The first 200 lines.
ဘယ်ကစပြောရမလဲ
အင်း ကျွန်တော် တကယ်ပြောချင်တာကတော့…
ကျွန်တော့်ရဲ့ ဖြစ်တည်မှုအားလုံးက ကျွန်တော် လာခဲ့တဲ့နေရာပေါ်မှာ မူတည်တယ်
အီတာနီးယား ထာဝရအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာတစ်ခုပေါ့
ဒဏ္ဍာရီတွေနဲ့ အိပ်ရာဝင်ပုံပြင်တွေထဲမှာပဲရှိတဲ့ အရာတွေက
အီတာနီးယားမှာ တကယ်ရှိတယ်
ဂရစ်ဖင်တွေ နဂါးတွေ စကားပြောတတ်တဲ့ ကျားတွေ
မှော်တောအုပ်တွေ ပူပြင်းတဲ့သဲကန္တာရတွေ ကောင်းကင်ထက်ကကျွန်းတွေ အစုံပဲပေါ့
တကယ်ပြောတာ လျှောက်ပြောနေတာ မဟုတ်ဘူးနော်
နောက်ပြီး ကျွန်တော်တို့ဆီမှာ ဂရေးစကားလ်ရဲတိုက်ကြီးလည်း ရှိတယ်
အီတာနီးယားဆိုတာ စကြဝဠာကြီးရဲ့ နှလုံးသားပဲလို့ အဖေက တစ်ခါပြောဖူးတယ်
ပြီးတော့ ဂရေးစကားလ်က နှလုံးသားရဲ့ဗဟိုချက်ပေါ့
ဒီတော့ အဲဒီဗဟိုချက်က…
ဂရေးစကားလ်ရဲ့ စွမ်းအားရင်းမြစ်ပဲ
အဲဒီအရာကလူတစ်ယောက်ကို နတ်ဘုရားတစ်ပါးလို အစွမ်းထက်အောင် လုပ်ပေးနိုင်တယ်တဲ့
အဲဒီစွမ်းအား ဘေးကင်းဖို့အတွက် ချိတ်ပိတ်ထားခဲ့တာလေ
အဲဒါက စွမ်းအင်ဓားလို့ခေါ်တဲ့ ရှေးဟောင်းဓားကြီးတစ်လက်ပေါ့
ဟုတ်ပါတယ် သိတယ် ဒါပေမဲ့ သူတို့က အဲဒီနာမည်ပဲပေးထားတာလေ
ဒဏ္ဍာရီအရတော့ အီတာနီးယားကမ္ဘာကြီး ဒုက္ခအကြီးအကျယ် ရောက်တဲ့အခါ
သူရဲကောင်းတစ်ယောက် ပေါ်လာပြီး ဒီဓားကို ကိုင်စွဲထားပြီးတော့
ကောင်းကောင်းမွန်မွန် အသုံးချလိမ့်မယ်လို့
ပြောထားတယ်
အဲဒီနေ့ မတိုင်ခင်အထိတော့ အဲဒီဓားကို အသိဉာဏ်ကြီးမားပြီး
ရှေးကျတဲ့ မှော်ဆရာမကြီးရဲ့ စောင့်ကြည့်မှုနဲ့အတူ
ရဲတိုက်ထဲမှာပဲ ပိတ်လှောင်ထားခဲ့တယ်
ပြောရရင် နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ် ဒါပေမဲ့ မိုက်ပါတယ်
ကျွန်တော့်ဘိုးဘွားတွေက နှစ်နဲ့ချီပြီးတော့ ဂရေးစကားလ်ကို စောင့်ရှောက်လာကြတာ
ကျွန်တော်က အားကိုးထိုက်တဲ့ သူရဲကောင်းမျိုးရိုးကနေ ဆင်းသက်လာတာလေ
မြင့်မြတ်တယ် သန်မာတယ် ကြောက်ရွံ့မှုကင်းတယ်
