The first 200 lines.
၁၆ ရာစုမှာ မဂိုဧကရာဇ် အာကဘာ အမက်ရ်ဘုရင် ဘာမာရဲ့ သမီးတော်တို့
မဟာမိတ်ဖွဲ့ လက်ဆက်ခြင်းဟာ သမိုင်းတွင် ကျန်ရစ်ခဲ့တယ်
မင်းသမီးနာမည်ဟာ ဂျိုဓာမဟုတ်ဘူးလို့ ယနေ့ထိ ယူဆချက်တွေ ရှိနေတယ်
သမိုင်းဆရာတချို့က သူ့ကို ဟာကာဘိုင်လို့ခေါ်တယ်
တချို့ကတော့ ဟိရာခွန်ဝါလို့ ခေါ်တယ်
ဂျီယမိဖုရား မန်မတိ နဲ့ ဆာဟိဘိုင်လို့လည်း ခေါ်ကြတယ်
ဒါပေမဲ့ နှစ်ပေါင်းများစွာကြာတော့
သူ့နာမည်က ဂျိုဓာဘိုင် ဖြစ်လာတယ်
ဒါက သမိုင်းအဆို တစ်ခုပါ တခြားအဆိုတွေလည်း ရှိပါသေးတယ်
အိန္ဒိယတိုင်း
သွေးနဲ့ရင်းပြီး ဓားမိုးအုပ်ချုပ်ခဲ့တဲ့ မင်းအဆက်ဆက်တွေ
သမိုင်းမှာ အထင်အရှားရှိခဲ့တယ်
အေဒီ ၁၀၁၁ ကစပြီး ဒီမြေကြီးကို လုယက်ဖျက်ဆီးခဲ့ကြတဲ့
ကျူးကျော်သူတွေဟာ မရေမတွက်နိုင်အောင်ပါပဲ
အဲဒီနောက် မဂိုတွေ ရောက်လာကြတယ်
သူတို့ဟာ အိန္ဒိယကို ကိုယ့်မြေလိုသဘောထားပြီး
ချစ်ခင်လေးစားစွာ နေထိုင်ခဲ့ကြတယ်
ဘာဘာဘုရင် စတည်ထောင်ခဲ့တဲ့ မဂိုမင်းဆက်ဟာ
ဟူမာယွန်ဘုရင်ကနေ သားဖြစ်သူ အာကဘာကို လက်ဆင့်ကမ်းခဲ့တယ်
မဂိုဇကရာဇ် အားလုံးထဲမှာ အာကဘာဟာ အထင်ရှားဆုံးမင်း ဖြစ်တယ်
ဂျလာလုဒင်မိုဟာမက်အာကဘာ
အိန္ဒိယမြေပေါ်မှာ မွေးဖွားခဲ့တဲ့ ပထမဆုံး မဂိုဧကရာဇ်
အာကဘာကို ဟိန္ဒူရာဇပွတ်အိမ်မှာ မွေးခဲ့တယ်
ဂျိုဓာဆိုတဲ့ မင်းသမီးလေးတစ်ပါးကလည်း
ရာဇပွတ်မြေမှာ မွေးဖွားခဲ့တယ်
အမက်ရ်တိုင်း
ဘုရင်ဘာမာနဲ့
မိဖုရား ပမာဝတီတို့ရဲ့
သမီးတော်ဂျိုဓာကို
အာဂျပ်ဂါတိုင်းရဲ့ မင်းသားရတ္တန်ဆင်းန် စေ့စပ်ကြောင်းလမ်းခဲ့တယ်
သက်တော်ရှည်ပါစေ
ကိုယ့်မိသားစု အိုးအိမ်နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့
ရာဇပွတ်တွေဟာ ငယ်စဉ်ကတည်းက တိုက်ခိုက်ရေးပညာ သင်ယူကြရတယ်
မာန်ဆင်းန်
မောင်ကြီးဆူဂျာမာ
စစ်သည်လေးတွေထဲက မင်းသားဆူဂျာမာဟာ
ဂျိုဓာရဲ့ ၀မ်းကွဲအစ်ကိုပါ
