The first 200 lines.
မြန်မာဘာသာပြန်-မြင့်သူ(ငှက်ကလေး-နည်းပညာ)
ကာဆူမီ မင်းသမီး
မင်းသမီးရဲ့ အကိုဆုံးပါးသွားပါပြီ သင့်ရဲ့တာဝန်က သင့်လူတွေကို စောက်ရှောက်ဖို့သာဖြစ်တယ်
သူ့အလောင်းကို မတွေ့ရမချင်း သူသေပြီဆိုတာ ငါမယုံဘူး
အလောင်းတော့ မတွေ့ပါဘူး
အဲဒါဆို သူမသေသေးဘူး
- သူ့ကို ငါသွားရှာမယ် - အစောင့်တွေက မင်းသမီးကို သွားခွင့်ပေးမှာမဟုတ်ဘူး
ငါ့က ဘူးထဲက ပုရစ်မဟုတ်ဘူး ငါ့တာဝန်ကို ငါကိုယ်တိုင်သတ်မှတ်တယ်
ဒါပေမယ့် ကျွန်တော့်ကို မင်းသမီးအကိုရဲ့ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ကူညီခွင့်ပြုပါ
တကယ်လို့  ငါ့အကိုသေတာမှန်ခဲ့ရင် နင်လည်း ငါ့အကိုရဲ့ အကောင်းဆုံးသူငယ်ချင်း မဟုတ်တော့ဘူး
မင်းသမီးကာဆူမီ . . . သွားမယ်ဆိုရင် မင်းသမီးအကိုလိုပဲ ထပ်တူညီတဲ့ ကံကြမ္မာကို ရင်ဆိုင်ရလိမ့်မယ်
အပယ်ခံဘဝ
ရှီနိုဘီတစ်ယောက်ဖြစ်သွားလိမ့်မယ် .
ဖြစ်ချင်လည်း ဖြစ်ပါစေတော့
မင်းသမီး အစောင့်တွေက မင်းသမီးကို သတ်လိမ့်မယ်နော်
အိုက်ယာနေ ငါ့အကိုအပေါ်ထားတဲ့ မင်းရဲ့ မေတ္တာကို ငါနားလည်တယ်
ငါ ဟာရာတီ ကိုရှာပြီး အိမ်ပြန်ခေါ်လာခဲ့မယ်
မင်းသမီး ကာဆူမီ
ဂိုဏ်းကို ဒီအတိုင်းမထားခဲ့ဖို့  ကျွန်တော်တောင်းပန်ပါတယ်
ကျွန်မက ရှင့်ရဲ့ အစေခံပါ ဒါပေမယ့် ရှင်ဒီကထွက်သွားမယ်ဆိုရင်တော့ မဖြစ်မနေသတ်ရမှာပဲ
မစ်အမ်းစထရောင်း ကြားဖြတ်ပြောရလို့ တောင်ပန်ပါတယ် ခင်ဗျားအဖေ ဖုန်းဆက်ပြန်ပြီ
ကျွန်မ မအားဘူးလို့ ရှင့်ကိုပြောထားတယ်လေ
ဟုတ်ပါတယ် ဒါပေမယ့် သူက...
-အိုကေ စပီကာသာ ဖွင့်ပေးလိုက် -ကောင်းပါပြီဗျာ
ဟုတ်အဖေ ဘာလား?
သမီးရေ သမီး အခုလက်လွှတ်ခံမယ့်ဟာအကြောင်းကို သမီးသိမယ် မျှော်လင့်ရတာပဲ
အဖေ သမီးတို့ ဆွေးနွေးပြီးပြီလေ
ဒါပေမယ့် ငါ့သမီးနေ့ခင်းလေယာဉ်မှီမယ်ဆိုရင် Des Moinesမှာလုပ်မယ့်
Tag Team Championshipပွဲကို မီနိုင်သေးတယ်နော်
ဖေဖေ သမီးပြောပြီးသားလေ သမီးနပန်းမသတ်ချင်တော့ဘူးလို့  သမီး အင်မထုချင်တော့ဘူးဖေဖေ
ချစ်သမီးရေ
ကြားရရဲ့လား
သမီး အဖေ့ဆီခဏနေမှ ပြန်ခေါ်မှဖြစ်မယ် နော် ?