အမေကလည်း သား တိုက်ခိုက်တာမျိုးမလုပ်ချင်ဘူး
အားလုံးက သားထက်ထွားပြီး သန်မာကြတဲ့သူတွေချည်းပဲ
ပြီးတော့ သားက လက်လည်း သိပ်မသွက်ဘူးလေ
- မဟုတ်တာ ဘယ်သူက အဲဒီလိုပြောတာလဲ - ကရင်ဂျာလေ
တကယ်လည်းဟုတ်တယ်လေ သူက အသေးဆုံးနဲ့ အားအနည်းဆုံးပဲ
အရိုးတစ်ချောင်းမှ မကျိုးဘဲ အခုထိ အသက်ရှင်နေသေးတာ အံ့သြစရာပဲ
ဒါဆိုရင် မင်းသားလေးက တိုက်ခိုက်ရေး သင်တန်းအစား တခြားဘာလုပ်သင့်လဲ
မသိဘူးလေ ကရင်ဂျာနဲ့ပဲ လျှောက်ဆော့နေရင် ကောင်းမလားလို့
မင်းသွားလိုက်ပါ ငါကတော့ ချည်လုံးလေး တစ်လုံးရရင် အဆင်ပြေပါတယ်
မင်းကတော့ ဘာမှကို အားကိုးလို့မရဘူး
သား တကယ်သွားရမှာလား
တိုက်ခိုက်ရေးသင်တန်းလေ သွားလိုက်ပါ
နားထောင်ကြ အီတာနော့စ်ရဲ့ အနာဂတ်သူရဲကောင်းတို့
အရှုံးသမားတွေအတွက် ရုပ်တုဆိုတာ မရှိဘူး
လူကြောက်တွေရဲ့ နာမည်ကိုပေးထားတဲ့ လမ်းဆိုတာလည်း မရှိဘူး
အစွမ်းကုန် ကြိုးစားရုံသက်သက်အတွက် ဂုဏ်ပြုပွဲဆိုတာလည်း မရှိဘူး
ဒီမြေပြင် ဒီနန်းတော် မင်းတို့ရဲ့ ဘဝတစ်ခုလုံးက
တိုက်ပွဲမှာအနိုင်ရခဲ့တဲ့ လူတွေရဲ့ ပေးဆပ်မှုတွေ ခွန်အားတွေနဲ့ တည်ဆောက်ထားတာ
ငါက ဘုရင့်လက်ရုံးတော်ကြီးအနေနဲ့ တိုက်ပွဲတွေအများကြီးမှာ အနိုင်ရခဲ့တယ်
အဲဒါကြောင့် ငါတို့အားလုံး ဒီမှာရှိနေတာပေါ့
မင်းတို့ အဖေ အမေတွေရဲ့ အသက်ကို ငါကယ်ခဲ့တာလေ
အိမ်နီးချင်းတွေကို ကယ်ခဲ့တယ် သူတို့ရဲ့ အဖေတွေ အမေတွေကိုလည်း ကယ်ခဲ့တယ်
အသက်ပေါင်းများစွာပေါ့ကွာ အဓိကပြောချင်တာက ငါက မင်းတို့အတွက် တိုက်ပွဲဝင်ခဲ့တာ
အခုတော့ မင်းတို့က ငါ့အတွက်ပြန်တိုက်ပေးရမယ် သွက်လက်တဲ့ တုံ့ပြန်မှုတွေ
တိကျတဲ့ ပစ်မှတ်တွေနဲ့ သန်မာတဲ့ကြွက်သားတွေ သုံးပြီးတော့ပေါ့
ပြီးတော့ ဒါလေး
ဒါ ဘာလဲဆိုတာ ဘယ်သူသိလဲ
တုတ်ချောင်းလေ
တည့်တိုးကြီးပြောပေးလို့ ကျေးဇူးနော်
ဘယ်သူပြောဦးမလဲ
တီလာ
လက်နက်ပါ
ဒီလိုမှပေါ့
ဒါတွေက မင်းတို့ရဲ့ လက်နက်တွေပဲ ဒါက မင်းတို့ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းပဲ
