The first 200 lines.
မနက် ၆ နာရီ ၄၂ မိနစ်
ဘက်သ်အဖေရဲ့အိမ်ကိုရောက်နေတာ
သူဒီမြို့မှာမရှိဘူး
ဒီနေ့ကတော့ သာယာပါတယ်
ဘက်သ်
- ရော့ဘ် ရှင်ဘာလုပ်တာလဲ - ဘာမှမလုပ်ပါဘူး
- ဆက်မလုပ်နဲ့တော့ - ဘာမှမလုပ်ပါဘူး
- ဒါ.. - ရပ်တော့
သူရှက်နေပြီ
အင်တာနက်ပေါ်ရောက်သွားမှာ မြင်ယောင်သေးတယ်
တားလို့ရမယ်ထင်လား
- ငါတခြားဟာတွေကို စိတ်ဝင်စားတယ် - ဘယ်လိုဟာလဲ
မင်းလိုမျိုးပေါ့
- ရှင်နော် - ကပ်လွဲသွားတာ
ကျွန်မကြောက်တယ်နော်
- မိနစ်သုံးဆယ်လောက်ပါပဲ - တော်တော့ ကျွန်မတစ်ခါမှ မရောက်ဖူးဘူး
ကိုနီကျွန်းကို တစ်ခါမှမရောက်ဖူးဘူးလား
ဘယ်လိုဖြစ်လို့ ကိုနီကျွန်းကိုမရောက်ဖူးရတာလဲ
ကျွန်မမသိဘူးလေ တစ်ခါမှမရောက်ဖူးပါဘူးဆို
ငါမင်းကိုခေါ်သွားမယ် အရမ်းပျော်ဖို့ကောင်းတယ်
ရှင်အဲဒီကိုတော်တော်သွားချင်နေတာလား
- ဟုတ်တယ် ငါမစောင့်.. - အဲဒါကျွန်မကိုပေး
မင်းဘာလုပ်တာလဲ
ပါးစပ်ပိတ်ထားတော့ ဟုတ်ပြီလား
ဒါနဲ့ပတ်သက်လို့ ငါ့သဘောထားကအဲဒါပဲ
အောင်မယ်လေး ရော့ဘ်ရယ် အွန်လိုင်းမှာတင်လည်း ဘယ်သူမှပိုက်ဆံမပေးပါဘူး
- ဘာကျန်သေးလဲ - ဘာကိုပြောတာလဲ
ချိုချဉ်တွေနဲ့ကလေးကစားကွင်းတွေကလွဲရင်ပေါ့
- ဒီနေ့ရှင်ဘာလုပ်ချင်တာလဲ - အဲဒါကိုဖြေရရင်
- ဒီဟာပွင့်ကောပွင့်ရဲ့လား - သတိထား
ဒါငါ့ကင်မရာမဟုတ်ဘူးနော်
ဖွင့်တဲ့ခလုတ်လား မှန်ဘီလူးခလုတ်လား မသိဘူးဟ
ဒီမှာ ဒီမှာ ဒီဟာထင်တယ် ပွင့်ပြီလား
ကောင်းတာပေါ့ ဒါဆိုနင်ကားနဲ့ဝင်ဆောင့်မိတာကို မှတ်တမ်းတင်လို့ရပြီ
ဒါရယ်စရာထင်လို့လား
ဘယ်အချိန်လူတွေလာမှာလဲ
- နည်းနည်းနောက်ကျနေပြီထင်တယ် - ခဏနေရင်လာတော့မှာပါ
- ဒါကြောင့်မြန်မြန်သွားမှဖြစ်မယ် - ငါတို့ဘယ်သွားနေတာလဲ
စတိုးဆိုင်ရှိတဲ့ထောင့်ကိုသွားကြမှာလေ
အဲဒီကင်မရာနဲ့လူတိုင်းကို အမှတ်တရဖြစ်စရာလေးတွေ
သွားမေးလိုက်ပါလား
ဘာလို့လဲ ဒါက မင်္ဂလာဆောင်မှမဟုတ်တာ
ငါသိပါတယ် အဲဒီလိုမျိုးလို့ပြောချင်တာ
ငါမနိုင်ဘူး
ငါဘာလို့လုပ်ရမှာလဲ နားမလည်ဘူး
