The Wolverine

The Wolverine

Download Burmese Subtitle

Release info

The wolverine2013 1080p BluRay
A Commentary by diegogentilli
enjoy guys. cheers

Tags

BluRay
1080
Published on: 2014-01-16
Downloads: 66
Hearing Impaired: Yes

Burmese subtitle preview

The first 200 lines.

ဟိုမှာ တိုက်လေယာဉ်တွေ လာကုန်ကြပြီကွ

- သူတို့ ဟီရိုရှီးမား ကမ်းခြေတစ်ခုလုံးကို ဖျက်ပစ်တော့မှာ

အကာအကွယ် ယူကြပေတော့ဟေ့

မင်းဘယ်သွားမလို့လဲ

ကယ်ကြပါ

ဒီမှာ ဒီမှာ

ဟေ့ကောင် သူတို့ကို မပစ်နဲ့ကွ

ဟေး ... မင်း

လွတ်ရာကို သွားနေစမ်း

သွား

- အဲ့ဒါ ဘီ ၂၉ နြူကလိယားဗုံးကွ ဘယ်ပြေးပြေးမလွတ်ဘူး

ရာရှီဒါ

ရာရှီဒါ မင်းဘာလုပ်နေတာလဲ

ဒီကိုလာစမ်း

မင်း ဒီအောက်ကိုဆင်းနေရင် ပိုကောင်းလိမ့်မယ်နဲ့တူတယ်

- ရာရှီဒါ - ဟုတ်ကဲ့ လာပြီ

ငါသာ မင်းဆိုရင် မြန်မြန်ဆင်းပုန်းနေမှာ

ပြေးပေတော့

ဝပ်နေ

နေဦး မသွားနဲ့ဦး နေဦး

ဘေးမကင်းသေးဘူးကွ

အိပ်ရာက ထပါတော့

ရှင် ဘာတွေ စိတ်ကူးယဉ်နေတာလဲ

နာဂါဆာကီ တိုက်ပွဲအကြောင်း

အဲ့ဒီလောက် ခေတ်နောက်ပြန်ကျရသလား

မင်း ပြန်ရောက်လာတာ ....

ဒါပေါ့

ဒီမှာပဲ နေပါတော့လားကွာ

မဖြစ်နိုင်တာ ရှင်သိပါတယ်

ဂျင်းန် .. ကိုယ်တောင်းပန်ပါတယ်ကွာ

ကျွန်မ သိတယ်

- ကိုယ်မင်းကိုရော ဘယ်သူ့ကိုမှ နောက်ထပ် အနရာယ်မပေးတော့ပါဘူးကွာ

ကိုယ်ကတိပေးတယ်ကွာ

တစ်ခါမှ မတည်တဲ့ကတိလား

မလှောင်ပါနဲ့ကွာ

အရမ်းနောက်ကျသွားပြီလေ

နိုး.. နိုး ဂျင်းန်

နိုး... နိုး မသေပါနဲ့ကွာ

ရှင် ဖုံးကွယ်ထားလို့မရပါဘူး

နို.. နိုး ... မလုပ်ပါနဲ့ကွာ

ရှင် မေ့လို့မရဘူးနော်

နိုး.. ဂျင်းန် .. နိုး..

နိုး.......

- ဒါတွေအားလုံးစတိုးခရစ်ဒစ်ထဲပဲထည့်လိုက်မယ် ကျေးဇူးပဲကွာ

- မြှားတွေပါပြီလား - အင်း

မြှားတွေ မေ့မကျန်ခဲ့ဘူးမို့လား

- အေးကွာ အက်ဒီရာ ငါမမေ့ပါဘူးကွ

ဟုတ်ပြီကွ

ဟေး....