ဟုတ်ပြီ နှစ်ယောက်တစ်တွဲလုပ် လက်နက်ကိုင်
ပွန်းပဲ့ဒဏ်ရာ ကြီးကြီးမားမားတွေ မြင်ချင်တယ်နော်
နှာခေါင်းသွေးထွက်တာတွေ သွားကျိုးတာတွေ မြင်ချင်တယ်
အိုကေ စကြစို့ ခြေကုပ်မြဲအောင်လုပ်ထား
- ဟေး ဒီယန်… - ဒါကတကယ်ဆိုရင် မင်းတို့ ၂ ခါလောက်သေနေပြီ
- အဒမ် - လုံးဝမျက်တောင်မခတ်နဲ့
ရန်သူ့မျက်နှာကို ရိုက်တော့မယ်ဆိုရင် သူ့မျက်လုံးကို သေချာစိုက်ကြည့်ရတယ်
ပြန်ခုခံလေ မဟုတ်ရင် နောက်တစ်ခါက ဒီထက်ပိုပြီးနာလိမ့်မယ်
ကျွန်တော်တို့ ဒီအတိုင်းထိုင်ပြီး စကားပြောကြလို့ မဖြစ်ဘူးလား
ဟေး အဒမ် အဒမ် မင်းနိုင်သလောက်ပဲလုပ်နော် ဟုတ်ပြီလား
ဟုတ်ကဲ့ပါ တီလာ
နင်က ဘယ်လိုသူငယ်ချင်းမျိုးလဲ
နင့်ကို အနိုင်ယူမယ့် သူငယ်ချင်းမျိုးပေါ့
ဒန်ကန်
လူသစ်တွေ အခြေအနေဘယ်လိုရှိလဲ
အားလုံးက တော်ပြီးတော့ ဝီရိယရှိကြပါတယ် အရှင်
သူတို့အားလုံးလား
အဒမ် ကမနေနဲ့လေ
- လုပ်စမ်းပါ - ငါ့ကိုရိုက်လိုက် ရိုက်လေ
သူကတော့ လူကြားထဲ အရှက်ကွဲအောင်လုပ်နေပြီ
သူ့ကို ယောက်ျားပီသတဲ့သူဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးထားပါတယ်
အင်း ဘယ်လို ယောက်ျားမျိုးလဲ
- အဒမ် - ရိုက်ပါဆို
သူ့ကိုလက်နက်ကျအောင် လုပ်လိုက်ပြီ
တကယ့်လက်တွေ့မှာက အဲဒီလိုမဟုတ်ဘူးလေ မိတ်ဆွေဟောင်းကြီးရဲ့
နိုင်သွားပြီ ငါနိုင်ပြီ ငါနိုင်ပြီ
နင်က ကလေးဆန်နေတုန်းပဲ အဒမ်
ကောင်လေး
ငါ့ကို ဒီလက်နက်နဲ့တိုက်ကြည့်
ကောက်လိုက်လေ
အခု…
ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ
အဖေ
အဖေ
ဒီကမ္ဘာမှာ လူညံ့တွေအတွက် နေရာမရှိဘူး
ဟုတ်ကဲ့ပါ အဖေ
အခု ပြော
ဒီကမ္ဘာမှာ လူညံ့တွေအတွက် နေရာမရှိဘူး
အဒမ် ထလေ
ထတော့
လဲကျသွားတဲ့အချိန်က…
မားမားမတ်မတ် ပြန်ရပ်တည်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ သိလား
အားတင်းထားစမ်းပါ
သူ လှည့်ကြည့်လိုက်တဲ့အချိန်မှာ မင်းကို တွေ့လိမ့်မယ်
အဲဒီအခါမှာ မင်းက အရိုက်အနှက် ခံနိုင်တယ်ဆိုတာ သူ့ကိုပြရမယ်