ငါပြောတာက ဒီဟာကို ဘယ်လိုကိုင်ရမှန်းတောင်မသိဘူး
- မင်းအဲဒီလိုလုပ်မလို့မဟုတ်လား - မဟုတ်ပါဘူး
- မင်းလုပ်မလို့ပါ - ရှင်မသိဘဲနဲ့
ငါနင့်ကိုမေးပါဦးမယ်
ကင်မရာကနေ ငါ့ကိုနင်မြင်လား
အင်း မြင်တယ်
ကောင်းတယ် ဒါဆိုနင်ငါ့ကို ဒီအိတ်တွေသယ်တာရပ်ကြည့်နေတော့မှာလား
နင်လုပ်တာကောင်းပါတယ်
အလုပ်နှစ်ခုကိုတစ်ပြိုင်တည်း လုပ်တတ်အောင်ကျင့်စမ်းပါ
- ကောင်းတယ် အဲဒါကောင်းတယ် - ကျေးဇူးပဲ
ငါဒါကြီးကိုတစ်ညလုံး
- မသယ်နိုင်ဘူးနော် - သူကနင့်ညီနော်
ဒါအရေးကြီးတယ်
ငါနားလည်တယ် လီလီ အလုပ်ရှုပ်တယ်ဟ
- မရှုပ်ပါဘူး - ရှုပ်တယ် ငါမလုပ်ချင်ဘူး
ဂျေဆင် ငါဒါကိုစီစဉ်နေတာ နှစ်ပတ်ရှိနေပြီ
- နင်ငါ့ကိုမကူညီချင်ဘူးလား - အေးပါ အေးပါ
ဟုတ်ပါပြီ ငါလုပ်မှာပါ
သူ့ကိုစိတ်ပျက်အောင်လုပ်လိုက်ပြီ
ကလေးကလည်းကွာ ငါကစတာပါ
ဟက်.. ငါပြောတာနားထောင်ပါဦး မင်းငါ့ကိုတစ်ခုလုပ်ပေးရမယ်
ငါ့မှာလုပ်စရာရှိပြီးသား
- ဆိုင်းဘုတ်လုပ်နေလို့ - အင်း ငါမြင်တယ်
ငါပြောမယ့်ဟာက မင်းဟာထက်ပိုအရေးကြီးတယ်
မင်္ဂလာဆောင်မှာ လူတွေကင်မရာရှေ့မှာ အမှတ်တရပြောကြတယ်လေ
မဟုတ်ပါဘူး
မင်းကင်မရာယူပြီး ပါတီကိုလျှောက်သွားပြီးရင်
ရော့ဘ်အတွက် လူတွေကိုအမှတ်တရစကား ပြောခိုင်းရမယ်
ငါမသိဘူးကွာ
- ဒါအရမ်းတာဝန်များတယ် - အရေးကြီးတယ်ဟ
အဲဒါတစ်ညလုံးလုပ်ရမှာကွ
မာလင်နာလည်း ဒီကိုလာမှာနော်
- သူလာမှာလား - ဟုတ်တယ် သူလာမှာ
- ဒီတော့ မင်းကင်မရာယူလိုက်တော့ - အေးပါ
- ပြီးရင် မင်းသူ့ကိုစကားသွားပြောရမယ် - ငါမလုပ်
- ရော့ဘ်အတွက် - ငါလုပ်မယ်လို့မပြောဘူးနော်
- နည်းနည်းအားထုတ်ကြည့်စမ်းပါ - စမ်းကြည့်မယ်
ငါ့ကိုရိုက်ကွာ
- အသင့်ဖြစ်ပြီလား - အေးပြော
ကောင်းပြီ
ရော့ဘ် ငါမင်းကိုဘာပြောရမှန်းတောင်မသိဘူး
ဂျပန်မှာကံကောင်းပါစေ ငါမင်းကိုအရမ်းချစ်ပါတယ်
မင်းအတွက်ဂုဏ်ယူပါတယ်
- ဒါပဲ ဒါပဲလား
- လွယ်လွယ်လေးပါ - ပျော်စရာတော့အကောင်းသား
- ဆက်လုပ်ပါ ဟက် - ကျေးဇူးပဲကွာ
ငါလုပ်နေတာ..
