One Piece

One Piece (ワンピース)

Download Burmese Subtitle

Specials

Release info

One Piece - 230 (Myanmar Subtitle)
A Commentary by j0k3r_nyx

Tags

other
Published on: 2020-12-18
Downloads: 42
Hearing Impaired: No

Burmese subtitle preview

The first 154 lines.

အပိုင်း - ၂၃၀

အားလုံးအဆင်ပြေပြီ ... အခုပဲ ရှေ့ဆက်သွားကြစို့လေ ...

နေမင်းကြီးဟာ ငါတို့နှလုံးသားထဲမှာ အမြဲတမ်းရှိနေပြီးတော့

ငါတို့လက်ကနေ စွမ်းအားတွေအဖြစ် ဖြတ်သန်းစီးဆင်းနေပါတယ်

ငါတို့ဆန္ဒတွေကို ဖမ်းဆုပ်လိုက်ကြရအောင်

အလုပ်တွေ အတူတူလုပ်ရင်း ... ဧရာမလှိုင်းလုံးကြီးတွေ တက်စီးကြရအောင်လေ

စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဆီကို မြန်မြန်သွားကြပါဟေ့ အဲ့မှာ အချက်ပြတာတွေ စနေပြီ

အခုက ရွက်လွှင့်ဖို့အချိန်ကျပြီ ကျောက်ဆူးတွေကို ပြန်တင်လိုက်ကြရအောင်

ရောင်စုံသက်တန့်ကြီးကို ထိုးဖောက်ပြီး ပင်လယ်ပြင်စွန့်စားခန်းတွေဆီ ဦးတည်ကြမယ်လေ

ဒါဟာ ဒဏ်ရာအမြောက်အများပြည့်နက်နေတဲ့ ခရီးတစ်ခုဖြစ်နေပေမဲ့လည်း

ဒါပေမဲ့ မင်းအတွက်မြတ်နိုးဖွယ်ရာတွေ အများကြီးရှိပါတယ်

ပြီးတော့ မင်း အခက်ခဲကြုံလာမယ်ဆိုရင်

ငါမင်းကို စောင့်ရှောက်ဖို့အမြဲရှိနေပါ့မယ်

အားလုံးအဆင်ပြေပြီ ... အခုပဲ ရှေ့ဆက်သွားကြစို့လေ ...

နေမင်းကြီးဟာ ငါတို့နှလုံးသားထဲမှာ အမြဲတမ်းရှိနေပါတယ်

မုန်တိုင်းတိုက်ခတ်လာချိန်မှာတော့ ငါတို့အဖွဲ့လိုက်ဝိုင်းပြီး လက်ချင်းဆုပ်ကိုင်ထားကြမယ်

မုန်တိုင်းစဲတဲ့အခါကျမှ ထွက်ပေါ်လာမဲ့ အလင်းရောင်ကိုကြည့်ကြမယ်လေ

ငါတို့အိမ်မက်အပိုင်းစတွေကိုသာ စုစည်းလိုက်မယ်ဆိုရင်

နောက်နေ့တစ်ရက်ကိုညွှန်ပြတဲ့ မြေပုံတစ်ခုဖြစ်လာမှာပါ

ဒါကြောင့် ငါတို့ဆန္ဒတွေကို ဖမ်းဆုပ်လိုက်ကြရအောင်

တူညီတဲ့အလံအောက်မှာ ... အတူတူ ငါတို့ဟာ တစ်စိတ်တစ်ဝမ်းတည်း

"One Piece"

ဒါဖြင့် မင်းတို့က ဘယ်ကိုသွားချင်ကြတာလဲ ?

ငါတို့ဆီမှာ ကိုယ်ပိုင်သင်္ဘောရှိပြီးသားပဲ ရထား မစီးတော့ဘူး

ငါတို့ "Log" အတိုင်းပဲသွားမယ်

ငါ သိပြီ အဲ့နေရာက "Water Seven" ဖြစ်လိမ့်မယ်

"Water Seven" ဆိုတာက ?

ခြုံပြောရရင်တော့ အဲ့မြို့ရဲ့ သင်္ဘောကျင်းကိုအစွဲပြုပြီး ခေါ်တဲ့နာမည်တစ်ခုပါ

သူတို့နည်းပညာက တစ်ကမ္ဘာလုံးမှာ နံပါတ်တစ်ပဲ

ကောင်းပြီ ငါဆုံးဖြတ်ပြီးပြီ

ငါတို့ အဲ့ကိုသွားပြီး သင်္ဘောဆောက်တဲ့သူတစ်ယောက်ကို ငါတို့အဖွဲ့ထဲဝင်ခိုင်းမယ်

ဘယ်လိုတောင် ဆန်းကြယ်တာတုန်းဟ ?

