Abigail

Abigail

Download Burmese Subtitle

Release info

Abigail 2019 BR UNI
A Commentary by aungmyintoo

Tags

other
Published on: 2021-07-23
Downloads: 128
Hearing Impaired: No

Burmese subtitle preview

The first 200 lines.

အဖေ့သမီးလေးကို တွေ့ပြီကွ

- အိမ်ပြန်တဲ့လမ်းကို လမ်းပြပါဦး - ဘာလဲဟင်

သမီးတို့ လမ်းပျောက်နေတာလား

လမ်းပျောက်တယ်

မဟုတ်ဘူး မဟုတ်ဘူး

အဖေတို့က ဒီလို ဖြစ်နေတာ မဟုတ်ဘူး

ခေါင်း ... ခေါင်းကို မော့လိုက်

သမီး ဟိုဘက်အဆုံးက ကြယ်ကို တွေ့လား

အဲဒီမှာလေ

အဲဒါက ဓူဝံကြယ်လေ

အဲဒါက အခု မြောက်အရပ်က ဘယ်ဘက်မှာ ရှိတယ် ဆိုတာကို ပြောပြတာပဲကွယ့်

အခု အဖေတို့ သိထားတာက

မြောက်အရပ်က အဲဒီဘက်မှာပဲ

အဖေတို့က ဒီက တောင်ဘက်မှာ ရောက်နေတော

ဒီတော့

အဖေတို့ အိမ်အပြန်လမ်းကို ရှာလို့ရပြီပေါ့

သမီး လမ်းပျောက်တဲ့အခါတိုင်း

သမီးရဲ့ ခေါင်းလေးကို မော့သာထားလိုက်

အခု အိမ်ကို ပြန်ကြရအောင်

အမေက ကိတ်မုန့်ဖုတ်ထားတယ်တဲ့

စားကောင်းမှာ သေချာတယ်

မစ္စတာ ဂဲရက်

အက်ဘီဂေးလ်

− ဒါက ဘာလေးလဲ − ဘာလေးလဲ

ဝီလျံ

ကာကွယ်ရေးဌာနချုပ်ရဲ့ အကြီးအကဲက ဒီကို ဘာများ လာလုပ်တာပါလိမ့်

အင်း ဒါက မင်းတို့ဌာန တစ်ခုလုံးအတွက် အမိန့်စာပဲ

မင်္ဂလာညနေခင်းပါ မစ္စတာ ဂဲရက်

ဒီ မလိုလားအပ်တဲ့ကိစ္စက ဘာတွေလဲ

ငါ ဒီမြို့အတွက် လုပ်ပေးခဲ့တာကို မင်းသိပါတယ်

သူတို့အတွက် ငါက ဘယ်လောက် အရေးပါတယ် ဆိုတာကိုရော

ဝီလျံ

ငါ မင်းကို ဘာဖြစ်လာမလဲ ပြောပြမယ်

ငါသာ အပြင်ထွက်သွားလိုက်ရင်

ဘယ်သူမှ ငါ့ကို လက်နဲ့တောင် တို့ရဲမှာ မဟုတ်တော့ဘူး

အဖေ

မစ္စတာ ဂဲရက်ကို လက်ဖက်ရည် တိုက်လိုက်ပါလား

ဟုတ်တယ် သမီးရေ မစ္စတာ ဂဲရက် က လက်ဖက်ရည်တော့ သောက်ချင်မှာပါ

ဒါပေမဲ့ အိပ်ချိန်ရောက်ပြီနော်

သူ့ကို သွားသိပ်ဖို့ နာရီဝက်လောက် အချိန်ပေး

- အဖေ - ရှုး

အဖေ ဘာပါလာလဲ ကြည့်လိုက်စမ်း

လက်ဆောင်လေး

သမီးအတွက် အဖေ အထူးလုပ်ထားတာ

လှလိုက်တာ လုံးလုံးလေး

ဒီထဲမှာ

သမီးအတွက် အဖေ့ရဲ့ နှလုံးသားကို ထည့်ထားတယ်

အမြဲကိုယ်နဲ့မကွာဝတ်ထားရမယ်နော်

− ဟုတ်ပြီလား − ဟုတ်ကဲ့

ကျေးဇူးပါ အဖေ

အခု အိပ်တော့နော် မင်းသမီးလေး

မျက်လုံးတွေကို မှိတ်ထား

သမီး အိပ်ပျော်သွားတဲ့အထိ စောင့်ပေးမယ်