ဘာလဲဟေ့လူ
ဟေ့ကောင်တွေ
- ကျွန်မတို့ဘာပြောရမှာလဲ - ဘာပဲဖြစ်ဖြစ်ပေါ့
သာယာတဲ့ခရီးလေးဖြစ်ပါစေ ဂျပန်လိုဘယ်လိုပြောလဲ
အင်း ကောင်းတယ် ဟုတ်ပြီ
- ဟက် ရှင်ဘာလုပ်နေတာလဲ - ငါဒီညကိုမှတ်တမ်းတင်နေတာလေ
ကျွန်မ ဂျေဆင်ကိုလုပ်ဖို့ပြောထားတာလေ
သြော် ဟုတ်တယ် ဂျေဆင်ငါ့ကို လုပ်ဖို့ပြောထားလို့လုပ်နေတာ
ငါအခုတော်တော်လုပ်တတ်နေပြီ
လုပ်မယ်ဆိုရင်လည်း သေသေချာချာလုပ်နော်
ဘာလို့လဲဆိုတော့ ဒါတကယ်အရေးကြီးလို့ပါ
ဒါပေါ့ ငါတကယ်အလေးအနက်ထားပါတယ်
- တကယ်အလေးအနက်ထားတယ် - ကတိပေးလား
မင်းကော အမှတ်တရစကားပြောဦးမလား
- ပြောမယ် - အခုပြောတော့
အင်းပါ
စိတ်ထဲရှိတာပြောပါ
- ဒါနောက်ဆုံးသူ့ကိုမြင်ရတာပဲ - ရပြီ ဟက် နားလည်ပြီ
ရောဘတ် ဟာကင်..
ရှင့်အစ်ကိုကို ဂရုစိုက်ဖို့ ကျွန်မလက်ထဲထားပြီးထွက်သွားတာ မယုံနိုင်သေးဘူး
ဖြည်းဖြည်းလုပ်ပါဟာ ငါဒီမှာရပ်နေပါတယ်ကွာ
ပြီးတော့ ရှင်သိပါတယ် ကျွန်မတို့က တရားဝင်မိသားစုမဟုတ်သေးပေမဲ့
- မမျှတဘူး ငါပြောမယ် - ဟေ့ကောင်
- ဟုတ်ပြီ - သူ့ဟာကိုနောက်မှဖြတ်လိုက်မယ်
ဒါပေမဲ့ ကျွန်မရှင့်ကို ကျွန်မအစ်ကိုလို သဘောထားပါတယ် ရှင်လည်းဒီလိုပဲသဘောထားမယ်ထင်တယ်
ကျွန်မတို့ကိုဖုန်းဆက်ပါ
အခုဒီအလုပ်ရပြီဆိုတော့ ကျွန်မတို့ကိုရှင်ဖုန်းခေါ်နိုင်မှာပါ
- ဟက် - အေး
ငါတောင်းပန်ပါတယ် မင်းပြောတာကောင်းတယ် တကယ်ကောင်းတယ်
- ကောင်းလိုက်တာ - တကယ်လား
နင်ပြောသွားတာ တကယ်ကိုကောင်းတာပဲ
ရှင်ဂရုတောင်စိုက်မနေဘဲနဲ့..
