလက်တွေအတွက် လုံခြုံရေးအဆင့်က အရမ်းမြင့်တယ်
အဲဒါကြောင့် ဒါတွေကိုပရင့်ထုတ်ဖို့ ငါအားလုံးကို စကရင်ရှော့ ရိုက်လာရတာ
ကျေးဇူးတင်ပါတယ်
တခြားလိုတာ ရှိသေးလား
ဒါက ငါတို့လုံခြုံရေးဖြတ်ကျော်ခွင့်ပဲ
မကြာသေးခင်က ဒီဟာကိုပျောက်ထားတဲ့လူရဲ့ မှတ်တမ်းတစ်ခုခုတော့ ရှိမှာသေချာတယ်
ဘယ်သူဆိုတာ ရှာပေးလို့ရမလား
ဒီကိစ္စနဲ့ပတ်သက်ရင်တော့ စီမံခန့်ခွဲရေးအဖွဲ့ကို ငါမေးဖို့လိုတယ်
အချိန်နည်းနည်းကြာလည်း ရတယ်မလား
ကိစ္စမရှိပါဘူး
အားလုံးအတွက် ငါ့ကို ၂ ခွဲပဲ လွှဲပေးပါ
ခင်ဗျားကို ၅ တောင် လွှဲပေးပြီးပြီ ခင်ဗျားအကောင့်နံပါတ်က မပြောင်းသေးပါဘူး
အဲဒါတွေ ငါမင်းကိုသဘောကျတာ
(ကိုယ်ရေးအချက်အလက် ကင်ဒုန်ဟွမ် သက်တမ်းကုန်)
ငါ့ဘဝတစ်လျှောက် လူအမျိုးမျိုးနဲ့တွေ့ခဲ့ပေမဲ့
မင်းလောက် စကားနည်းတဲ့သူတော့ တစ်ခါမှမတွေ့ဖူးဘူး
ဟွာရန်းဂိုဏ်းကို စုံစမ်းနေတယ်လို့ ပြောခဲ့တယ်နော်
သူတို့က အရမ်းအန္တရာယ်များတယ်လို့ ကျွန်တော် ကြားထားပါတယ်
သေချာမသိနိုင်ဘူးလေ
မင်းတစ်ခုခုကို တူးဖော်တဲ့အခါ
မင်းကိုတားမယ့် နောက်ထပ်နံရံတစ်ခုနဲ့ တိုက်မိနိုင်တယ်လေ
ဒါပေမဲ့ ဒီတစ်ခေါက်
တစ်ခုခုတော့ ကွဲပြားနေတယ်
ဟွာရန်းဂိုဏ်းက ကိုင်းခွဲတစ်ခုထက်မပိုတော့ဘူး
No comments yet. Be the first to leave one.