ဘာလုပ်တာလဲကွာ

- မင်းကွာ သူ့ခြေထောက်ကို မှန်တော့မလို့ သီသီလေးပဲလိုတယ်

ရှင်က မုဆိုးမဟုတ်ဘူးမို့လား

လုပ်မစားတော့တာ ကြာပါပြီဗျာ

ဘာဖြစ်တာလဲဟ

ငါ မလုပ်ပါရစေနဲ့ကွာ

- အဲ့ဒါကြီးက ၁၂ ပေလောက်ကို မြင့်တယ်

ဘာသံမှကို မကြားလိုက်ရပဲနဲ့

ငါတို့နားကို ကပ်လာတာ

- အရင်ဆုံး ရိုင်လီ့ကို ဆွဲသွားတာ - နောက် .. အက်ဒီ

- တဲကို ဖျက်ပြီး နှင်းလျှောတွေကို ပါ တစ်စစီလုပ်သွားတာ

ဝက်ဝံ တိုက်ခံရတယ်ဆိုတာမင်းလား

ဟုတ်တယ် ငါတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တာ

ကျုပ် ဒီလူ့ကို ဒကာခံပါရစေ

တစ်ဆိတ်လောက် .. နာမည်လေးသိပါရစေ

လိုဂန်လို့ခေါ်တယ်

- ပြီးတော့ ဒါက အဆိပ်လူးထားတဲ့ မြှားထိပ်ပဲ ငါသိသလောက် တရားမ၀င်ဘူး

- မေးလေကွာ ဘယ်ကရှာတွေ့တာလဲလို့

မေးလို့ပြောနေတယ်

မင်းဘယ်ကရှာတွေ့တာလဲ

အင်း .. တော်တော်လည်း တတ်နိုင်တဲ့ကောင်

ငါ .. အဲ့ဒီ့ဝက်ဝံရဲ့ကျောက နှုတ်လာခဲ့တာကွ

ပစ်လိုက်တာ ဘယ်သူပဲဖြစ်ဖြစ်

သေလောက်အောင်ခံစားရမယ့်အဆိပ်နဲ့

ဝက်ဝံကို ပစ်

ရူးအောင်လုပ်ပြီးမှ

- လူငါးယောက်စလုံးကို သွားသတ်ဖြစ်အောင် လုပ်ထားခဲ့တာကိုး

ခင်ဗျားပြောနေတာတွေ ကျုပ်မသိဘူးနော်

ကျုပ်မြှားမှာ တစ်ခါမှ အဆိပ်မသုတ်တာကို

ဒါဆိုရင်တော့ မင်းဘာမှ စိုးရိမ်စရာမလိုတော့ပါဘူး

နာလိုက်တာကွာ

တော်တော်နာတယ်ကွ

ကတိဖျက်မိပြန်ပြီ ဂျင်းန်ရာ

ကျွန်မသာဆိုရင် သူတို့အတွက် အချိန်ကုန်ခံမနေဘူး

ရှင်မသတ်ရပဲနဲ့ သူတို့တွေ မကြာခင်သေရတော့မှာ

သူတို့သုံးယောက်စလုံး နောက်တစ်ပါတ်ကြာရင် ထရပ်ကားထဲမှာပဲ သေသွားလိမ့်မယ်

ဒီဓားက နှစ် ရာနဲ့ချီပြီးကြာနေပြီ

ပထမဆုံးသုံးခဲ့တဲ့ ဆာမူရိုင်းက ဒန်ဇန်လို့ နာမည်ပေးခဲ့တာ

ခနာကိုယ်နဲ့ ခေါင်းနဲ့ကို ခွဲခြားပစ်မယ်ဆိုတဲ့ ဂျပန်လိုအဓိပါယ်ရတယ်

လူတစ်ယောက်ကို ခေါင်းဖြတ်မယ်ဆိုရင် အကောင်းဆုံးလက်နက်

ဝိုး..

ဘယ်လိုလဲ တွေ့လား ....

ကားကို နောက်ဘက်မှာရပ်ထားတယ်

တက်လေ

ဆောရီး အဲ့ဒါငှားလာတာ

မင်းဘယ်သူလဲ

ကျွန်မလား .. ယူကိုပါ

ပြီးတော့

ရှင့်ကိုလိုက်ရှာနေတာ တစ်နှစ်လောက်ရှိပြီ

ဘာလို့ ...

ဒါလေးပေးဖို့

ကျွန်မ အလုပ်ရှင်က ရှင့်ကို ပေးချင်နေတာ

မင်းအလုပ်ရှင်က ဘယ်သူလဲ ...