သူ ရောဂါဖြစ်တာ မဖြစ်နိုင်ဘူး

ရှင်တို့ သေချာ မစစ်ဆေးရသေးဘဲနဲ့

ခင်ဗျားယောက်ျားက ရောဂါကူးသွားပြီ

သူရော ဓာတ်ခွဲခန်းက လူတွေရော

စိတ်မကောင်းပါဘူး မာဂရက်

ဝီလျံ ... ဝီလျံ - နေပါဦး တောင်းပန်ပါတယ် မလုပ်ပါနဲ့

ရွိုင်း ရှင်သူ့ကို မစစ်ဆေးရသေးပါဘူး

အဖေ

အခု စကားပြောနေတာကတော့

ကာကွယ်ရေးဌာနချုပ်က အကြီးအကဲပါ

အချိန်ကာလတစ်ခုအထိ နယ်နိမိတ်စည်းက တိတ်ဆိတ်ပြီး ငြိမ်းချမ်းစေခဲ့ပါတယ်

ဒါပေမဲ့ ကပ်ရောဂါဆိုးကတော့

တစ်ဖန်ပြန် ကျရောက်လာပါပြီ

ဟင်နရီကို အီယန်ဂိုဏ်းက ဓားစာခံအနေနဲ့ ဖမ်းထားတယ်

လမ်းပျက်ကြီးမှာ ငါတို့ ကိုးနာရီ တွေ့ကြမယ်

ကူးစက်ခံထားရတဲ့လူအရေအတွက်ဟာ

နာရီတိုင်းမှာ တိုးလာနေပါတယ်

ဒါကိုဖြေရှင်းဖို့ အားလုံး

စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းကြဖို့ လိုပါတယ်

ကာကွယ်ရေးဌာနမှ အင်စပက်တာများက ရောဂါကူးစက်ခံထားရသူတွေကို

ရောဂါကူးစက်ခံရပြီး အစောပိုင်းအဆင့်မှာပဲ ဖမ်းမိနိုင်ဖို့

နေ့ ညမအား ရှာဖွေစစ်ဆေး လျက်ရှိပါတယ်

ဒီရောဂါဟာ အရမ်းကူးစက်လွယ်ပြီး

ကူးစက်ခံရတဲ့မည်သူမဆို

ပြင်းထန်တဲ့ဝေဒနာ ခံစားရပြီး သေဆုံးမှာဖြစ်ပါတယ်

တစ်မြို့လုံးကို မပျံနှံ့သွားဖို့ လုပ်နိုင်တာ

အကုန်လုပ်နေပါတယ်

ကူးစက်ခံရတဲ့အချိန်မှာ ထူးခြားတဲ့ ရောဂါလက္ခဏာမရှိပါဘူး

ကူးစက်ခံထားရခြင်းရှိမရှိကို အထူးပြုလုပ်ထားတဲ့ စက်တွေနဲ့ပဲ သိနိုင်ပါတယ်

ကူးစက်ခံရခြင်း အဆင့် ၂ မှာတော့

ကူးစက်ခံရသူဟာ ဖျားလာပါမယ်

အဆင့် ၃ မှာဆိုရင်တော့

ထင်ယောင်ထင်မှားတွေမြင်လာရနိုင်ပါတယ်

အဆင့် ၃ မှာတော့

ကူးစက်ခံရသူဟာ အရမ်းကိုကူးစက် လွယ်နေပါပြီ

အဲ့ဒါကြောင့် ပြည်သူလူထု လုံခြုံရေးအရ

ကူးစက်ခံရတဲ့သူ အကုန်လုံးကို သီးသန့်ထားရှိမှာ ဖြစ်ပြီး

အဆင့်၃ မဖြစ်ပွားခင်မှာ ဝေဒနာမခံစားရစေဘဲ ဆေးထိုးပြီး အဆုံးစီရင်မှာပဲ ဖြစ်ပါတယ်

ကူးစက်ခံရသူတွေကို စောင့်ရှောက်ထားတဲ့

သူတိုင်းကို သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး

နိုင်ငံတော်ပုန်ကန်မှုနဲ့ အပြစ်ပေးခံရပါမယ်

ညမထွက်ရ အမိန့် အသက်ဝင်ပြီ ဖြစ်တာကြောင့်

အားလုံး ကိုယ့်အိမ်မှာပဲ နေကြဖို့ တိုက်တွန်းပါတယ်

သူက ငါတို့ရဲ့ ဓားစာခံပဲ

သူက ငါတို့ရဲ့ တားမြစ်နယ်မြေထဲကို ရောက်လာတာ

မင်းတို့ထဲက အနည်းဆုံးတစ်ယောက်ကတော့