ဒီနေရာလေးက အဆင်ပြေတယ်လို့ မင်းတို့မထင်ဘူးလား ?

သွားပါပြီကွာ "Going Merry" ပြိုကျလာတာလား ?

ဒါယူသွားလိုက်

မြေပုံလား ?

ဒါက အကူညီရမှာပါ ကျေးဇူးပါရှင့်

ပြည့်စုံပြီလေ တစ်ခါတည်းနဲ့ ပိုက်ဆံလည်းရမယ် သင်္ဘောကျင်းဆီကိုလည်း သွားလို့ရနိုင်တယ်

ဟုတ်ပြီ ... နောက်ဆုံးတော့ ငါတို့တွေ "Going Merry" ကို ပြန်ပြင်နိုင်ပြီကွ

ဟုတ်ပြီဟေ့ သွားမယ် "Yagara"

အလုပ်တူတူလုပ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂရုစိုက်ကြပါ

အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး သင်္ဘောကျင်းဆီ လစ်ကြမယ်ဟေ့

ရဟူး ...

"ရေပေါ်မြို့ထဲက စွန့်စားခန်းများ" "ကြီးမားသော သင်္ဘောတည်ဆောက်ရေးစက်ရုံသို့သွားခြင်း"

ကောင်းလိုက်တာကွာ

ဟေး မင်းကို အားကိုးမယ်နော်

One Piece Myanmar Page မှ ဘာသာပြန်တင်ဆက်သည်

Translate & Encode - Kh Ch Au

ကမ္ဘာပေါ်မှာ ဒီလိုအဆင်ပြေတဲ့သတ္တဝါမျိုးရှိနေတာ အံသြဖို့ကောင်းလိုက်တာ

စီးရတာလည်း ငြိမ့်နေတာပဲ အဆင်ပြေလိုက်တာ

ညာဖက်ကိုနော် ... ညာဖက်

ဘောလုံး မင်းဆီလာနေပြီ သွားပြန်ပြီ

အာ့ ... ဘောလုံးကို ဖမ်းလိုက်တော့

ဘော-ဘောလုံး ဖြတ်သွားတယ်ဟ

ဒီနေရာက ရက်ကွက်တစ်ခုဖြစ်မယ်နဲ့တူတယ်

ဒီမြို့ကို တူးမြောင်းပတ်လည်ဝိုင်းပြီး တည်ဆောက်ထားတာပဲ

ဟေး ... ဆရာ

အေး .. ဆရာရေ !

မင်းတို့ ဘယ်ကိုသွားမှာလဲ ? ရှုခင်း လိုက်ကြည့်နေတာလား ?

သင်္ဘောကျင်းကိုပါ ကျွန်တော်တို့သင်္ဘောကို ပြင်စရာရှိနေလို့လေ

ဒါဆိုရင် လမ်းဘေးဈေးတန်းတွေဖက် အရင်သွားလိုက်ပါ

မင်းကို "Check" ဖမ်းတယ်

ကျေးဇူးဗျို့

သွား-သွားပြီ ...

လမ်းဘေးဈေးတန်း ...

ငါတို့ ဒီကနေ ညာဖက်ကိုသွားမယ်

အိုး ... မင်္ဂလာပါ အလှပဂေးလေရေ ကျွန်တော်နဲ့အတူ ညစာစားမယ်မလား ?

ဟမ် ?

အိ ... အိ ... အိ !

သူ့ကို စိုးရမ်မနေပါနဲ့ အဲ့ကောင်က ဒီအနီးတစ်ဝိုက်မှာ အဲ့လိုပဲနှုတ်ခွန်းဆက်နေကျပါကွယ်

ဟုတ်-ဟုတ်ကဲ့

ဟိုကောင် ... မြန်မြန်သွားပြီး အလုပ်ပြန်လုပ်ချေ

ငါ သိပါပြီ နာအောင် ထပ်မလုပ်ပါနဲ့တော့

ဘာလိုဖြစ်ဖြစ် ဒီမြို့ကလူတွေဟာ အပြင်လူတွေကိုတော့ လှိုက်လှိုက်လှဲလှဲရှိကြတာပဲ

ဒါမှမဟုတ် ဖော်ရွေလွန်းတယ်လို့ပဲ ငါပြောရမလား ?