သူလှည့်ကြည့်တဲ့အခါမှာ မင်းကို ကြောက်နေတဲ့ ကလေးတစ်ယောက်လို့ မမြင်စေရဘူး
ယောက်ျားတစ်ယောက်အနေနဲ့ပဲ တွေ့ရမယ်
သူ မင်းကို ဘယ်လိုမြင်ရမှာလဲ
- ယောက်ျားတစ်ယောက်အနေနဲ့ပါ - ဟုတ်ပြီ ဒီမှာကြည့်
သူ ပြန်လှည့်လိုက်တာနဲ့…
သွားတော့ ဘာမှမဖြစ်ဘူး
ပွဲပြီးပြီ အလုပ်ပြန်လုပ်ကြတော့ သွားကြစို့
- အဒမ် - ဒီမှာ ဘာလုပ်နေတာလဲ
နင့်နောက်လိုက်လာတာလေ
အင်း ငါက တစ်ယောက်တည်းနေချင်လို့ ဒီကိုလာတာဆိုတော့…
အာရုံနောက်ဖို့ကောင်းတဲ့လူလို လုပ်မနေစမ်းပါနဲ့
နင်က အားနည်းတဲ့သူမဟုတ်ပါဘူး သိလား
ဒီနေ့ ထရိန်နင်ကကိစ္စကို ပြောတာပါ
အဖေက အဲဒီလိုထင်နေတာလေ
အဲဒါ မှော်ဆရာမကြီးလား
သူက ဘယ်သူ့ကိုကြည့်နေတာလဲ
ရန်ဒေါဘုရင် ကျွန်တော်တို့ တိုက်ခိုက်ခံနေရပြီ
ကျွန်တော်မျိုး ဒါကိုဖြေရှင်းနိုင်ပါတယ် အရှင်
တော်ဝင်အစောင့်တပ်ဖွဲ့က ဒီအတွက်လေ့ကျင့်ထားတာပါ
အရှင့် မိသားစုအပေါ်…
ဘာတစ်ခုမှမဖြစ်စေရဘူးလို့ အာမခံပါတယ်
အရှင့်ကို ဂရေးစကားလ်ရဲတိုက်ဆီ ဘေးကင်းအောင် ပို့ပေးမယ် အစောင့်တွေ
ဘာမှမဖြစ်ဘူးနော်
အနားမှာပဲနေကြ
တီလာ လာလေ
အဖေ
သမီး ကြောက်တယ်
အဲဒီစကားလုံးကို ဘယ်သူသင်ထားပေးတာလဲ အဖေတော့ မသင်ထားဘူးနော်
အားလုံးအဆင်ပြေသွားမှာပါ
ဘာတွေပဲဖြစ်ဖြစ် အဖေဒီမှာရှိနေသရွေ့ သမီး ကြောက်စရာမလိုဘူး ဟုတ်ပြီလား
လာ သွားမယ်
သွားကြတော့ သွား သွား
ရန်သူ့အင်အားက အများကြီးပဲ
အင်အားများတယ်ဆိုတာ အဓိပ္ပာယ် တစ်ခုပဲရှိတယ်
ပစ်မှတ်တွေ ပိုများတာပေါ့
သွား သွား
အနောက်ကလိုက်ခဲ့
ဒီဘက်က သွားမယ်
ဟုတ်ပြီ ဒီမှာပဲနေနော်
နန်းတွင်းစစ်သည်တွေ အင်အားနည်းလှချည်လား
အရှင် ဆက်သွားနော် မရပ်လိုက်နဲ့
သွားကြ ဒီကိစ္စကို ကျွန်တော်ဖြေရှင်းလိုက်မယ်
တစ်ယောက်ယောက်ကတော့ ရန်ပွဲစချင်နေပြီထင်တယ်
ဒီလောက်ဆိုတော်ပြီပေါ့
ဘယ်လိုသတ္တိနဲ့ ငါ့မြို့ကိုနယ်ကျွံလာတာလဲ မင်း ဘယ်သူနဲ့ ရင်ဆိုင်နေရလဲဆိုတာ မသိဘူးလား
ပြောကြည့်လိုက်လေ