မင်းတို့အမျိုးတွေလို

ကူးစက်ခံထားရမှာ အသေအချာပဲ

မင်းတို့ကို ဆေးထိုး သတ်ပစ်လိမ့်မယ်

ဒီတော့ ငါတို့ စိတ်ကောင်းဝင်နေတုန်း

ထွက်သွားလိုက်တော့

နင်တို့အခု ပွဲရှာရင်

အင်စပက်တာတွေ ချက်ချင်းရောက်လာလိမ့်မယ်

နင့်ပါးစပ်ကိုပိတ်ထားစမ်း

ရောဂါသည်ရဲ့ သမီးကများ

ခေါင်မိုးပေါ်ကိုတက်ပြီး အရင်ဆုံး မီးညှိနိုင်တဲ့လူက အနိုင်ရမယ်

ငါနိုင်ခဲ့ရင် နင် သူ့ကို လွှတ်ပေးရမယ်

ပြီးရင် နင်က

သူ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ရမယ်

ဒူးထောက်ပြီးတော့

ငါနိုင်ခဲ့ရင်ရော

ဒါဆို ငါက သူ့အစား နင်ရဲ့ ဓားစာခံအနေနဲ့ နေပေးမယ်

အေး ဒါဆို အဆင်သင့်ပြင်ထားတော့

နင် အချိန်အကြာကြီး အိမ်ပြန်ရမှာ မဟုတ်ဘူး

ဖမ်း

လုပ်ထား

ဟေ့ သွားကြတော့

အင်းစပတ်တာတွေ

အင်းစပတ်တာတွေ

ဆက်သွယ်မှု ပထမအဆင့် သူ့ကို ခေါ်သွားလိုက်

မင်း ဘယ်လိုတွေးနေလဲတော့ ငါမသိဘူး

ခဏနေ အိမ်တော်ကိုလာခဲ့မယ်

စိတ်ပူမနေပါနဲ့

ငါထင်တာတော့ အကုန်လုံးက

အဖေတို့ အခု ဒါကို စစ်ဆေးကြတော့မလား

ပြောပြပါဦး သမီး ဘာတွေမှတ်မိလဲ

သမီး အဖေနဲ့ ထိုင်နေတယ်

ဟုတ်ပြီ ထိုင်တယ်

ပြီးတော့ အိပ်ပျော်သွားတယ်

အဲဒါပဲ

သမီး အိပ်ပျော်သွားတယ် ပြီးတာနဲ့ မေ့သွားတယ်ပေါ့

အဖေ ဒါက ဘာပစ္စည်းလေးလဲ

အိုး ဒါလေးက ... ဒါလေးက သမီးစဉ်းစားစရာ မလိုပါဘူး

အဖေ့မှာ ဘာလို့နာရီတွေအများကြီးရှိတာလဲဟင်

ဘယ်အချိန်ရှိပြီလဲဆိုတာ အဖေမသိဘဲ မနေအောင်ပေါ့

နာရီတွေက အဖေနဲ့ သမီးတို့ရဲ့ အချိန်တွေကို ကာကွယ်ပေးတယ်လေ

သမီးက ဒီမှာထိုင်နေရင်းနဲ့ တစ်ချက်ချက် မြည်သံကိုနားထောင်ရင်း

အဲ့ဒီ တစ်ချက်ချက်မြည်သံတွေ အကုန်လုံးကို

သမီး မသိလိုက်ခင်မှာပဲ

ပျောက်သွားလိမ့်မယ်

ဒီနေ့က အားလပ်ရက်ပဲ

ဒီနေ့ အားလပ်ရက် မဟုတ်ပါဘူး အမေရယ်

အမေကိတ်မုန့်ဖုတ်ပေးမယ်

သမီးက ဂျုံမှုန့်နည်းနည်းသွားဝယ်ပေး

သမီး ဒီနေ့အပြင်မထွက်ချင်ဘူး

ဘာလို့လဲ သမီးလေးရယ်

ဒီနေ့ လူတွေအကုန်လုံး မြို့တော်ခန်းမကို သွားနေကြတာလေ

သမီး စိတ်မပါလို့

အမေ့ဘာသာ သွားမလို့ပါပဲ ဒါပေမဲ့ ညနက်တဲ့အထိ စက်ထိုင်ချုပ်ရမှာမို့လို့

ဟုတ်ပြီလေ

တစ်ဆိတ်လောက်ပါရှင့်

ကျမကို ဂျုံမှုန့်လေးနည်းနည်းဝယ်ခဲ့ပေးပါ

အမေ ဘာလုပ်တာလဲ မရဘူးလား ရတယ် အဆင်ပြေပါတယ်

