The first 200 lines.
ငတုံး မင်းမအိပ်သေးဘူးလား ၁၂ နာရီထိုးနေပြီ
ထွက်သွားပါပြီ သူမရတော့ပါဘူး
ထွက်သွားပါပြီ
သူ့တက္ကသိုလ်အတွက် သူက သူရဲကောင်းပါပဲ
ပါဂတ်ဆင်းက ချန်ပီယံအသစ် ဖြစ်ပါတယ်
အသက်ငယ်တယ် တက်ကြွတယ်
ဆောက်ဟောလ်က ကောင်လေးက
သူ့ရဲ့အကြိမ် ၅၀ မြောက်တိုင်ကို ရယူနိုင်ခဲ့ပါပြီ
မင်း ၁၇နှစ်အရွယ်မှာ
မင်းတစ်ခုခု ဖြစ်လာမယ်လို့ မင်းထင်တယ်
ကျွန်တော်လည်း အဲဒီလိုထင်တယ်
ဒါပေမဲ့ ကျွန်တော်ဘာလိုချင်တာက အရေးမကြီးဘူး
ကျွန်တော့်အဖေက ကျွန်တော့်အတွက် ရွေးပေးပြီးသား
ကျွန်တော့်နာမည်က ပါဂတ်ဆင်းခါလွန်
ကျွန်တော်က ကျွန်တော့်အဖေ ရွေးပေးတဲ့ဘဝမှာ နေတဲ့သူပဲ
- အန်ကယ်..ဘောလုံးတွေ - သားလေး
မင်းကတော်တော်ချစ်ဖို့ကောင်းတာပဲ ပျော်စရာမွေးနေ့ပါ
- အဖေ ဘယ်မှာလဲ - အထဲမှာ
မရီး..ငါ့ကို စမူဆာပေး
မီးရထားကြီး ဂျုံးဂျုံးဂျက်ဂျက်
ဟယ်လို ဆိုင်နီ
ဟယ်လို ဒေါက်တာ
ငါ့အတွက် ဆေးနည်းနည်းကို ရေနွေးနဲ့ ရောပေး
သောက်စရာလုပ်ပေး
- ဂုတဂ်ျ..ဒါက ဂါဒရယ်စီရာ - မင်္ဂလာပါ
သူကတောင်ပြောနေသေးတယ်
ခင်ဗျားမှာ ဗီဇာရယ် ရှေ့နေဆိုင်နီရဲ့ လိပ်စာရယ် ရှိရင်..
အင်္ဂလန်မှာ အလုပ်ရဖို့ သေချာပြီတဲ့
ဒါ အသေအချာပဲ
ပျော်စရာမွေးနေ့ပါ
ပျော်စရာမွေးနေ့ပါ သားလေး ဂတ်တူ
- ပျော်စရာမွေးနေ့ပါ - သား ကိတ်မုန့်လှီး
- ပျော်စရာမွေးနေ့ပါ - ပျော်စရာမွေးနေ့ပါ
ပျော်စရာမွေးနေ့ပါ ဂတ်တူ
ပျော်စရာမွေးနေ့ပါ ဂတ်တူ
- ပျော်စရာမွေးနေ့ပါး ဂတ်တူ - ကိတ်မုန့်လှီး..
ပျော်စရာမွေးနေ့ပါ
- ငတုံးတွေ - ဒီနိုင်ငံမှာ မင်းတို့ကို အလိုမရှိဘူး
ငါတို့နိုင်ငံက ထွက်သွား
မင်းတို့ ငါတို့ အလုပ်တွေ ယူတယ် အချိန်တွေ ဖြုန်းနေတယ်
ထွက်သွား
- အိမ်ပြန်ကြ - အိမ်ပြန်ကြ
ဒီမှာ အလိုမရှိဘူး
- အကျည်းတန်တဲ့ ကောင်တွေ - ငါတို့ နိုင်ငံမှာ မင်းတို့ကို အလိုမရှိဘူး
မလုပ်နဲ့ အစ်ကို ဂုတဂ်ျ
ဆိုင်နီ သူ့ကိုတားထား
- မင်းတို့ကို ဒီမှာ အလိုမရှိဘူး - မင်းတို့နိုင်ငံ မင်းတို့ပြန်ကြ
ငတုံးတွေ
ဂုတဂ်ျ
အဲဒီနေ့မှာပဲ အဖေ ပြောင်းလဲသွားတယ်
ဗြိတိသျှတွေရဲ့ ညှင်းပန်းနှိပ်စက်သံကို
သူကြားပေမဲ့
ကျွန်တော်တို့ရဲ့ ငိုကြွေးသံကို သူမကြားဘူး
ဂုတဂ်ျ ဂုတဂ်ျ တံခါးဖွင့်
ဂုတဂ်ျ တံခါးဖွင့်
တံခါးဖွင့်
- ဘာဖြစ်တာလဲ - ဆိုင်နီ..