ဟေး နှာခေါင်းရှည်နဲ့လူ

ဟမ် ? ဘာမှမဟုတ်ပါဘူး ... ဒီအတိုင်း ဟေးဆိုပြီးပြောလိုက်ရုံပါ ... ဒါပါပဲ

မင်းမျက်နှာကို လက်သီးကျွေးခံချင်လို့လား ?

ဟမ် ?

အပေါ်ကိုတက်တဲ့ ကုန်းလမ်းရှိတယ် ငါတို့ ဒီတိုင်းအောက်ကိုဆင်းသွားတာ အဆင်ပြေပါ့မလား ?

အပေါ်လမ်းကို သွားလို့ရမလား ?

နေဦး ... လမ်းမှားနေပြီ ညာဖက်ကိုသွား ... ညာဖက်

အဲ့ဒါဆို ရေကိုဆန်တက်ရလည်း ကိစ္စမရှိဘူးပေါ့ ?

မင်းတို့ကောင်တွေ မဆိုးဘူးပဲ !

တူးမြောင်းတွေက ခေါင်မိုးပေါ်အထိသွားနိုင်တယ်ဟ

ဒါပေမဲ့ ငါတို့လမ်းမှားနေပြီဟဲ့ လမ်းဘေးဈေးတန်းကို အရင်သွားရမှာလေ

အရမ်းကြီး အလျင်မလိုစမ်းပါနဲ့

ဒါမျိုးအခွင့်အရေးက ရှားတယ် တူးမြောင်းတွေထဲ လျှောက်သွားကြည့်ရအောင်

ဟမ် ? အား ... ?

ဟေ့-ဟေ့ ကြည့်-ကြည့် ... ရှေ့ကိုကြည့်ဦး

အိုး ... ဒါပဲလေ ငါတို့တွေ ကုန်းရဲ့ထိပ်ကိုရောက်ပြီကွ

ဆိုလိုတာက

ပျော်စရာကြီးဟ !

ပျော်ဖို့ကောင်းပါတယ် ဒါပေမယ့် ကြောက်တယ်

မဖြစ်ဘူး ...!

တောင်းပန်တယ်ဗျို့ !

အောင်မြတ်လေး ...! ငါတို့ ပျံနေတယ်

အောက်ပြန်ကျပြီ ... အောက်ပြန်ကျပြီ အောက်ပြန်ကျပြီ ... အောက်ပြန်ကျပြီ

ငါတို့ ပြုတ်ကျပြီ ... ငါတို့ ပြုတ်ကျပြီ ... ငါတို့ ပြုတ်ကျပြီ ...

ငါတို့ ပြုတ်ကျပြီကွ

ကိုယ့်ကိုယ်ကို ကိုယ်ရည်သွေးမနေနဲ့

ဟမ် ?

အမျိုးသမီးရေ ကျွန်တော်တို့ပစ္စည်းတွေက ဈေးပေါတယ်နော်

ကျွန်တော်တို့ပစ္စည်းတွေကိုကြည့်တာ ဘယ်လိုလဲခင်ဗျ ?

ကျွန်တော်တို့ဆီမှာ ရှားပါးတဲ့ထိပ်တန်းပစ္စည်း အမြောက်အများရှိပါတယ်

၅၀ရာခိုင်နှုန်းလျော့ဈေးနဲ့ ရောင်းပေးနေပါပြီနော်

ဝိုး ... အတော်စည်ကားတာပဲကိုး

ဟမ် ? ငါတို့ ဈေးတန်းတွေဖက်ရောက်လာပြီဟ

နင်ဖြတ်လမ်းကနေ လာလိုက်တာလား ?

တောင်းပန်ပါတယ် မင်းတို့ကောင်တွေ တစ်ကယ်လန်းပါတယ် ... မဟုတ်လားနော့် ?

ဒီလောက်စည်တဲ့ဈေးကို တစ်ခါမှမတွေ့ဖူးဘူး

ဟေ့ ... ဒါကိုကြည့်ဦး အတော်ကြီးတဲ့ "Bull" ပဲကွ

ဝိုး ... ဒီလမ်းအတိုင်းလာနေပြီ

ဒီကောင်ကြီးက ကြောက်ဖို့ကောင်းလိုက်တာ

သူ ငါတို့ကိုစားတော့မဲ့အတိုင်းပဲ

ဒီအရွယ်အစားအရဆိုရင် ဒီကောင်က ဘုရင်ဖြစ်မယ်လို့ငါထင်တယ်

ဟမ် ? အဲ့ဒါက ဘာလဲ ?