မစ်အမ်းးထရောင်း
မစ်အမ်းးထရောင်း!
လှေကိုငါတို့ လိုချင်တယ် ကောင်မလေး
ငါပြောသလို အတိအကျလုပ်မယ်ဆိုရင် အသက်ရှင်ခွင့်ရမယ်
မလုပ်ဘူးဆိုရင်တော့ နာမယ်...
နင်တို့ နဲ့  ဘာမှညှိနေစရာမလိုဘူး
နင်တို့ သာ ငါ့လှေပေါ်ကလစ်ကြ အသားမနာချင်ရင်ပေါ့
အကူအညီလိုသေးလား ကွီးး?
လာပါ ဘာမှမဖြစ်ဘူး လာ
စမီးဆွဲထူပေးမယ်
ဟုတ်ပါ့
ရှင်ဘာသိလို့ လဲ ? ဒါတွေအားလုံးပြီးတဲ့အခါ ပဒေသာကပွဲလေးလုပ်ရတော့မယ် ထင်တယ်
- ကျွန်မ ဘာကူညီပေးရမလဲ? - ခင်ဗျားကို ဖမ်းလိုက်ပြီ
မနေ့ညက Hotel Pekingမှာရှိတဲ့ အာမခံသေတ္တာတစ်လုံး အဖောက်ခံရပြီး
စိန်တွေနဲ့ ငွေသားတစ်ချိုး အခိုးခံရတယ် အမည်မဖော်လိုသူတစ်ယောက်ပေးတဲ့ သဲလွန်စအရ အဲ့ဒါ ခင်ဗျားလက်ချက်ပဲ
- မက်စ်လုပ်တာပါရှင် - သူပြောတော့ ခင်ဗျားလုပ်တာတဲ့
အမည်မဖော်လိုသူ သတင်းပေးလို့ များ ရှင်ပြောမိလေသလား
စိန်တွေဘယ်ရောက်သွားသလဲ. . .?
စိန်ဆိုတာ မိန်းကလေးတွေရဲ့ သည်းခြေကြိုက်လေ
ကာဘွန်ကို ဖိအားပြင်းပြင်းပေးပြီး လုပ်ထားတာပေါ့
ရိုးရာအရ နှစ်ခြောက်ဆယ်မြောက်မင်္ဂလာပွဲ အထိမ်းအမှတ်လက်ဆောင်လည်းဖြစ်တယ်
နောက်ဆို အမြဲတမ်းတောင်ဖြစ်နေတော့မှာ
ကောင်းပြီလေ နေရောင်ပြင်းပြင်းအောက်က အအေးခန်းထဲမှာဆို
အပြောနဲ့ ညီနိုင်ဦးမလား သိရမှာပဲ
- အနည်းဆုံး ကျွန်မအဝတ်လေးတော့ ဝတ်ပါရစေ? - ခင်ဗျားသဘောပဲ
ဘရာဇီယာလေး ကမ်းပေးပါလား?
ချိတ်တပ်လိုက်
မင်္ဂလာ ညနေခင်းလေးပါရှင်
ရရဲ့လား ?