ဆရာကြီး ယာရှီဒါ

သူက အဲ့ဒါကို ရှင်ပိုင်တယ်လို့ပြောလိုက်တယ် ပြီးတော့ ရှင့်ကို ကြွှေးပြန်ဆပ်တာတဲ့

ဆရာကြီး ယာရှီဒါက ခုဆိုသေလုမျောပါးဖြစ်နေပြီ

တစ်ခါတုန်းက သူ့အသက်ကိုကယ်ခဲ့တဲ့အတွက် ရှင့်ကို ကျေးဇူးတင်နေတာ

ရှင်ကလည်း အလုပ်များတဲ့သူဆိုတာ

သူသိပါတယ်တဲ့

ဒါပေမယ့် ရှင့်ကို သူကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ချင်ပါတယ်တဲ့

ဟုတ်ပြီလေ .. ခုသူဘယ်မှာလဲ

တိုကျိုမှာ

နေဦ .. ငါ ဂျပန်အထိတော့ မသွားနိုင်ဘူးနော်

ဒါဆိုရင်တော့ အရမ်းရိုင်းပျရာ ကျသွားမှာပေါ့ရှင်

ကောင်းပြီ .. မင်းဆရာကြီး ယာရှီဒါကို တောင်းပန်လိုက်ပါ ဂျပန်ထိတော့ မသွားနိုင်ဘူးကွ

ဟုတ်ပြီနော် ငါ့မှာလည်း အလုပ်တွေ ရှိသေးတယ်

တောင်းပန်စရာမလိုပါဘူး

ဝူးဗရင်း ( ၀ံပုလွေကြီး ) နဲ့ တွေ့ရတာကိုက ဂုဏ်ယူစရာပါပဲ

ငါ မင်းပြောတဲ့ကောင် မဟုတ်တော့ဘူးကွ နားလည်လား

စိတ်ဝင်စားစရာပဲ ..

တရားမျှတမှုကို ရှာဖို့မဟုတ်ပဲ အဲ့ဒီ့ဘားကို ဘာလို့ပြန်သွားတာလဲ

- မသိဘူးကွာ - ရှင်မသိဘူး

- မသိဘူးကွာ - ရှင်သိတယ်လို့ ကျွန်မတော့ထင်တယ်

- ကားကိုရပ်လိုက်တော့ - ရှင်က စစ်သည်တော်တစ်ယောက်နော်

မဟုတ်ဘူးကွာ .. ကားကိုရပ်လိုက်တော့

ရှင်က စစ်သည်တော်တစ်ယောက်ပါဆို

ကားကို ခုရပ်စမ်းကွာ

ခုချက်ခြင်း

ရှင်က စစ်သည်တော်တစ်ယောက် စစ်သည်တော်တိုင်းလုပ်တဲ့ အလုပ်ကို ရှင်လုပ်တာပဲ

ပြောပါဦး အဲ့ဒါကဘာလဲ

ရှင့်နာကျင်မှုတွေကို အဆုံးသတ်ဖို့

ဂုဏ်သိကာရှိတဲ့ သေခြင်းတရား

ငါ နင်ကျင်နေတယ်လို့ ဘယ်သူပြောလဲ

ညတိုင်းအိမ်မက်ဆိုးတွေ မက်တဲ့သူတစ်ယောက်မှာ နာကျင်မှုတွေ ရှိတာပေါ့ရှင်

တစ်ရက်ပဲနော်

မင်းဆရာကြီးကို နှုတ်ဆက်ပြီးတာနဲ့ ချက်ချင်းပြန်ဆင်းမယ်

အိုကေ

လေတိုက်နှုန်းပေါ်မူတည်ပြီး ၁၅ နာရီလောက်တော့ စီးရမယ်

၁၅ နာရီတောင်

လေယာဉ်စီးရတာ မကြိုက်ဘူးလား

သိပ်ကြိုက်တာပေါ့ကွာ

ကူဇူရီ

ကူဇူရီ...