မင်းလုပ်နိုင်တယ်
မင်းရပါတယ် မင်းလုပ်နိုင်တယ်
- ဘာလဲကွ - ဘယ်လိုလဲ ကိုယ့်လူ
ဘာကိစ္စလဲ
တစ်ဆိတ်လောက် မာလင်နာ
ဘာတွေလုပ်နေတုန်း
မင်းသိလား ငါပါတီကလူတွေကို..
ဒါနဲ့ရော့ဘ်ထွက်သွားတော့မယ်ဆိုတာ မင်းသိလား
- သူ့ရဲ့နှုတ်ဆက်ပွဲပါတီလိုပေါ့ - အင်း
ကောင်းတယ် ငါအခုဗီဒီယိုမှတ်တမ်းတင်နေတာ လူတွေအမှတ်တရပြောပေးကြတယ်လေ
မလုပ်ပါနဲ့ ကျေးဇူးပါ ကျွန်မ ရော့ဘ်ကိုသိပ်မခင်ပါဘူး
လီလီကိုပဲ လာနှုတ်ဆက်တာပါ အဲဒါကြောင့်
အမှတ်တရပြောပေးရမှာ ကြောင်သလားလို့ ကျေးဇူးပါ
ဟုတ်ပါပြီ ဒါပေမဲ့လူတိုင်းပြောတဲ့ စကားတွေကို မှတ်တမ်းတင်ရမှာမို့လို့ပါ
နင် မင်္ဂလာဆောင်ရောက်ဖူးတယ်မဟုတ်လား
ရှင်လုပ်နေတာကိုကျွန်မသိပါတယ် ဒါပေမဲ့ ကျွန်မမလုပ်ချင်လို့ပါ
ဟုတ်ပါပြီ ဒါဆိုလည်း မြန်မြန်လေးပြောပေးလိုက်ပါ
ကောင်းပြီလေ
ရော့ဘ်.. ကျွန်မ မာလင်နာပါ
ကျွန်မတို့သုံးခါလောက်ပဲ တွေ့ဖူးမယ်ထင်ပါတယ်
တွေ့ဖူးတဲ့အချိန်တိုင်းမှာလည်း ကျွန်မကမူးနေတာဆိုတော့
ဘာပြောရမှန်းတောင်မသိတော့ပါဘူး
ရှင်အလုပ်ကောင်းကောင်းရထားတာပဲ
- ဥက္ကဌဆိုလား - ဒုတိယဥက္ကဌပါ
အဲဒါလည်းကောင်းတာပါပဲ
ဒီတော့ ကံကောင်းပါစေရှင် ကျွန်မတို့ဒီမှာ
လုံလုံခြုံခြုံပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်နယူးယောက်ကိုပြန်လာမှာမျှော်နေပါ့မယ်
- ကောင်းတယ် အရမ်းကောင်းတယ် - ဟုတ်လား
မင်းဆက်ပြောချင်ရင် ထပ်ပြောလို့ရသေးတယ်
ရှင့်မှာ လုပ်ငန်းလိပ်စာကတ်လိုမျိုးဟာရှိလား
ကျွန်မအေဂျင်စီက.. သူတို့ကပြန်တော့မှာလေ
သူတို့ဒီလိုမှတ်တမ်းတင်တာတွေ လုပ်ချင်နေတာ
- သိတယ်မဟုတ်လား - သြော် အင်း
- ကျွန်တော်က ဒါနဲ့လုပ်စားနေတာမဟုတ်ဘူး - ဘာ
- ကျွန်တော် ဒါနဲ့လုပ်စားနေတာမဟုတ်ဘူးလို့ ဟက်ပါ - ဟာ့ခ်လား
မဟုတ်ဘူး မဟုတ်ဘူး ဟက်ပါ ကျွန်တော်က လီလီရဲ့သူငယ်ချင်းပါ
- ကျွန်တော်တို့ ခဏခဏတွေ့ဖူးပါတယ် - သြော် အင်းအင်း
ရှင့်မျက်နှာရှေ့မှာ ကင်မရာနဲ့ကွယ်နေတော့..
