The first 200 lines.
သမ္မတနန်းတော် ကာဇက်စတန် ယခင် ဆိုဗီယက်အဖွဲ့ဝင်နိုင်ငံ
လူစစ်မယ်..လူစစ်မယ်
- နှစ် - သုံး
- လေး - ငါး
ခြောက်
မိုင်း ကပ်လိုက်ပြီ
စမယ်
ရှင်းတယ်
ရဟတ်ယာဉ် ကြောင်နက် ပြောနေတယ်
ဆုံမှတ်ဆီ ခန့်မှန်းရောက်ချိန် တစ်-ကိုးပါ
အခြေအနေ ကြမ်းတယ်..ဒါပဲ
သွားမယ်
သွားစမ်း..သွား
လာစမ်းပါ
တက်စမ်း
ကာပစ်ထားကွ.. ခေါင်မိုးပေါ်မှာ
သွားတော့
သတင်းပို့ပါတယ်
ပစ္စည်းပါလာပြီ
မော်စကို ၃ ပတ်အကြာ
ဂုဏ်သရေရှိလူကြီးမင်းတို့
ပြီးခဲ့တဲ့ ရက်သတ္တပတ် ၃ ပတ်တုန်းက
ရုရှားနဲ့အမေရိကန်အထူးတပ်ဖွဲ့တွေဟာ
ကာဇက်စတန်အာဏာရှင်ခေါင်းဆောင်ဖြစ်တဲ့
ဗိုလ်ချုပ်အီဗန်ရာဒက်ကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်
ရာဒက်ရဲ့တပ်ဖွဲ့တွေဟာ ဒီမိုကရေစီလှုပ်ရှားမှုကို အကြီးအကျယ် ဖိနှိပ်ခဲ့ကြတာပါ
သူ့ရဲ့နျူကလီးယားလက်နက်တွေကြောင့် စစ်အေးတိုက်ပွဲအသစ်တစ်ခု ပေါ်လာနိုင်ပါတယ်
ဒါပေမဲ့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးတွေထဲက တစ်ဦးရဲ့အကူအညီနဲ့
အခုချိန်မှာ ရာဒက်ကို ထောင်ထဲထည့်လိုက်နိုင်ပါပြီ
ဒီနေ့ အဲဒီခေါင်းဆောင်ကို ကျုပ်တို့ ဂုဏ်ပြုကြပါမယ်
လူကြီးမင်းတို့ ကျုပ်ရဲ့မိတ်ဆွေကြီးဖြစ်တဲ့..
အမေရိကန်ပြည်ထောင်စုရဲ့သမ္မတကြီး ဖြစ်ပါတယ်
သေဆုံးသူတွေဟာ ကျုပ်တို့ရဲ့ဥပေက္ခာပြုခြင်းကို သတိရနေကြမှာပါ
ကျုပ်တို့တိတ်ဆိတ်နေခဲ့တာတွေကို သတိရနေကြမှာပါ
ဒီည ကျွန်တော် ဒီကိုလာတာ ဂုဏ်ပြုခံဖို့ပါ
ဒါပေမဲ့ ဒီနေ့ ကြက်ခြေနီစခန်းတွေဆီ ကျုပ်ရောက်ခဲ့ပါတယ်
ကာဇက်စတန်ကနေ ကြောက်လန့်တကြား ထွက်ပြေးလာကြတဲ့
ဒုက္ခသည်တွေနဲ့ ပြည့်နှက်နေတာကို တွေ့ခဲ့ရတယ်
အဲဒီမှာ ကျုပ်ဟာ ဂုဏ်ပြုမခံထိုက်မှန်း နားလည်လိုက်တယ်
ကျုပ်တို့အားလုံးပါပဲ
- သူ ဘာလုပ်တာလဲ - ဒါမိန့်ခွန်းမဟုတ်ပါဘူး
ကျုပ်တို့ရဲ့လုပ်ရပ်ဟာ သိပ်ကို နောက်ကျခဲ့ပါတယ်
ကျုပ်တို့ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာချိန်ကျမှ
ကျုပ်တို့ လုပ်ခဲ့ကြတာပါ
ရာဒက်အစိုးရဟာ ပြည်သူနှစ်သိန်းကျော်ကို သတ်ဖြတ်ခဲ့တယ်
အဲဒါကို ကျုပ်တို့က တီဗွီကနေ ထိုင်ကြည့်ခဲ့ကြတယ်
ကျုပ်တို့ ဘာမှဝင်မပါခဲ့ဘူး
တစ်နှစ်ကျော်လောက် ပြည်သူတွေ သတ်ဖြတ်ခံနေရချိန်မှာ