ဆူဂျာမာက ဂျိုဓာကို ညီမရင်းတစ်ယောက်လို ချစ်ခင်တယ်
မင်းသမီးလေး ခေါ်တဲ့အချိန်တိုင်း ဘေးနားကို ရောက်လာပေးတတ်တယ်
ဒီထက်လှတဲ့ပုံ ထပ်ဆွဲလိုက်ပေါ့
ဆူဂျာမာရဲ့ခမည်းတော် နတ်ရွာစံပြီးနောက် ဘာမာဘုရင်နန်းတက်ခဲ့တယ်
ကံကြမ္မာက အမက်ရ်တိုင်းနဲ့ဝေးရာကို တွန်းပို့ခဲ့တာကြောင့်
ဆူဂျာမာဟာ သင်းကွဲဖြစ်ခဲ့ရတယ်
မင်းသမီးလေးဂျိုဓာရဲ့ အနာဂတ်ဟာလည်း
ရာဇပွတ်နယ်ရဲ့ အဝေးကို ထွက်ခွာသွားရမှာပါပဲ
၁၅၅၅ ခုနှစ်အချိန်ပါ
ဧကရာဇ်ဟူမာယွန် မထင်မှတ်ဘဲ နတ်ရွာစံသွားတော့
မဂိုမင်းဆက် ပျက်သုဉ်းလုနီးနီး ဖြစ်ခဲ့ရတယ်
ဒါကို အခွင့်ကောင်းယူပြီး ဘုရင်ဟေမူက ဒေလီထီးနန်းကို သိမ်းပိုက်တယ်
ပါနီပတ်မှာ စစ်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့တယ်
ပါနီပတ်
တစ်ဖက်က ဘုရင်ဟေမူရဲ့
မဂိုတပ်ထက် အင်အားနှစ်ဆများတဲ့ စစ်တပ်ကြီး
တစ်ဖက်မှာတော့
၁၃ နှစ်သား ဂျလာလုဒင်ကို ဖခင်အရိုက်အရာ ဆက်ခံနိုင်အောင်
လေ့ကျင့်သင်ကြားပေးနေတဲ့
ဧကရာဇ်ဟူမာယွန်ရဲ့ သစ္စာတော်ခံ စစ်သူကြီး ဘာရမ်ခန်
အိန္ဒိယတိုင်းကို ခိုင်မာအောင် ထူထောင်ပါ
အရှင့်ရဲစွမ်းသတ္တိနဲ့ အောင်ပွဲဆင်ရပါမယ်
မဂိုမင်းဆက်ရဲ့ သစ္စာတော်ခံ မင်းမှုထမ်း ကျုပ်ဘာရမ်ခန်က
ထပ်ပြီးသတိပေးပါမယ်
မဂိုရဲ့ အနာဂတ်ဟာ အရှင့်လက်ထဲမှာပါ
နောက်ဆုံးထွက်သက်ထိ
အရှင့်ခမည်းတော် ဧကရာဇ်ဟူမာယွန်မှာ ဆန္ဒတစ်ခုပဲ ရှိခဲ့တယ်
အိန္ဒိယတိုင်းမှာ မဂိုအလံ လွှင့်ထူနိုင်ဖို့ပါပဲ
ခမည်းတော်ရဲ့ ဆန္ဒကို အရှင့်သား ဖော်ဆောင်နိုင်မှာပါ
ဧကရာဇ်ဂျလာလုဒင်မိုဟာမက် သက်တော်ရှည်ပါစေ
ဧကရာဇ်ဂျလာလုဒင်မိုဟာမက် သက်တော်ရှည်ပါစေ
တိုက်ဖို့အသင့်ပြင်
ဘုရင်ဟေမူကို သတ်နိုင်ရင် သူ့တပ်တော် ပြိုကွဲလိမ့်မယ်
မျက်လုံးကလွဲလို့ သူ့တစ်ကိုယ်လုံးကို ချပ်ဝတ်တန်ဆာတွေနဲ့ ကာထားတယ်
သူ့မျက်လုံးကို ချိန်ပစ်နိုင်တဲ့ လေးသည်တော် လိုတယ်