ငါတို့ကျောင်းကို ကာဆူမီ ကျောခိုင်းသွားတယ်
အပယ်ခံ ရှီနိုဘီ တစ်ယောက်ဖြစ်သွားပြီ
အကိုတူညီမဆိုတော့ တို့ကျောင်းကို သိက္ခာချသွားတယ်
သူ့နောက်ကို မင်းလိုက်သွားရမယ်
တွေ့အောင်ရှာပြီး သတ်ပစ်လိုက်
ကမ္ဘာ့အကြီးဆုံး သိုင်းပြိုင်ပွဲ DOA ကနေ ကြိုဆိုပါတယ်ရှင်
ကျွန်မက ဟယ်လင်နာဒေါက်ကလပ်စ်ပါ ဖိတ်ခေါ်မှုကို လက်ခံတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်
လူကြီးမင်းတို့ တစ်ယောက်စီဟာ
ကျွမ်းကျင်ရာ နယ်ပယ်တွေမှာ ထူးခြားတဲ့ တိုက်ရည်ခိုက်ရည်တွေရှိတာကြောင့် ကျွန်မတို့ ရွေးချယ်ခဲ့တာပါ
မကြာခင်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်ခိုက်ရေးသမားအဖြစ် သက်သေပြဖို့  အခွင့်အရေးရရှိတော့မှာ ဖြစ်ပါတယ်
တစ်ချိန်တည်းမှာပဲ ကျွန်မတို့ ချီးမြှင့်မယ့် ဒေါ်လာဆယ်သန်းကိုလည်း ရရှိမှာဖြစ်ပါတယ်
လောလောဆယ်တော့ ပေါ့ပေါ့ပါးပါး ပျော်ပျော်နေကြပါရှင်
အိုး အဖေ ဒီမှာရှိနေတာ ကသိကအောက်နိုင်လိုက်တာ
ဘာပြောတယ်? အဖေလည်း သမီးလိုပဲ ဖိတ်စာရတာလေ
တီနာအမ်းစထရောင်း အသည်းလေး
မင်း ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲကွာ?
စောစောက ပြောသွားတဲ့အထဲမှာ "ရှင်တို့ ရဲ့ ကိုယ်ပိုင်တိုက်ရည်ခိုက်ရည်" ဆိုပဲ
ငါ့သိထားတာတော့ မင်းက နပန်းသမားပါ နပန်းသတ်တာက တကယ်သတ်တာဖြတ်တာမှမဟုတ်တာ ?
- စိတ်မပူနဲ့သမီး ဒီကောင် သမီးနဲ့မတန်ပါဘူး - ကျွန်တော်လည်း မြည်းကြည့်ချင်တယ်ဗျာ
- ခွေးမသား... - ဖေဖေ
ဘာပဲဖြစ်ဖြစ်
သူ့ဖင်ကို ဆောင့်ကန်ချင်နေပြီ
- ရှင်ဘာလို့ ကျွန်မနောက်ကို လိုက်လာတာလဲ? - ကျွန်တော့်ကို DOA က ဖိတ်တာပါ
- ကတိပေးပါတယ် မင်းသမီးကို အန္တရာယ်မပေးပါဘူး - သတ်ကွင်းထဲမှာ မတွေ့ ကြရင်တော့ ကောင်းသား
- မက်စ် - အိုး သေပါပီ
မက်စ်!
ဒီမှာ ရှင့်ကိုယ်ရှင် ဘယ်သူဟန်ဆောင်နေလဲတော့ ကျွန်မမသိဘူး
DOA ကို ဘယ်လိုပါလာလဲဆိုတာလဲ မသိဘူး
ဟောင်ကောင်ဟော်တယ်ခန်းထဲမှာ ကျွန်မကို တစ်ယောက်တည်းထားခဲ့တာတော့သိတယ်
မင်းလို မိန်းကလေးတစ်ယောက်ကို ငါဘယ်တော့မှ တစ်ယောက်တည်းမထားခဲ့ပါဘူးကွာ
အထူးသဖြင့် ဟော်တယ်ခန်းထဲမှာဆိုရင်ပေါ့
"Dead or Alive"ရဲ့ Column D ထဲမှာ ရှင့်ရဲ့ ဖင်နှစ်လုံးကို ထည့်နိုင်ပြီဆိုရင်
ဆုဆယ်သန်းကို ကျွန်မရမှာပဲ
ကျွန်မ ကူညီပေးမယ်
အားလုံးပဲ မင်္ဂလာပါ လေယာဉ်စီးရတာ သက်တောင့်သက်သာရှိမယ်လို့ မျှော်လင့်ပါတယ်
အကြိုလက်ဆောင်လေးနဲ့ မိတ်ဆက်ပေးပါရစေ
DOA ကျွန်းကိုရောက်ဖို့အတွက် လေယာဉ်ပေါ်က ခုန်ချရပါမယ်
ထိုင်ခုံတွေရဲ့ အောက်မှာ လေထီးတွေရှိပါတယ်
ဘယ်ဘက်အခြမ်းဘက်က ဗုဒ္ဓရုပ်ပွားတော်ဆီကိုသာ တည့်တည့်သွားပါ ပျော်ရွှင်ပါစေ
တစ်ခုပြောဖို့ မေ့သွားတယ်
ကွင်းပြင်ကို နေမဝင်ခင် ရောက်မလာတဲ့သူကို အရည်အချင်းမပြည့်မီသူအဖြစ်သတ်မှတ်ပြီး ထုတ်ပယ်ပါမယ်
ကျွန်တော်အရင်သွားပါရစေ မင်းသမီး
ပစ်မှတ်နဲ့ဝေးတဲ့နေရာကို ခြေချမိပြီထင်တယ်
အဲလောက်မြင့်တဲ့အပေါ် ဘယ်လိုတက်ရပါ့?