သူ ဘာဖြစ်လို့လဲ
- ဆိုင်နီ ဘာဖြစ်လို့လဲ - ဗြိတိသျှတွေ..
- ဗြိတိသျှတွေ ဘာလုပ်လို့လဲ - မြန်မြန်လိုက်ခဲ့
ငါ့ကိုပြော
ရှေ့နေ ဗီရန်ဒရာဆင်းဆိုင်နီကို သတ်တဲ့အတွက်
ဆောက်ဟောလ်မှာ ဆူပူမှုတွေ ဖြစ်လာခဲ့တယ်
၇၅ နှစ်အရွယ် လူအိုကို ဦးခေါင်းအရေခွံဆုတ်ပြီး
ရက်ရက်စက်စက် သတ်ခဲ့ကြတယ်
ဒါကို လူတွေက လူမျိုးရေး သတ်ဖြတ်မှုလို့ခေါ်ကြတယ်
ဆောက်ဟောလ်က အရှေ့တိုင်းသားတွေကြားမှာ
သောင်းကျန်းမှုတွေ ဖြစ်လာတယ်
ဘာကြောင့်လဲဆိုတော့ မျက်မြင်နဲ့ တခြားသက်သေတွေရှိပေမဲ့
ရဲတွေက ဘာမှမလုပ်ပေးကြဘူး
အဲဒီနေ့က လန်ဒန်မှာ တိမ်ထူခဲ့တယ်
မိုးရွာမယ်လို့ ခန်းမှန်းခဲ့တယ်
ရာသီဥတု အေးလာတယ်
အရာအားလုံးကတော့ ဒီအတိုင်းပဲ
ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ မတူဘူး
အမေကတော့ ဆစ်ခ်တစ်ယောက် မလုပ်သင့်တာကို
လုပ်ခဲ့လို့ စိုးရိမ်နေတယ်
သူ့ခေါင်းကိုသာဖြတ်မယ် ဒါပေမဲ့ သူ့ဆံပင်ကို ဘယ်တော့မှ မဖြတ်ဘူး
အဖေက သူ့ယုံကြည်ချက်ကို စွဲကိုင်ပြီး ပြန်တိုက်ခဲ့တယ်
အစကတော့ အန်ကယ်ဆိုင်နီ အတွက် လက်စားချေတာ
ဒါမှမဟုတ် ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကြောင့်ပေါ့
သူရဲ့တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်းနဲ့
သူ့ကို လူတွေ လေးစားလာကြတယ်
အန်ကယ် စီရာ
အိမ်နံပါတ် ၂၁ က မစ္စတာစန်ဒု
ဟာကီရက်ရဲ့ အဖေ
စက်ရုံ လုပ်သားတွေ အတွက် ဒါမှမဟုတ်
ဆောက်ဟောလ်က လူတွေအတွက်
အဖေက သူပြောသင့်တာကိုပြောခဲ့သလို ကန့်ကွက်စရာရှိတာကို ကန့်ကွက်ခဲ့တယ်
ဗြိတိသျှတွေကို မှီခိုနေရတဲ့နေ့တွေ ပြီးဆုံးခဲ့တယ်
ကျောင်းတွေ ဆေးရုံတွေ ဗလီတွေ သူဆောက်ခဲ့တယ်
သူ အားလုံးကို တည်ထောင်ခဲ့တယ်
ဆောက်ဟောလ်က အင်္ဂလန်ရဲ့ အစိတ်အပိုင်းမဟုတ်ပဲ..