ကျုပ်တို့က သံတမန်လေလုံးတွေသုံးပြီး စီးပွားရေးပဲ ပိတ်ဆို့ခဲ့ကြတယ်
မဟုတ်ဘူးလားဗျာ
ငြိမ်းချမ်းရေးအစစ်ဆိုတာ ပဋိပက္ခတွေ မရှိတော့ရုံနဲ့မရပါဘူး
တရားမျှတမှု ရှိမှရမှာပါ
ဒါကြောင့် ဒီညကစပြီး အမေရိကရဲ့မူကို ပြောင်းလဲဖို့ ကတိပြုပါတယ်
နောက်ဆိုရင်
မှန်ရာကိုလုပ်ရမယ့်ကိစ္စတွေမှာ ကျုပ်တို့ရဲ့နိုင်ငံရေးအကျိုးအမြတ်တွေ
ထိခိုက်မှာကို ငဲ့ကွက်ပြီး ဘယ်တော့မှ နောက်တွန့်မနေတော့ပါဘူး
ရက်စက်မှုနဲ့ အကြမ်းဖက်မှုဆိုတာ နိုင်ငံရေးလက်နက်တွေ မဟုတ်ပါဘူး
အဲဒါတွေကို အသုံးချမယ့်သူတွေကို ပြောပါရစေ
ကျုပ်လက်ပိုက်ကြည့်နေတော့မှာ မဟုတ်ဘူး
ကျုပ်တို့က ဘယ်တော့မှ စေ့စပ်ဆွေးနွေးမှာမဟုတ်ပါဘူး
သည်းခံတော့မှာ မဟုတ်သလို ကြောက်နေမှာလည်း မဟုတ်ဘူး
သူတို့ ကြောက်ရမယ့် အလှည့်ပါ
ရုရှားလိုစပြောလိုက်တာ သိပ်ကောင်းသွားတယ်
ကျုပ်အမေကို ပြောရမယ်
သူက ကျုပ်ကို ပြင်သစ်စကား သင်စေချင်ခဲ့တာလေ
ကတိပေးခဲ့တာတွေကို မှတ်မိလား
ဘာတွေ ကတိပေးခဲ့တယ်ဆိုတာ ကျုပ် ကောင်းကောင်းသိပါတယ်
အဲဖို့စ်ဝမ်းက ကြိုဆိုပါတယ် လူကြီးမင်းတို့
ပစ္စည်းတွေကို စစ်ဆေးခံဖို့ပြပေးပါ
ဂိတ်မှာတင် စစ်ဆေးခံလာပြီးပြီလေ
ဒီလေယာဉ်က အမေရိကန်သမ္မတကြီး စီးတဲ့လေယာဉ်ပါ
- ဒါကြောင့်.. - နားလည်ပါပြီ
တောင်းပန်ပါတယ်
လက်မကို လက်ဗွေစစ်စက်ပေါ် တင်ပေးပါ
ဝင်ရောက်ခွင့် ပြုပါတယ်
မင်္ဂလာပါ
လက်ထောက်သတင်းပြန်ကြားရေးမှူး မယ်လာနီမစ်ချယ်ပါ
ရှင်တို့ကို ကျွန်မက ခေါ်သွားရမှာပါ
မစ္စမစ်ချယ်
လူချင်းတွေ့ရတာ အများကြီး ၀မ်းသာပါတယ်
ရှင်တို့ သတင်းအဖွဲ့ကို ခေါ်နိုင်ခဲ့တဲ့အတွက်လည်း သမ္မတကြီးက ၀မ်းသာနေပါတယ်
အားလုံးစစ်ဆေးပြီးပြီနော်
သမ္မတကြီးကတော့ အလုပ်တွေ အရမ်းများပါတယ်
လေယာဉ် ပျံသန်းနေချိန်အတွင်း သတင်းမှတ်တမ်း ယူဖို့အတွက်
သတင်းသမားဧရိယာအပြင်ကို နှစ်ယောက် ထွက်ခွင့်ရှိတယ်
သမ္မတကြီးကို ၁၀ မိနစ်ရိုက်ခွင့်ရမယ် ကျန်တာတွေကတော့ မိနစ် ၂၀ ရမယ်
ဒီမှာ ဂယ်ရီ သမ္မတကြီးက ကွန်ဂရက်နဲ့ရင်ဆိုင်ဖို့ အသင့်ပဲ
သူတို့ ထောက်ခံဖို့ အသနားခံမှာ မဟုတ်ဘူး
မထောက်ခံလည်း သူတို့ကိစ္စနဲ့သူတို့ပဲ
အင်း သမ္မတကြီးနဲ့ အတူရှိပါတယ်
လေယာဉ်ပေါ်ကနေ ဆက်လိုက်မယ်
ကျုပ်မိန့်ခွန်းကို သူတို့ဘာပြောလဲ