- အဲဒါကြောင့်ကျွန်မ မမှတ်မိ.. - ဟုတ်ပါပြီ ဒါဆိုဖယ်လိုက်မယ်
- သြော် သိပြီ ဘာတွေလုပ်နေတာလဲ - အင်း
ဟုတ်တယ် မင်းကိုပြန်တွေ့ရတာ ဝမ်းသာပါတယ်
- ကျွန်မလည်း ဝမ်းသာပါတယ် တကယ်ပါ - မင်းဘယ်သွားဖို့ကြံနေလဲ
ကျွန်မအစားအသောက်တစ်ခုခုသွားယူမလားလို့ပါ
ကံကောင်းပါစေ
မင်းလိုချင်ရင် အေဂျင်စီအတွက် လိုက်လုပ်ပေးမယ်လေ
သူလှေကားပေါ်တက်လာနေပြီ အားလုံးအသင့်လုပ်ထားပါ
တစ်ယောက်ယောက် သီချင်းပိတ်ပေးပါလား
အံ့သြသွားပြီ
မလုပ်နဲ့မလုပ်နဲ့..
မင်းတို့ဒါတွေဘယ်လိုစီစဉ်ထားတာလဲ
အေးဆေးပေါ့ကွာ
- နေကောင်းလား - ဒါယူထား
- ကောင်းပါတယ် ကျေးဇူးပါ - ဘယ်လိုလဲ
ကောင်းတယ်
- ဘယ်လိုလဲ သူငယ်ချင်း - စကားပြောပါ
- စကားပြောပါ စကားပြောပါ - စကားပြောပါ
- ဒါအရမ်းအံ့သြဖို့ကောင်းပါတယ် - ထင်ပါတယ်
- သေချာတာပေါ့ - အံ့သြအောင်လုပ်တဲ့ပါတီလေ
အင်း
အရမ်းပျော်ပါတယ် ကျေးဇူးပဲ လီလီ
အားလုံးအကြံပါဟာ
အားလုံးကျေးဇူးပါဗျာ ဒါက..
ကျွန်တော့်အတွက် ဒါအရမ်းတန်ဖိုးရှိပါတယ် ဒါပါပဲဗျာ ကျေးဇူးအရမ်းတင်ပါတယ်
- ကောင်းသောနေ့ဖြစ်ပါစေ - ပါတီစမယ်
- မင်းအံ့သြသွားလား - သိပ်တောင်မအံ့သြသလိုပဲ
မင်းအခုခံစားနေရတာကို ပြောပြပါလား
မပြောတတ်ဘူး ရိုးနေပါပြီ နည်းနည်းလည်းပျင်းနေတယ်
- မဟုတ်ပါဘူးကွာ ဒါနဲ့ဂုဏ်ပြုပါတယ်ကွာ - အေးပါ အရမ်းမိုက်ပါတယ်
မင်းကကော ဗီဒီယိုကင်မရာနဲ့ဘာလုပ်နေတာလဲ
ငါကဒီညကိုမှတ်တမ်းတင်နေတာလေ
ဒါမှမင်းဂျပန်ကိုအမှတ်တရယူသွားနိုင်မှာပေါ့
ဒါဆိုငါညတိုင်း
- ဟိုရောက်ရင်ကြည့်နိုင်တာပေါ့ - ဂျေဆင်ကငါ့ကို..
- ကြည့်နိုင်တာပေါ့ - ကောင်းတယ်
ဟုတ်ပြီ ကျေးဇူးပဲ
ဒီနေ့ဘက်သ် လာသေးလား ဟက်
No comments yet. Be the first to leave one.