စစ်သည်တော် မြင်းသည်တော်တို့ တက်ကြ
တိုက်ဖို့အသင့်ပြင်ကြ
တက်
ချီတက်
ဘုန်းတန်ခိုးကြီးလှပါတဲ့ ဘုရင်မင်းမြတ်
ပထမဆုံးအနေနဲ့ ဒီနေ့မှာပဲ အရှင့်ဓားနဲ့ သက်သေထူပါတော့
သစ္စာဖောက်ကို ခေါင်းဖြတ်ပြီး
ဂါဇီဂုဏ်ကို ဖော်ဆောင်တော်မူပါ
မသေမရှင်ဖြစ်နေတဲ့သူကို ငါကိုယ်တော် ဘယ်လိုလုပ်ရမှာလဲ..စစ်သူကြီးခန်
အရှင်မလုပ်ရင် တပ်တော်က အထင်မြင်လွဲပြီး
အရှင့်ကို ဂါဇီအစစ်ဆိုတာ မယုံကြည်နိုင် ဖြစ်သွားပါလိမ့်မယ်
ကျုပ်ပြောသလိုသာ လုပ်ဆောင်ပါ
စစ်သည်တို့
သတ္တိပြောင်တဲ့ မဂိုစစ်သည်အပေါင်းတို့
ကျုပ်တို့ဘိုးဘေးများလိုပဲ
ဧကရာဇ်ဂျလာလုဒင်မိုဟာမက်ဟာလည်း ဂါဇီစစ်စစ်ပဲ ဖြစ်ပါတယ်
ဧကရာဇ်လေးရဲ့ တောက်ပတဲ့အနာဂတ်
အဓွန့်ရှည်ပါစေ
အဓွန့်ရှည်ပါစေ
ဒီလိုနဲ့ပဲ
ဘာရမ်ခန်ဟာ ဧကရာဇ်လေးအတွက် ဒေလီထီးနန်းကို ပြန်လည်ရယူပေးခဲ့တယ်
ဘာရမ်ခန်ဟာ အိန္ဒယတိုင်းကို တောင့်တင်းစေဖို့ ခြောက်နှစ်တာအတွင်း
အိမ်နီးချင်း ပြည်ထောင်တွေကို
သံတမန်တွေ စေလွှတ်ပြီး ရာဇသံပေးခဲ့တယ်
ဗီရတ်ပြည်
ဧကရာဇ်ဂျလာလူဒင်မိုဟာမက်၏ အမိန့်တော်
တစ်လအတွင်း သင်တို့တိုင်းပြည်ကို
မဂါဓါပူရ်ပြည်
မဂိုဧကရာဇ်တိုင်း လက်အောက်ခံအဖြစ် ၀င်ရောက်ရန်
သစ္စာတော်ခံအဖြစ် ဘာသာရေးခွန်နဲ့ အခြားအခွန်အခများ ပေးဆောင်ရန်
ရှီမာမာ့ဂ်ပြည်
ဧကရာဇ်အမိန့်ကို လွန်ဆန်ရင်
ပန်ကော့ပြည်
ဂျလာလုဒင်ရဲ့ အမျက်တော်ရှခြင်းခံရပါမယ်
မလိုက်နာပါက ရာဇ၀တ်ဘေးသင့်ပါမယ်
ဥဒေးဂါပြည်
အမက်ရ်ပြည်
ဆန့်ကျင်သူများရဲ့ ပြည်ထောင်တွေကို ချေမှုန်းသုတ်သင် သွားမယ်လို့
ရွှန်ဒီပြည်
အိန္ဒိယတိုင်းဧကရာဇ် ဂျလာလုဒင်မိုဟာမက်က
ဘဂ်ဒရာပူရ်ပြည်
ရာဇသံပေးလိုက်တယ်
မန်ကက်ရှဝါပြည်
ငါ့တိုင်းပြည်ကို မရဘူးလို့ မောင်မင်းတို့ ဧကရာဇ်ကို ပြန်ပြောလိုက်
ငါတို့ရာဇပွတ်တွေ ဒီလိုအမိန့်မျိုး မကြားဖူးဘူး
အချိန်ပေးပါ
ငါ..