မျက်နှာဖုံးတွေ ...

အယ် ... လှလိုက်တာ တစ်ကယ်ဟ

ပွဲတော် ဒါမှမဟုတ် တစ်ခုခုလို့ငါထင်တယ်

ဘာလဲ ? ဘာဖြစ်နေတာလဲ ?

ဒီမှာပါဗျ ဒါတွေက လတ်ဆတ်တဲ့ "Water-water" ရေဘဝဲဖက်ထုပ်တွေပါ

"Water-water" မုန့်ပေါင်း ၂ခုလား ?

၂ခုစလုံး စားကောင်းမဲ့ပုံပဲ "Yagara" ရေ အဲ့ကိုသွားမယ်

ဟေ့ ... မင်းဘယ်သွားနေတာတုန်း ?

ဟေ့ "Luffy" မင်းဘယ်သွားမို့တုန်း ?

"Yagara" ကိုမေး

ကြိုဆိုပါတယ် ဘာလိုချင်ကြတာလဲ ?

အော် ... မင်းဗိုက်ဆာနေပြီကိုး

"Water-water" အသားက လူစားဖို့အတွက်ဆိုပေမဲ့ "Yagara" အကြိုက်ဆုံးအစာပဲလေ

"Water-water" တဲ့လား ? ဒါဖြင့် ကျွန်တော့်ကို ၁၀ခုပေးဗျာ

ဒါက အရမ်းစားကောင်းလွန်းလို့ "Gourmet" မြို့က စားဖိုမှူးတွေတောင် တိုးတိုးတိတ်တိတ်လာဝယ်ကြတယ်

ဒါက မင်းခန္ဓာကိုယ်နဲ့စိတ်ဝိဉာဉ်တွေကို ဖမ်းစားသွားတယ်မဟုတ်လား ?

ဒါတွေက ... အ ... ရမ်း ... နူးညံ့ ... တယ် ...!

အရသာရှိချက် ! ဘာလဲ ? ... အဲ့ဒါစားလို့ကောင်းလား ?

ဟေ့ "Luffy" ငါ့ကို တစ်ခုကျွေးပါဦး

ကျွေးဘူး ကိုယ့်သာသာဝယ်စား

ဟမ် ?

"Nami" ရေ ... လှေကို အဲ့ဆိုင်ဖက်ဆွဲသွားပေးပါနော်

နောက်ထပ်မျက်နှာဖုံးတွေ ... အခုလိုအနီးကပ်ကြည့်မိတော့မှ မြို့ရဲ့နေရာတိုင်းမှာ အဲ့လိုတွေချည်းပဲ

"Nami"

မျက်နှာဖုံးနဲ့လူတွေက

ဝေး ... "Nami" ရေ

ဟေ့ .. ပင်လယ်ဓားပြတစ်ချို့ ဆိပ်ကမ်းနံပါတ် ၁ မှာ ရုတ်ရုတ်သဲသဲဖြစ်နေကြပြီ

ဘာကြီး ? တစ်ကယ်လားဟ ?

ငါတို့ အဲ့နေရာနဲ့ဝေးရာကိုသွားတာကောင်းမယ်

မင်းတို့ပြောနေတာတွေ ငါနားမလည်ဘူး

ကောင်းပါပြီ ... တစ်ကယ်တော့

ငါ သေချာလေးစဉ်းစားပြီးပြီ

ငါ တစ်ကယ်ကို ဂရုတစိုက်စဉ်းစားပြီးပြီ

ကောင်းပြီ ငါတို့သင်္ဘောကို မင်းတို့ကောင်တွေ ပြင်ပေးပြီးပြီဆိုတာအမှန်ပဲ

ဒါပေမယ့် ဘယ်လိုပဲကြည့်ကြည့် မင်းတောင်းတဲ့ပြင်ခက အရမ်းများလွန်းတယ်

မင်းတို့ကြောင့် ငါတို့အလုပ်ပျက်နေပြီ

ဒါကြောင့် ပိုက်ဆံမရှင်းတော့ဘူးလို့ ငါဆုံးဖြတ်လိုက်တယ် တစ်ပြားတောင် မပေးဘူးနော်

More Burmese subtitles for One Piece

Comments

No comments yet. Be the first to leave one.

Keep it about this subtitle — sync, quality, typos.500 characters left