တဆိတ်လောက်ရှင့် ကျမသမီးလေး အက်ဘီဂေးလ်က ဒီနေ့စိတ်မပါလို့ပါတဲ့ရှင်

ရပြီ သမီး သွားမယ် သွားပါ့မယ်

အမေ့ကို သကြားပါ ဝယ်ခဲ့ပေး

ကူးစက်မှုထိန်းချုပ်ရေးကပါ ရပ်လိုက်

ဒီတစ်ယောက်ကို ငါပဲ ကြည့်လုပ်လိုက်မယ်

အမေတော့ အင်စပက်တာ တစ်ယောက်ကို ရိုက်လိုက်မိပြီ အဲဒါပဲ

အမေတို့တော့ သွားပြီ သူတို့ အမေတို့ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး

− အမေတို့ ထွက်ပြေးမှ ရတော့မယ် - အမေ တော်ပါတော့

သမီးတို့မှာ ပြေးစရာမြေမရှိဘူး

ဒီမြို့ထဲကထွက်သွားလို့မရဘူးလေ

နားထောင်ပါဦး ရွိုင်းက အဖေ့သူငယ်ချင်းလေ

သူတို့နှစ်ယောက်ကို အတူတူဖမ်းသွားတာလေ အခု သူက အင်စပက်တာ ဖြစ်နေပြီ

ဒါဆို အဖေလည်း အသက်ရှင်လျက် ရှိချင်ရှိမှာပေါ့

မင်းအဖေက သေပြီ သူက ကူးစက်ခံခဲ့ရတာတဲ့

ရွိုင်းလည်း ကူးစက်ခံခဲ့ရတာပဲလေ

သူသာ နေမကောင်းဖြစ်နေတယ်ဆိုရင်

လွန်ခဲ့တဲ့ ၁၀နှစ်ကတည်းက သေရောပေါ့

အက်ဘီ တော်တော့ ပစ္စည်းတွေ ထည့်

ငါတို့မပုန်းရင် သူတို့ လာဖမ်းကြလိမ့်မယ်

အမေရယ် နေပါဦး အမေ

ရွိုင်း သမီးတို့ကိုမတိုင်ရဲပါဘူး

မင်းက ဘယ်လိုသိလဲ

မဟုတ်ရင် သူ သူ့မိန်းမကို လာလာခိုးတွေ့ နေတာတွေ

သူတို့မှာ သားတစ်ယောက် ရှိတာတွေ

အကုန်ဖွင့်ချလိုက်မှာပေါ့

သူက ဘာလို့ ကလေးကို ဖွက်ထားတာလဲ

အင်စပက်တာတွေက ဘာလို့ မျက်နှာဖုံးဝတ်ကြတာလဲ

သူတို့ထဲက တစ်ချို့က ပြည်သူတွေနဲ့ အရမ်း ရင်းနှီးတဲ့သူတွေ ဖြစ်နေတာကို

အာဏာပိုင်တွေက မသိစေချင်လို့ပေါ့

သမီး ရွိုင်းကို မေးကြည့်မယ်

အဖေ့ကိုဘယ်လိုရှာရမလဲ သူသိလောက်တယ်

ဘာ မလုပ်နဲ့ အက်ဘီ

ဟုတ်တယ်လေ

သမီးတို့ ဘာများ ဆုံးရှုံးစရာ ရှိသေးလို့လဲ

ရောဂါသည်တစ်ယောက်ရဲ့ မိသားစုဝင်တွေဆိုပြီး

ပြစ်တင်ရှုံ့ချခံနေရတဲ့ ဘဝကနေပြီးတော့လေ

ဒီနည်းနဲ့သာဆိုရင် အနည်းဆုံးတော့ သမီးတို့ အဖေ့ကို ရှာဖို့ မျှော်လင့်ချက် ရှိသေးတယ်

ကျမအဖေ ဘယ်မှာလဲ

ငါ မင်းတို့နှစ်ယောက်လုံးကို ကာကွယ်ရေးဌာနနဲ့ တိုင်မယ်

ဒါက မင်းတို့အတွက် အဆုံးသတ်ပဲ သူတို့က မင်းတို့နှစ်ယောက်လုံးကို အထဲထည့်လိမ့်မယ်

လုပ်လိုက်လေ ကျမက ရှင့်အကြောင်းကို ပြောပြီးသားပဲ

ရွိုင်း ရှင်အဆင်ပြေရဲ့လား

အခု ငါ သိသွားပြီ

အခု အိမ်နီးချင်းတွေက ကလေးအဖေက ဘယ်သူလဲဆိုတာ သိချင်နေကြတာ

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left