လက်ခံပါတယ်
ငါတို့ဘက်ကလည်း သတ်မှတ်ချက်တွေရှိတယ်
အာဂျပ်ဂါပြည်ကို မပေးနိုင်ဘူး
သူ့ကို ဆွဲထုတ်သွားစမ်း
စစ်ထွက်ဖို့ အသင့်ပြင်ကြ
အားလုံး ပြင်ဆင်ပြီးပြီလား စစ်သူကြီးခန်
မဂိုတပ်တော်က အရှင့်အမိန့်ကို စောင့်နေပါတယ်
ငြိမ်းချမ်းရေးယူဖို့ နောက်ဆုံးအခွင့်အရေး ပေးပြီးပြီလား
- ချပ်တိုင်ခန် - အရှင်မင်းကြီး
ကျုပ်တို့ရဲ့ ငြိမ်းချမ်းရေးစာချွန်ကို ပြန်ပို့လိုက်တယ်
ဘုန်းကံရှင် ဧကရာဇ်မင်းမြတ် ဒီလူကို ခေါင်းဖြတ်တော်မူပါ
မလုပ်ဘူး စစ်သူကြီးခန်
စစ်သုံ့ပန်းဘုရင်ကို သက်ညှာရမယ်
သူ့အပြစ်ကို ခွင့်လွှတ်ရမယ် ခေါင်းဖြတ်ဖို့ မသင့်တော်ဘူး
ပြောခွင့်ပြပါ အရှင်
သစ္စာရှိမင်းမှုထမ်း အနေနဲ့
မဂိုဧကရာဇ်တိုင်းရဲ့ ဂုဏ်သိက္ခာကို ကျုပ် ထိန်းသိမ်းရပါမယ်
တော်တော့ စစ်သူကြီးခန် ထပ်မလုပ်နဲ့တော့
အရှင်ဂျလာ
အရှင်မင်းမြတ်ဟာ မဂိုတိုင်းရဲ့ အနာဂတ်ဆိုတာ မမေ့ပါနဲ့
ကျုပ်ဘာရမ်ခန်က အရှင့်ကို နန်းတင်ပေးခဲ့တဲ့သူပါ
ကျုပ်တည်ဆောက်ခဲ့တဲ့ ဧကရာဇ်တိုင်းကို အရှင် ဖျက်ဆီးနေပါပြီ
သစ္စာရှိမှုက လူတစ်ယောက်ကို ဆင်ခြင်တုံတရား ကင်းမဲ့စေတတ်တယ်
စစ်သူကြီးခန်ရဲ့ စိတ်မှာ အမှောင်ဖုံးနေပြီ
မောင်မင်းရဲ့ဓားကို ငါကိုယ်တော်ဝင်တားတာ ဒါ ပထမဆုံးအကြိမ်ပဲ
ဘာကြောင့်လဲ သိလား
ခုချိန်ကစပြီး ငါကိုယ်တော်တိုင်ဆုံးဖြတ်ချက်ချမယ်
ခုချိန်ကစပြီး တိုက်ပွဲတိုင်းမှာ
စစ်သုံ့ပန်းတွေကို သက်ညှာမှုရှိရမယ်
ဒီနေ့ ငါကိုယ်တော် ကြေညာမယ်
စစ်သုံ့ပန်းတွေကို ကျွန်မပြုရဘူး ဒါ မလျော်ကန်တဲ့လုပ်ရပ်ပဲ
ဒီနယ်ကို ငါကိုယ်တော် စိုးမိုးချင်တာ မှန်တယ်
ဒါပေမဲ့ မေတ္တာကရုဏာနဲ့ပဲ အုပ်ချုပ်သွားမယ်
ကျုပ် အထင်လွဲခဲ့မိတယ်
ဒီလိုမှန်းသိခဲ့ရင်
အရှင့် အချုပ်အခြာအာဏာအောက်မှာ ၀င်ရောက်ဖို့
ကန့်ကွက်စရာ မရှိပါဘူး
ချပ်တိုင်ခန်
ဒီဘက်ကို ကြွပါ
ငါကိုယ်တော်ရဲ့ ဆန္ဒကတော့ မောင်မင်းကို အနားပေးချင်တယ်
ဘ၀ကို အရှင်မြတ်ထံ အပ်နှံပါ မက္ကာမှာသွားရောက်ဝတ်ပြုပါ
အရှင်
မဂိုလက်အောက်မှာ ပြည်ထောင်တစ်ခု ထပ်တိုးသွားပြီ