သတင်းတွေမှာ ရေပန်းစားနေတယ်
- ခြောက်လှန့်မိန့်ခွန်းဆိုပြီး ပြောနေကြတယ် - ကောင်းတယ်
မလေးစားတာမဟုတ်ပါဘူး ဒါပေမဲ့ နောက်တစ်ခါ မူဝါဒပြောင်းရင် သမ္မတကြီးအနေနဲ့
အမျိုးသားလုံခြုံရေးအကြံပေးဖြစ်တဲ့ ကျုပ်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်
ကျုပ်တို့ဆွေးနွေးခဲ့တယ်လေ ဂျက်
အဲဒါက သီးသန့်ဆွေးနွေးခဲ့တာဆိုတော့ လျှို့ဝှက်ထားမယ်လို့ပဲ ထင်တာပါ
အခု အားလုံးသိကုန်ပြီ
ကျုပ်တို့မူဝါဒဖြစ်သွားပြီ
လက်ခံလိုက်တော့
မဟာမိတ်တွေကတော့ သူတို့နဲ့မတိုင်ပင်လို့ တော်တော်စိတ်ပျက်လိမ့်မယ်
နိုဝင်ဘာလောက်မှာ ကျုပ်တို့ကို ပြန်ပြီး နှောင့်ယှက်လာနိုင်တယ်
ဒါက လုပ်သင့်တဲ့လုပ်ရပ်ပါ ခင်ဗျားတို့လည်း သိပါတယ်
အိမ်နီချင်းတွေ လာပါပြီ
ခဏလောက် လိုက်ကြည့်ဖို့တော့ အချိန်ရပါသေးတယ်
ကောင်းတာပေါ့ဗျာ
- ဟုတ်ပြီ - အန်ဒရေ..ဘောရစ်
လိုက်ခဲ့ကြပါ
ရှင်တို့အခန်းရဲ့ရှေ့မှာက ထောက်လှမ်းရေးအဖွဲ့ရဲ့အခန်းပါ
လိုက်ပို့မယ့်သူ မပါရင် သူတို့အခန်းကို မဖြတ်ပါနဲ့
နောင်တရသွားလိမ့်မယ်
- ဟယ်လို - ဟိုင်း
သတိပေးတာ ကျေးဇူးပါပဲ
ဒါတွေကတော့ လေယာဉ်ပေါ်မှာပါတဲ့ ရုံးခန်းတွေပါ
ဒီဘက်ကိုကြည့်ပေးပါ သမ္မတကြီး
ဒီလေယာဉ်မှာ အထူးလုပ်ဆောင်ချက်တွေ အများကြီးပါတယ်
ကျည်ဒဏ်ကို ခံနိုင်ရည်ရှိတယ်
နျူကလီးယားပေါက်ကွဲမှု အရှိန်ကိုတောင် ခံနိုင်ပါတယ်
ဒါပေမဲ့ သိပ်တော့သက်သာမှာမဟုတ်ဘူးနော်
ဒီအပေါ်မှာတော့ လေယာဉ်မှူးအခန်းပါ
ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံးလို့ဆိုရမယ့်
ဆက်သွယ်ရေးဌာနတစ်ခုလည်း ပါဝင်ပါတယ်
ဒီကနေ တစ်နိုင်ငံလုံးကိုအုပ်ချုပ်လို့ရတယ် စစ်ပွဲတစ်ခုကိုတောင် ညွှန်ကြားနိုင်ပါတယ်
ပြီးခဲ့တဲ့အပတ်ကတင် သမ္မတကြီးက အဲဒီကနေ အာကာသယာဉ်မှူးတွေကို ဆက်သွယ်ခဲ့သေးတယ်
- မယ်လာနီ - ဟုတ်ကဲ့
သမ္မတကြီး ရောက်လာပြီ
ကိုယ့်နေရာ ကိုယ်ပြန်ပါတော့
ချက်ချင်းပြန်ပါ
ခင်ဗျားတို့ အနားယူလို့ရအောင် ကျုပ် ပြန်ပါတော့မယ်
ကြိုဆိုပါတယ် သမ္မတကြီးခင်ဗျာ
နေကောင်းလား ဒန်နီ
- သမ္မတကြီး - သမ္မတကြီး
အစီအစဉ် ပြောင်းမယ် ဒန်နီ
ဘာဘေးဒို့စ်ကို သွားရအောင်
သဘောပါပဲဗျာ
- ခင်ဗျားက သမ္မတကြီးပဲလေ - ဖြစ်ပါစေဗျာ
- သမ္မတကြီး - မစ္စတာဂစ်ဘ် ကျုပ်မိသားစုကော ဘယ်မှာလဲ