ပန်ချာပီလူမျိုးတို့ရဲ့ ရွာတစ်ရွာဖြစ်လာခဲ့တယ်
အဖေက ဆောက်ဟောလ်ရဲ့ အကြီးအကဲလေ
သူ့မှာ အစီအစဉ်တစ်ခုနဲ့
ရည်ရွယ်ချက်တစ်ခုပဲ ရှိခဲ့တယ်
ဒီနေ့ရဲ့ နှိပ်စက်မှုကို
မနက်ဖြန်ရဲ့ လက်ခုပ်သံတွေက ဖုံးလွှမ်းသွားရမယ်
မနက်ဖြန်မှာ ဗြိတိန်တွေကို အုပ်ချုပ်နိုင်ရင်
ဘာလို့ သူတို့ရဲ့ အစေခံလုပ်ရမှာလဲ
အချိန်တွေ ပြောင်းလဲခဲ့ပေမဲ့ အဖေကတော့ မပြောင်းလဲဘူး
ဆင်းဆိုတာ ခြသေ့င်္ရဲ့သား
ခါလွန်ဆိုတာ ငါ့သား ငါ့သွေး
ဗြိတိသျှတွေက ငါတို့ကို အားနည်းအောင် လုပ်နိုင်မယ်ထင်လား
ဟင့်အင်း
ဒီလို ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး
ငါ့သားက အင်္ဂလန်အတွက် ခရစ်ကတ် ဘယ်တော့မှမကစားဘူး
မကစားဘူး
အဖေက သူ့ရဲ့ ဆုံးဖြတ်ချက်ကို အလွယ်တကူ ကြေညာခဲ့တယ်
ကျွန်တော့်ဘဝကတော့ ရပ်တန့်သွားခဲ့တယ်
သူကတော့ လုပ်ချင်တာလုပ်ပြီး ဆက်သွားခဲ့တယ်
ကျွန်တော်ကတော့ ဦးတည်ချက် ပျောက်ဆုံးခဲ့တယ်
တခြားလူတွေ မဆိုထားနဲ့
ကျွန်တော့်အတွက်တောင် ကျွန်တော်မရပ်တည်နိုင်ခဲ့ဘူး
ကျွန်တော့်နာမည်က ပါဂတ်ဆင်းခါလွန်
ကျွန်တော်ဟာ ကျွန်တော့်အဖေ ရွေးပေးတဲ့ ဘဝမှာနေတဲ့သူပဲ
- ဘာလုပ်တာလဲ - ဘာမှမဖြစ်ဘူး
- ဘောလုံးသွားယူ - အေး သွားယူမယ်
ငါသွားယူမယ် စောင့်နေ
ဆရာ
ဘောလုံးပေးပါ
ငါ့ကို မင်းအဖေ ဖုန်းနံပါတ်ပေး
ကျွန်တော့်မှာ မိဘမရှိဘူး
ကျွန်တော်က မိဘမဲ့
အစ်မကိုခေါ်လို့ရလား
ကျွန်မမောင် ရှင့်ပြတင်းပေါက်မှန် ခွဲလိုက်လို့
ကျွန်မလာလျော်ပေးတာ
ကျွန်မကတ်ပါ
ကျွန်တော်သူ့ကို ကစားတာရပ်ဖို့ပဲ ပြောလိုက်တာ
သူက ကလေးပဲ ရှိသေးတယ်
ရှင်က ဘယ်သူမိုလို့ သူတို့ကို တားရတာလဲ
- မစ္စ.. - ဆင်မ်ရန်ချက်ဂယ်
အချိန်မဖြုန်းနဲ့ သွားရဦးမယ်
ကျွန်တော် ဒီကတ်ကို လက်မခံနိုင်ဘူး
ဘာလို့လဲ
ရှင့်မာနကြောင့်လား
ဆောက်ဟောလ်မှာ ရှိတဲ့ ကျွန်မနာမည်ကြောင့်လား
ကျွန်မက မင်းသမီးဖြစ်ချင်လို့ အိမ်ကထွက်ပြေးလာလို့လား
ဘာလဲ
ကျွန်မသာနာမည်ကြီးရင် ရှင်ဒါကိုလက်ခံမှာပဲ
မဟုတ်ဘူး
ဒီကတ်ပေါ်က နာမည်က မစ္စရို့စ်မာတင် ဖြစ်နေလို့
ဒီတော့ ဘာဖြစ်လဲ အဲဒါ ကျွန်မအမေဟာ
သူကျွန်မကို ပေးသုံးထားတာ
ဒီမှာ
ကျွန်မမှာ မရှိတာ မဟုတ်ဘူး
ကျွန်မမှာ ကိုယ်ပိုင်ကတ်တွေ ရှိတယ်
ကြည့်
အခွေငှားကတ်.. အလှပြင်ဆိုင်ကတ်..