ရာဇပွတ်နယ်ကော ဘယ်လိုလဲ
သူတို့နယ်စည်းက တင်းမာနေတယ်..အရှင်
ရာဇပွတ်နယ်ရဲ့ ပြည်ထောင်မင်းတွေက ကျုပ်တို့အမိန့်စာကို ငြင်းပယ်ခဲ့တယ်
ရာဇပွတ်တိုင်းသားတွေ
ဓားရေးကျွမ်းပြီး သတ္တိအပြောင်ဆုံးလူတွေ
မင်းသမီး
ဘာကိစ္စရှိလို့ ကြားဖြတ်ပြောတာလဲ
ခွင့်လွှတ်တော်မူပါ မိဖုရားက မင်းသမီးကို အခေါ်လွှတ်လို့ပါ
ငါလာခဲ့မယ်လို့ မယ်တော့်ကို ပြန်လျှောက်လိုက်
မှန်လှပါ
ဒါတော့ မတရားဘူး ဂျိုဓာ
ငါနိုင်ခါနီးမှ ရံရွေတော်ကြောင့် အာရုံနောက်သွားတာ
နိုင်တာက နိုင်တာပဲ မောင်ကြီး ရှုံးပြီ
မှတ်ထားပါ မောင်ကြီးဆူဂျာမာ
အာရုံလွတ်တာနဲ့ ပြိုင်ပွဲရလဒ်က ပြောင်းသွားနိုင်တယ်
တစ်ချက်လေးနဲ့တင် ရှုံးသွားနိုင်တယ် ဒါမှမဟုတ် သေသွားနိုင်တယ်
- မောင်ကြီးပဲ အဲဒီလို သင်ပေးခဲ့တာလေ - သိပါတယ်
အခုတော့ တပည့်က ဆရာကို ပြန်သင်ပေးနေပြီပေါ့
သင်ပေးတာ မဟုတ်ပါဘူး သတိပေးတာပါ
မင်းရဲ့အရည်အချင်းကတော့ ချီးကျူးစရာပါပဲ
တပည့်ကောင်းဆိုတာ အတတ်မြန်တယ်
မင်းလိုပေါ့ ဂျိုဓာ
ဟုတ်လား..ဒါဆို နှမတော်က တပည့်ကောင်း တစ်ယောက်ပေါ့နော်
မောင်ကြီးလို ဆရာသမားကောင်းရဲ့ ကျေးဇူးကြောင့်ပါပဲ
- ဆရာအသစ်က ပိုတော်လိမ့်မယ် - ဆရာအသစ်က ဘယ်သူလဲ
မိဖုရားကြီး
မိန်းမတို့ တပ်အပ်တာကို မင်းမယ်မယ်က သင်ပြပေးလိမ့်မယ်
မကြာခင် မင်းက ဝေါယာဉ်နဲ့ ပါသွားတော့မှာလေ
ဒါပေမဲ့ နှမတော့်မှာ သတ်မှတ်ချက်တစ်ခု ရှိတယ်
ခမည်းတော်က မောင်ကြီးကို အိမ်ရှေ့အရာမပေးသရွေ့ လက်မဆက်ဘူး
- ဒါပေမဲ့.. - ဒါ နောက်ဆုံးစကားပဲ
မလျော်ကန်တဲ့ တောင်းဆိုချက်တွေ မလုပ်ရဘူးလေ..ဂျိုဓာ
မောင်ကြီးအရည်အချင်းကို ခမည်းတော် ချီးမွမ်းတာ ကျွန်မကြားပါတယ်
မောင်ကြီး သတ္တိဗျတ္တိရှိကြောင်း သူ မိန့်ပါတယ်
တိုက်ပွဲမှာလည်း ထူးချွန်လို့ ထီးမွေနန်းလျာနဲ့ ထိုက်တန်ပါတယ်
မောင်ကြီး စိုးရိမ်စရာမရှိပါဘူး ဟုတ်တယ်နော်
အရှင်သူရ
ဖန်ဆင်းရှင် ကျွနုပ်တို့အားအောင်မြင်မှုတွေဆောင်ကြဉ်းပေးပါ
No comments yet. Be the first to leave one.