ကပွဲက နောက်ကျပါတယ်
နောက် ငါးမိနစ်ဆိုရောက်မှာပါ
လူးဝစ် ဘောပွဲကို ကူးထားလား
နည်းနည်းလေး ကပ်နိုင်သွားပါတယ်
ကြိုမပြောနဲ့လေကွာ
ငါ ကြည့်ချင်သေးတာပေါ့
မိနစ် ၃၀ မှာ လေယာဉ် စထွက်ပါ့မယ်ခင်ဗျာ
ကောင်းပြီ
သမ္မတကြီး
ဘောပွဲကို ဖွင့်လိုက်တော့ကွာ
- ဟုတ်ကဲ့ - ပြောပါ ဂျက်
သံချပ်ကာတပ်မဟာနှစ်ခုကို အီရတ်က ပြင်ဆင်နေပါပြီ
အခုပဲ ရတယ် ၁၅ မိနစ်တော့အချိန်ပေးဦး
ကျန်တဲ့လူတွေ စုထားလိုက်ဦး
ဖြတ်လုတယ်ခင်ဗျာ
ဘောလုံး ဆုံးရှုံးသွားပါပြီ
ဂျင်မ်
မပြောပါနဲ့
ပွဲရလဒ်ကို မပြောပါနဲ့
သိပ်ကောင်းတဲ့ပွဲပါ
သမ္မတကြီး
တချို့ကိစ္စတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့လိုတယ်
အဲဒါက ဘာလဲ
သိပ်အရေးမကြီးပါဘူး
ထိခိုက်မှုထိန်းချုပ်ရေးကိစ္စပါ
ခဏလေး အေးဆေးနေပါရစေ
အိမ်ဖြူတော်အဆင့်မြင့်အရာရှိတစ်ယောက် အနေနဲ့..
ခဏလောက် နေပါရစေဦးဗျာ
မနေ့ညက သမ္မတကြီး ပြောခဲ့တာကို
အတည်ပြုပေးရမယ်ဆိုရင်တော့
တော်တော့
- မပြောနဲ့တော့ - ၀ါရှင်တန်ပို့စ်လေ
အေးဆေးနေလိုက်ပါ
ဒါပဲနော် တော်တော့
ထပ်ပြောမယ်ဆိုရင် နောက်လေယာဉ်နဲ့ လိုက်ခဲ့လိုက်တော့
ရုရှားသတင်းအဖွဲ့ ပါလာပါတယ်
အိမ်ဖြူတော်မှာ နေရတဲ့..
ဘ၀အကြောင်း ပြောပြဖို့..
အိမ်ဖြူတော်မှာ ဘ၀ဆိုတာမရှိဘူး
မှန်ပါတယ် သမ္မတကြီးက ခဏလောက်နားချင်တယ်တဲ့
မီချီဂန်က ၁၄ ဂိုး ၁၃ ဂိုးနဲ့ နိုင်သွားတာပါ
သိပ်ကောင်းတယ် သမ္မတကြီး
ကပွဲ ကြည့်နေတုန်း အိပ်ငိုက်နေသေးလား တွမ်
မငိုက်ပါဘူး မဒမ် ကြည့်လို့ သိပ်ကောင်းပါတယ်
လာလေ အဲလစ်
လေယာဉ်ပေါ်ကျမှ ဆက်လုပ်
မင်းအဖေ စောင့်နေရတယ်
အားလုံးကို ပြုံးပြနော် သမီး
- တစ်ပုံလောက် အဲလစ် - အဲလစ်
တစ်ပုံလောက် ရိုက်ပါရစေ
ကျေးဇူးတင်တယ် အဲလစ်
ဒုတိယပွဲငယ် စတာ ၅ မိနစ်ရှိပါပြီ
ဟက်ဒ်ဆန် တိုးထွက်ပါတယ် မိုဟာမက် ကပ်ပါတယ်
ညာခြမ်းက မိုဟာမက်ဆီ လှမ်းပစ်လိုက်တယ်
ရွန်ဒေးဗစ်က သူ့ကို အားပြင်းပြင်းနဲ့ တားပါတယ်
ရှူးတိုးတိုး အဖေ အိပ်ပျော်နေတယ်
ကပွဲက ဘယ်လိုနေလဲ
အရမ်းကောင်းတယ်
- သေအောင်လုပ်နေတာလား - မလုပ်ပါနဲ့
တကယ်ကောင်းလား ကြိုက်ရဲ့လား
- သဘောကျလား - သိပ်ကောင်းတယ်
- ငါ့မိန့်ခွန်းကြားလိုက်လား - အင်း
No comments yet. Be the first to leave one.