ရေခဲမုန့်ကတ်..
- ဇာရာလျှော့ဈေးကတ်.. - ရယ်ရတယ်
ရှင်သိလား
ကျွန်မ ပြတင်းပေါက်အတွက် မလျော်ပေးတော့ဘူး
ကျွန်မကတ်တွေ ပြန်ပေး
ရှင့်သူဌေး ရှင့်ကို လစာဖြတ်မှ ရှင်သိမယ်
ဟုတ်တယ် ရှင့်သူဌေးဂတ်တူကိုပြောတာ
သူက ကျွန်မခင်ပွန်းလောင်း ဖြစ်တော့မလို့
ခင်ပွန်းလောင်း ဟုတ်လား
ဟုတ်တယ် ကျွန်မတို့ ယူဖြစ်တော့မလို့
ယူဖြစ်တော့မလို့
အခုမှ တောင်းပန်လို့ မရတော့ဘူး
အရူး
ရှင်သိလား
လူတိုင်းမှာ ဘတ်စ်ကင်ရော်ဘင်ရေခဲမုန့်ကတ် ရှိတာ မဟုတ်ဘူး
အဲဒီကတ်ရဖို့ အမှတ် ၁၀၀၀၀ လိုတယ်
ရှင့်တံခါးကို ပြောင်းလိုက် အရူး
- ဂတ်တူ..အဖေ.. - နားထောင် ငါ..
ရဲတွေ
လုပ်စမ်း
ပြဿနာတွေကို ရင်ဆိုင်ရင်းနဲ့
အဖေ ကိုယ်တိုင်လည်း အားလုံးအတွက်
ပြဿနာဖြစ်လာတယ်
ဂျလေဘီဂျန်းရှင်းမှာ ဂျလေဘီမုန့်ကြော်တဲ့ ကျွန်တော့် ဝမ်းကွဲ ပူနိ
ဟီသရောမှာ လုပ်တဲ့ အာရှ်ပရိ
ဂျက်ဆီ နဲ့ သူ့မိန်းမ ပရီတီ
လူတိုင်းက ကျွန်တော့်အဖေ ရွေးပေးတဲ့ဘဝမှာ နေကြတယ်
ဒါပေမဲ့ သူတို့ပျော်လား
ဘယ်သူမှ မသိဘူး
ဒါက အဖေရဲ့ ပြတ်သားတဲ့ အမိန့်ဆိုတာပဲ သူတို့သိတယ်
ဒါပဲ
ဒေါ်လီ..ဒေါ်လီ ရဲတွေ ရောက်နေတယ်
အစ်ကိုက နားမလည်ဘူး..
- သတင်းထောက်တွေရောလား - မဟုတ်ဘူး သတင်းထောက်လား
သတင်းထောက် မပါဘဲ ရဲတွေက ဘာလုပ်ရမှာလဲ
အဖေ ရဲတွေ ရောက်နေတယ်
မင်းငါ့ကို ကစေချင်တာလား
- အဖေ - ရဲတွေ
- မန်မိ - သိတယ်
- စိတ်လျှော့ - အိုကေ
- အဆင်သင့်ပဲလား - အဆင်သင့်ပဲ
ဘာဖြစ်တာလဲ
- ဘာမှ မဖြစ်ဘူး - ဘာမှ မဖြစ်ဘူး
သမီး အရမ်းလှတာပဲ
- မြကျောက်တွေကို ကြည့်ရတာ.. - အရမ်းလှတာပဲ
- ဥသြဆွဲသံလား - ငါတို့ဆီ လာတာ မဟုတ်ဘူး
- ဒီအတိုင်း ဖြတ်သွားတာ - အမေ
အန်ကယ်က ရဲတွေနဲ့ ရန်ဖြစ်မလို့တဲ့
နင့် မင်္ဂလာဆောင်တော့ ပျက်ပြီ
ဘာမှ မလုပ်ရဘူး
No comments yet. Be the first to leave one.