ငါက တော်ဝင်အစောင့်တပ်ဖွဲ့မှူး ဒန်ကန်ပဲ
အရှင် အားအကိုးရဆုံး ဘုရင့်လက်ရုံးတော်ကြီးပေါ့
ဒီနေ့တော့…
ဒီနေ့တော့…
မင်းရှုံးသွားပြီ
အဖေ အဖေ
လာပါဦး ထပါဦး လုပ်ပါ ထပါဦး လုပ်ပါ
တီလာ
အဖေ ရှုံးသွားပြီ
လာ
သေချာကိုင်ထား
ရန်ဒေါဘုရင်ရဲ့ စိုးစံမှုက ဒီညမှာပဲ အဆုံးသတ်သွားပြီ
မင်းကိုယ်မင်း ဟုတ်လှတယ်ထင်ပြီး အရိပ်ထဲမှာ ပုန်းနေတာတွေကို မင်း မကြောက်တော့ဘူးပေါ့
အဲဒါ ငါပဲ
ငါ အမှောင်ထဲမှာပုန်းနေခဲ့တာ
စကြဝဠာရဲ့ အနက်ရှိုင်းဆုံးနဲ့ အမှောင်မိုက်ဆုံးနေရာတွေမှာ…
ငါ ပုန်းအောင်းနေခဲ့တာ
အခုတော့ ငါအလင်းထဲကိုထွက်လာပြီ
မင်းရဲ့ကျရှုံးမှုကို မင်းကိုယ်တိုင် စောင့်ကြည့်နေလိုက်တော့
သွားတော့ နောက်ပြန်လှည့်မကြည့်နဲ့
အဒမ် စိတ်မပူနဲ့ ဘာမှမဖြစ်ဘူး အဖေရှိတယ်
အားတင်းထားပါ အဖေ သူတို့ကိုတားထားမယ်
- အဖေ - သွားတော့
အဖေ
မင်း ငါ့ကိုဘာလုပ်မှာလဲ မိစ္ဆာကောင်
မင်းရဲ့ ခေါင်းကိုပဲဖြတ်မှာပါ
ငါ့ ကံကြမ္မာက ဘယ်လိုပဲဖြစ်ဖြစ် အီတာနော့စ်က မင်းအပိုင်ဖြစ်လာမှာ မဟုတ်ဘူး
မင်းရဲ့ နန်းတော်ဆိုတာကလည်း အုတ်ခဲနဲ့ မှန်တွေပဲ ရှိတာပါ
သရဖူကလည်း အဆင်တန်ဆာတစ်ခုပဲ
ငါက အဲဒီနောက်က စွမ်းအားကိုလိုချင်တာ
အီဗယ်လင်း
အီဗယ်လင်း
ကောင်းလိုက်တဲ့ စကားတွေပါလား အရှင်စကယ်လီတော် ကဗျာဆန်လိုက်တာ
သူ့ကိုခေါ်သွားလိုက်တော့ သူ့ နေ့ရက်တွေက ပြီးဆုံးသွားပြီ
အာရုဏ်သစ်နဲ့အတူ
ငါ့ရဲ့ တန်ခိုးတွေကြီးမားလာတာကို အီတာနီးယားက မြင်တွေ့ရတော့မယ်
- ဒါပဲ ပြီးသွားပြီ - ဟုတ်တာပေါ့ အရှင်
- လက်သီးထောင်လိုက်ရင် ပြီးပြီလို့ဆိုလိုတာ - ဟုတ်ကဲ့ပါ
ဒါက အရေးအကြီးဆုံးအချိန်ပဲ
နောင်ကျရင် ကျွန်မတို့ မှတ်ထားပါ့မယ် အရှင်
သူတို့ လာနေပြီ
ဂရေးစကားလ်ရဲတိုက်ကြီး ပြိုကျတော့မယ်
မဟုတ်ဘူး သူခံနိုင်မှာပါ
ဓားလေး ယူလာပေးပါလား ကလေးလေး
အခု သွားယူတော့လေ
မင်း ဒီဓားကို ဘေးကင်းမယ့် တစ်နေရာရာကို ယူသွားပေးရမယ် ဒီနဲ့ ဝေးရာကိုပေါ့
No comments yet. Be the first to leave one.