ကူဇူရီ

ကူဇူရီဆိုတာက ဘာကိုဆိုလိုတာလဲ

မကောင်းဆိုးဝါး

နာကျင်မှုမရှိ

- ခင်ဗျားမှာ ဘာနာကျင်မှုမှ .... - သိပ်နာကျင်တာပေါ့ကွ

အရမ်းကို နာတာ

ခင်ဗျား အသက်ဘယ်လောက်ရှိပြီလဲ

မမှတ်မိတော့ဘူး

စစ်ပွဲတွေအများကြီးတော့ ကြုံခဲ့ပြီးပြီ

နားလည်လား

စစ်ပွဲတွေအများကြီးကိုလည်း ဖြတ်သန်းခဲ့ပြီးပြီ

ကျွန်မတို့ ရောက်ခါနဲီးပါပြီ

အဲ့တော့ မင်းက အနာဂတ်ကို မြင်နိုင်တယ်ပေါ့

မြေပုံတွေပဲ ဖတ်နိုင်တာပါရှင်

ဘားထဲက သောက်ရူးတစ်အုပ်ကို မကြာခင်သေမယ်လို့ မင်းပဲပြောခဲ့တာကို

လူတိုင်း သေမျိုးချည့်ပဲဟာကို

တစ်ချိန်ကျရင် အကုန်သေကြမှာ

မင်းပြောတာက ထရပ်ကားထဲမှာ တစ်ပါတ်အတွင်းသေမှာဆို

အဲ့ဒါမှန်ရင်တော့ တစ်ကယ့်ကို ပါရမီရှင်ပဲ

ကျွန်မတို့အားလုံးမှာ လက်သည်းချွန်ကြီးတွေ မရှိဘူးလေ

ငါ ဒီလေယာဉ်ပေါ်မှာပဲ သေရမှာလား

ဟင့်အင်း

ဒီ တစ်စင်းပေါ်မှာတော့ မဟုတ်ဘူး

အရောင်တွေတော့စုံတယ်နော်

ဒါပေမယ့် ခုတစ်လော ဂျပန်မှာ မကောင်းမှုတွေချည့်ပဲ ဖြစ်နေတယ်

တစ်ချို့က ဆရာကြီး ယာရှီဒါ ဖျားနာတာနဲ့

ဂျပန်မှာ ကပ်ဆိုးကြီးကျတော့မယ်လို့ ဟောချက်ထုတ်ကြတယ်

သူက ဘုရားလားကွ

မဟုတ်ပါဘူး သာမန်လူတစ်ယောက်ပါပဲ

ဒါပေမယ့် တစ်ကယ့် အာဂ လူ

စစ်ပွဲကြီးပြီးသွားတဲ့ အခါမှာ ဒီနိုင်ငံကို သူပဲ ပြန်ပြီးစည်းလုံးနိုင်ခဲ့တာ

သူ့ရဲ့လုပ်ငန်းတွေက လည်း ဂျပန်မှာ အကြီးမားဆုံးဖြစ်လာတယ်

ဝိုး ... အရမ်းသိလှချည်လားကွာ

်ဆရာကြီး ရာရှီဒါကို ကျွန်မတစ်ဘ၀လုံး ကျွေးတင်နေတယ်

သောက်တလွဲတွေ မတွေးပါနဲ့

သေနတ်တွေ အများကြီးပါလား

ဒီမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်လေ

လူသတ်ဖို့ကြိုးစားတာတွေ ... ပြန်ပေးဆွဲဖို့ကြိုးစားတာတွေရော ....

ဘယ်သူလုပ်တာလဲကွ

ယာကူဇာ လူဆိုးဂိုဏ်းလေ

- အစိုးရ အင်အားချိလာတာတာနဲ့အမျှ သူတို့က အင်အားကြီးလာကြတာ

- သူ့မှာလက်နက်ပါတယ်ကွ - သူက ငါတို့လူပါပဲ

ယူကို ... သူ့မှာသေနတ်ပါတယ်ကွ

တင်ပါးဆုံ ရိုးကို စတီးချောင်းတပ်ထားတာပါကွ

အား .. သေးလှချည်လားကွာ

အရမ်းသေးတယ်ဟေ့

ဟေ့

ဒီဘက်..ကို

အဲ့ဒါဘယ်သူလဲ

- ရှင်ဂန် ဆရာကြီး ယာရှီဒါရဲ့သား

တော်လှချည်လား

မဆိုးပါဘူးလေ

ဒါဆိုရင် သူက စစ်ထဲတုန်းကလို လူဆိုးကြီး မဟုတ်တော့ဘူးလား

ဆရာကြီး ယာရှီဒါက ရိုးရာဆန်တယ်

အတိတ်ကိုလည်း မမေ့သလို အနာဂတ်ကိုလည်း မျက်ခြေပြတ်ခံတဲ့သူ မဟုတ်ဘူး

အဲ့ဒါ မာရီကိုလေ ဆရာကြီးရဲ့ မြေး ..

မာရီကို

နင် ဘာဖြစ်နေတာလဲ

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left