သွားကြရင် ကောင်းမယ်
ကိုယ့်ဘာသာ ကိုယ်တက်ကြ ငါက အသင်းအဖွဲ့ မလုပ်ဘူး
ငါ့အတွက်တော့ အေးဆေးပဲနော် နင်ပါလိုက်တာနဲ့ အဲ့ဒီအဖွဲ့ ရှုံးပြီပဲ
ဟုတ်ပြီလေ ဆယ်သန်းဆုကို ငါရတဲ့အထိ မှတ်ထားတာပေါ့
အိုကေ ဒိုးကြစို့ 
နင်တို့နဲ့ ပြိုင်တက်မယ်
အပေါ်ကိုအချိန်မီရောက်ချင်ရင် အတူတူလုပ်မှဖြစ်တော့မယ်
ဟေး
ဆောရီးး
ဘုရားရေ အဲဒီအောက်မှာ နင်ဘာလုပ်နေတာလဲ မြန်မြန်တက်ပါဟ
သွားမှဖြစ်တော့မယ်
ကျေးဇူးပဲ ကိုယ့်လူတို့ 
ဟေး မင်းတို့ဘာလို့ကြာနေကြတာလဲကွ. . .?
သူက ဘယ်သူလား?
နင်တို့သိချင်မှာမဟုတ်ဘူး ငါပြောတာကိုယုံ
DOA မှ ကြိုဆိုပါတယ် ရှင်တို့ အခုလိုလုပ်နိုင်တာ ဝမ်းသာပါတယ်
ရောက်လာတဲ့သူတွေထဲတော့ ရှင်တို့က နောက်ဆုံးပဲ
ကျွန်မနောက်ကို အားလုံးလိုက်ခဲ့ကြပါ တစ်ခြာသူတွေရှိရာကို လမ်းပြပေးပါ့မယ်
DOA ပြိုင်ပွဲဝင်များခင်ဗျာ အိမ်ရှင် ဒေါက်တာဗစ်တာဒိုနိုဗန်ပါ
အားလုံးကို ကြိုဆိုပါတယ်
Dead or Alive ပြိုင်ပွဲကြီးကို ဆုံးသွားတာမကြာသေးတဲ့ ဟယ်လီနာရဲ့ဖခင် ကျွန်တော့်ရဲ့ မိတ်ဆွေကြီး ဖိန်းဒေါက်ကလပ်စ် က
ဖန်တီးခဲ့တာပါ
ဒီပြိုင်ပွဲကြီးကို ဖိန်းမိသားစုက ကိုင်တွယ်ဆုံးဖြတ်မှာဖြစ်တယ်
ဟယ်လီနာကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်ပြီး သူမရဲ့ ၂၁နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုတာလည်းဖြစ်တယ်
အခု ကျုပ်ရဲ့လက်ထောက်တွေက လူကြီးမင်းတို့ကို ရူပဗေဒ စစ်ဆေးမှုလုပ်ဖို့ 
ဓာတ်ခွဲခန်းကိုခေါ်သွားပါလိမ့်မယ်
အဲ့ဒါပြီးတာနဲ့ DOAပြိုင်ပွဲကြီး စတင်ပါပြီ
ဟေး ဒါကြီးတွေမြင်တော့ ဒစ္စကိုကို သွားသတိရမိတယ်ကွာ
- ဇက် - ရို့ 
ဒါဘယ်လောက်အရေးကြီးတယ်ဆိုတာ ရှင်အမှတ်ရအောင် ထပ်ပြောပြရဦးမလား?
အရေးကြီးမှန်းသိပါတယ်ကွာ ဇက်ကိုတော့ တားလို့မရဘူးကွ
ငါ့ကို နည်းနည်းပဲထိန်းချုပ်လို့ ရမယ်လို့ မျှော်လင့်ထားပေါ့ကွာ
ဒါက သွားဆေးခန်းသုံး ကုလားထိုင် မော်ဒယ်အသစ်လား?
ဆောရီးနော် သဲလေး
ငါတောင်းထားတဲ့ ဆေးစစ်ချက်တွေရပြီလား ဝဲသာဘီ?
ကျေးဇူးကွာ ငါတို့ရဲ့ပြိုင်ပွဲဝင်တွေအခြေအနေ ဘယ်လိုလဲ?
ကျွန်တော်တို့  ပိုပြီးခိုင်မာတဲ့အဖွဲ့ကိုလိုတယ်ဆရာ သူတို့ကြည့်ရတာတော့ အခြေအနေကောင်းမယ့်ပုံပါပဲ
တီနာအမ်းသထရောင်းကိုကြည့်စမ်း သူမရဲ့ ကြွက်သားအစိုင်တွေက အထင်ကြီးစရာပဲ
အမလေး နာမှာသေချာတယ်
ပုံမှန်စစ်ဆေးမှုပါ မစ်အမ်းစထရောင်း လူတိုင်းဒီဟာကို ကျော်ဖြတ်ရပါတယ်
- စက်ရုပ်အသေးစားလေးတွေက လွှင့်နေပြီလား? - အိုကေပါပဲ ပြိုင်ပွဲဝင်တွေအကုန် အွန်လိုင်းပေါ်ရောက်ပါပြီ
ဇီဝကမ္မဖြစ်စဉ်တွေ ကြွက်သားလှုပ်ရှားမှုတွေကို
အွန်လိုင်းတင်နေပါပြီ မကြာခင် ကွန်ပျူတာမှာ ဒေါင်းလုတ်လုပ်နိုင်တော့မှာပါ
ကောင်းတယ်ကွာ ပြိုင်ပွဲ အချက်အလက်တွေအတွက် စလုပ်တော့
အဆင်သင့်ပါပဲဆရာ မှတ်တမ်းယူနေပါပြီ
ဒိုနာဗန်ပြောနေပါတယ် DOA က ကြိုဆိုပါတယ်
နေရာမရွေး အချိန်မရွေး လူမရွေး တိုက်ပွဲဖြစ်နိုင်ပါတယ်
ပြိုင်ဘက်တွေကိုတော့ ကွန်ပျူတာ စစ်တမ်းကိုယူပြီး ကျုပ်က ရွေးချယ်မှာဖြစ်တယ်
လိုက်ဖက်တဲ့ ပြိုင်ဘက်တွေကို ရွေးချယ်မှာဖြစ်ပါတယ်
လူကြီးမင်းတို့ ရဲ့ ID လက်ကောက်တွေက တဆင့် ပြိုင်ဘက်ရဲ့ ပုံရိပ်ကို
ကွန်ပျူတာဆီ လွှင့်တင်မှာဖြစ်တယ်
လူလူချင်း ချဖို့ကလွဲပြီး ဘယ်လက်နက်ကိုမှ သုံးစွဲခွင့်မပြုပါဘူး
အသင့်ပြင်ထားကြပါ
အနိုင်ရအောင် တိုက်ပါ
ပြိုင်ဘက်ကို အလဲထိုးရမှာဖြစ်တယ် ရှုံးတဲ့သူကိုတော့ အိမ်ကိုပြန်ပို့ပါမယ်
KO
ဘေးမန်းအနိုင်ရရှိ
KO
ခရစ္စတီးအနိုင်ရရှိ
ဟယ်လီနာကွ
KO
ဟယ်လီနာ အနိင်ရရှိ
KO ဟာရာဘူဆာ အနိုင်ရရှိ
KO ဂျန်းဖူ အနိုင်ရရှိ
မင်းသမီး ကာဆူမီ ဟိုက်ရာတီရဲ့ညီမ
မင်းကိုတွေ့ခွင့်ရတာ လေးစားပါတယ်ကွာ
ကျွန်မ အကိုကိုရှာဖို့ ဒီကိုလာခဲ့တာ မနှစ်ကDOAပြိုင်ပွဲမှာ သူသေသွားပြီလို့ လူတွေပြောနေကြတယ်
ဘယ်လိုဖြစ်သွားတာလဲ ကျွန်မသိချင်တယ်
မင်းအကိုက တကယ့်ကိုမြင့်မြတ်တဲ့ တိုက်ခိုက်ရေးသမားပါကွာ သူက သိက္ခာရှိရှိ အဆုံသတ်သွားတာ
ဟာရာတီဟာ လီယွန်နဲ့ ပြိုင်ရတယ်
ဒီနေရာကနေ အောကိုကျသွားတာ သူ့အလောင်းတောင် ရှာမတွေ့ဘူးလေ
မင်း ဒီမှာငါတို့နဲ့အတူနေပြီး
မင်းအကိုလိုပဲ ပြိုင်ပွဲတွေ လုပ်မယ်လို့ ငါမျှော်လင့်မိတယ်
DOA မှာ ကိုကိုနိုင်မှာပါ ကိုကိုက ကမ္ဘာ့အကောင်းဆုံးပဲဟာ
ကျေးဇူး ညီမလေး
ငါ သွားပြိုင်မယ်ဆိုရင် အပယ်ခံ ရှီနိုဘီ ဖြစ်မှာပဲ ဒါပေမယ့် ဒီစိန်ခေါ်မှုကို ငါလက်ခံရမှာပဲ
- ညီမလေးလည်း လိုက်ချင်တယ် - ဟင့်အင်း
ညီမလေးက နေခဲ့ပြီး ဂိုဏ်းကိုဦးစီးရမယ်
အေးအေးဆေးဆေးနေပါ ကာဆူမီ ဟာရာဘူဆာက ညီမလေးကို ကာကွယ်ပေးပါလိမ့်မယ်
ဟာရာဘူဆာ ငါ့ကိုယ်ပိုင်အခန်းထဲကို ဘာကိစ္စ ကျူးကျော်လာရတာလဲ?
- ဟိုကောင်မ ရောက်နေတယ် - သိတယ် ငါတွေ့ပြီးပြီ
ကျွန်တော် ထပ်ပြီးတောင်းပန်ပါရစေ မင်းသမီး အိမ်ပြန်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါ
ကျွန်တော်တို့လူတွေအတွက် မင်းသမီးမှာ တာဝန်ရှိတယ်လေ
ငါ့အကိုကိစ္စအတွက်လည်း ငါ့မှာ တာဝန်ရှိတယ်
ဒိုဗန်လိမ်ပြောတယ် သူပြောတာက လီယွန်ဆိုတဲ့ကောင်က ဗုဒ္ဓရုပ်ပွားတော် ဦးခေါင်းတော်ထက်မှာ ငါ့အကိုကို သတ်လိုက်တာတဲ့
- သူက ဘာဖြစ်လို့ လိမ်ရတာလဲ? - သူ အမှန်တရားကို ဖုံးကွယ်ထားတယ်လို့  ငါသံသယဝင်နေတယ်
ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ?
ငါ့အကိုကို မတွေ့တွေ့အောင်ရှာရမယ်
ဒါဆို ကျွန်တော်ကူညီမယ် ဟာရာတီက ကျွန်တော့်အပေါ်မှာလည်း အကိုတစ်ယောက်လိုပါပဲ
ဂရုစိုက်ပါ မင်းသမီး
- မင်းလွမ်းနေမယ်ဆိုတာ သိနေတယ်လေ - ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးတတ်တာပဲ
ငါ့ကိုပြောတာ မဟုတ်ဘူးလေ
1988ထုတ်Perrier Jouet Belle Epochကိုပြောတာ မင်းအကြိုက်ပဲလေ
အရှေ့ပွဲမှာ ရှင်ဘယ်လိုလွတ်လာတာလဲ?
No comments yet. Be the first to leave one.